Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-သိုင်းငင်း ကားလမ်းအသုံးပြု၍ မရသေးသည့်အပေါ် ပြည်သူများ သည်းခံနားလည်ပေးကြရန် CDF CDM Siyin တောင်းဆို

ကလေး-သိုင်းငင်း ကားလမ်းအသုံးပြု၍ မရသေးသည့်အပေါ် ပြည်သူများ သည်းခံနားလည်ပေးကြရန် CDF CDM Siyin တောင်းဆို

0
By Editor on December 5, 2023 Khonumthung

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသကို ဆက်သွယ်သော အဓိကလမ်းမကြီးဖြစ်သော ကလေး-သိုင်းငင်း ကားလမ်းကြီးသည် လုံခြုံရေးအခြေအနေကြောင့် အသုံးပြု၍မရသေးသည့်အပေါ် ပြည်သူများအနေဖြင့် သည်းခံနားလည်ပေးကြရန် CDF CDM Siyin က ယနေ့တောင်းဆိုလိုက်သည်။

ကလေး-သိုင်းငင်း လမ်းမကြီးကို နိုဝင်ဘာ ၂၇ ရက်ကစတင်ပြီး ဖြတ်သန်းသွားလာခြင်းမပြုရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Civic Défense Militia -CDM-Siyin  က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

“ကလေး – သိုင်းငင်း (တီးတိန်-ဖလမ်း) လမ်းမကြီးအား များမကြာခင် စကစလက်ထဲမှ ပြည်သူ့ဆန္ဒသဘောအတိုင်း ပြန်လည်အသုံးပြုနိူင်ဖို့ရန် ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် အချိန်ခဏ ဆက်ပြီး သည်းခံနားလည်ပေးကြဖို့ အနူးညွှတ်တောင်းပန်လိုပါသည်” ဟု CDF CDM Siyin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိုင်းငင်းကျေးရွာသည် ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်-ဖလမ်းမြို့သို့သွားရာလမ်းကြောင်းပေါ်တွင် တည်ရှိသည့်ရွာဖြစ်ပြီး ထိုနေရာတွင် စစ်ကောင်စီတပ်က စခန်းချတပ်စွဲထားခြင်းဖြစ်သည်။

ယင်းစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် ဒီဇင်ဘာလ ၂ ရက်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူမှုကြောင့် စခန်းအား သိမ်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကောင်စီလက်အောက် တက္ကသိုလ်ဝင်စာမေးပွဲ ချင်းပြည်နယ်အောင်ချက်အနည်းဆုံးဖြစ်

မီဇိုရမ်ပြည်နယ်က Dapchhuah စစ်ဘေးရှောင်စခန်း အရေးပေါ်အကူအညီလိုအပ်နေ

စစ်ဘေးရှောင်များ သီးခြားအသင်းတော်တည်ထောင်ခွင့်မရှိဆိုသည့်အချက်အပါအဝင် လိုက်နာရမည့် စည်းမျဉ်းသစ်များ Champhai YMA ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.