Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကလေး-သိုင်းငင်း ကားလမ်းအသုံးပြု၍ မရသေးသည့်အပေါ် ပြည်သူများ သည်းခံနားလည်ပေးကြရန် CDF CDM Siyin တောင်းဆို

ကလေး-သိုင်းငင်း ကားလမ်းအသုံးပြု၍ မရသေးသည့်အပေါ် ပြည်သူများ သည်းခံနားလည်ပေးကြရန် CDF CDM Siyin တောင်းဆို

0
By Editor on December 5, 2023 Khonumthung

စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ်မြောက်ပိုင်းဒေသကို ဆက်သွယ်သော အဓိကလမ်းမကြီးဖြစ်သော ကလေး-သိုင်းငင်း ကားလမ်းကြီးသည် လုံခြုံရေးအခြေအနေကြောင့် အသုံးပြု၍မရသေးသည့်အပေါ် ပြည်သူများအနေဖြင့် သည်းခံနားလည်ပေးကြရန် CDF CDM Siyin က ယနေ့တောင်းဆိုလိုက်သည်။

ကလေး-သိုင်းငင်း လမ်းမကြီးကို နိုဝင်ဘာ ၂၇ ရက်ကစတင်ပြီး ဖြတ်သန်းသွားလာခြင်းမပြုရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Civic Défense Militia -CDM-Siyin  က ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

“ကလေး – သိုင်းငင်း (တီးတိန်-ဖလမ်း) လမ်းမကြီးအား များမကြာခင် စကစလက်ထဲမှ ပြည်သူ့ဆန္ဒသဘောအတိုင်း ပြန်လည်အသုံးပြုနိူင်ဖို့ရန် ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် အချိန်ခဏ ဆက်ပြီး သည်းခံနားလည်ပေးကြဖို့ အနူးညွှတ်တောင်းပန်လိုပါသည်” ဟု CDF CDM Siyin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သိုင်းငင်းကျေးရွာသည် ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်-ဖလမ်းမြို့သို့သွားရာလမ်းကြောင်းပေါ်တွင် တည်ရှိသည့်ရွာဖြစ်ပြီး ထိုနေရာတွင် စစ်ကောင်စီတပ်က စခန်းချတပ်စွဲထားခြင်းဖြစ်သည်။

ယင်းစစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် ဒီဇင်ဘာလ ၂ ရက်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူမှုကြောင့် စခန်းအား သိမ်းနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.