Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ကာကွယ်ရေး အင်အားတိုးမြှင့်ဆောင်ရွက်နေဟု MRO/ CDF – မတူပီ ဆို

ကာကွယ်ရေး အင်အားတိုးမြှင့်ဆောင်ရွက်နေဟု MRO/ CDF – မတူပီ ဆို

0
By Editor on June 30, 2025 Headline

မြို့နယ်တခုလုံးရှိ တော်လှန်ရေးအဖွဲ့များ စုစည်း၍ မတူပီကောင်စီ ဖော်ဆောင်မည်ဟု Global Matu Supporting Committee ထုတ်ပြန်

(006SV)

မတူပီမြို့ကို စစ်ကောင်စီ လက်အောက် ပြန်လည်မရောက်ရှိစေရန် အဖက်ဖက်မှ အားသွန်ခွန်စိုက် ကြိုးပမ်းနေပြီး CDF – မတူပီ ကိုလည်း လုံခြုံရေးနှင့် ကာကွယ်ရေးအင်အား တိုးမြှင့်ဆောင်ရွက်နေသည်ဟု သိရသည်။

မတူပီမြို့သိမ်း ၁ နှစ်ပြည့်တွင် မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF- မတူပီ)တို့က ဇွန်လ ၂၉ ရက်က ထုတ်ပြန်သည်။

မတူပီမြို့ကို စစ်ကောင်စီ လက်အောက် ပြန်လည် မရောက်ရှိစေရန် အဖက်ဖက်မှ အားသွန်ခွန်စိုက် ကြိုးပမ်းနေကြသော တပ်ပေါင်းစုများ၊ ပြည်တွင်းပြည်ပရောက် ပြည်သူများအပေါ် အထူးကျေးဇူးတင်ရှိသည်ဟု MRO/ CDF – မတူပီအဖွဲ့က အသိပေးသည်။

လက်ရှိတွင် MRO/ CDF – မတူပီအနေဖြင့်လည်း လုံခြုံရေးနှင့် ကာကွယ်ရေး အင်အားတိုးမြှင့်ဆောင်ရွက်ခြင်း၊ မြို့ ရွာ ပြန်လည်တည်ဆောက်ခြင်းတို့ကို အင်တိုက်အားတိုက် ဆောင်ရွက်နေသည့်ကာလဖြစ်သည်ဟု သိရသည်။

မြို့သိမ်းတိုက်ပွဲ အောင်မြင်ပြီးနောက်ပိုင်း မြို့ပြန်လည်တည်ဆောက်ရေး၊ မိုင်းရှင်းလင်းရေး၊ ပြည်သူများ ပြန်လည်အခြေချနေထိုင်နိုင်ရေး၊ ပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်တင်းနိုင်ရေးတို့ကိုလည်း ဆောင်ရွက်နေသည်ဟု သိရသည်။

ချင်းညီနောင်စစ်ဆင်ရေး – မတူပီ အမည်ဖြင့် မတူပီမြို့ရှိ စစ်ကောင်စီအခြေချ စစ်ဗျူဟာ၊ ခလရ – ၁၄၀ နှင့် ခမရ – ၃၀၄ တို့ကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ပေါင်းစုက ၂၀၂၄ ခုနှစ် ဇွန်လ ၂၉ ရက်တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

ယင်းတိုက်ပွဲတွင် ပါဝင်သည့် ချင်းညီနောင်၊ အာရက္ခတပ်တော်၊ ယောတပ်တော် (Yaw Army) နှင့် ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) တပ်ပေါင်းစု အယောက်ချင်းစီတိုင်းအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ဒဏ်ရာရရဲဘော်များ၊ ကျဆုံးသွားသော အာဇာနည်သူရဲကောင်း တပ်ဖွဲ့ဝင်များကိုလည်း MRO/ CDF – မတူပီက အစဉ် အောက်မေ့သတိရ ဂုဏ်ပြုပါသည်ဟု ဆိုသည်။

CDF – မတူပီကို အဖက်ဖက်မှ တတ်နိုင်သလောက် ထောက်ပံ့ကူညီပေးခဲ့သော နိုင်ငံတကာ ထောက်ပို့အဖွဲ့ အားလုံးကိုလည်း ကျေးဇူးတင် ဂုဏ်ပြုပါကြောင်း၊ တစ်နှစ်ပြည့် မတူပီမြို့သိမ်းတိုက်ပွဲ အောင်မြင်ခြင်း အထိမ်းအမှတ်နေ့မှစ၍ လာမည့် အနာဂါတ် တွင် ပိုမိုအားကောင်းသော ချိတ်ဆက် ပူးပေါင်းမှု၊ မဟာမိတ် ပေါင်းစည်းမှု၊ ဝိုင်းဝန်းဖေမမှုဖြင့် ဆက်လက်ပါဝင်ပေးကြရန် MRO/ CDF – မတူပီက ထုတ်ပြန်သည်။

မတူပီမြို့သိမ်း ၁ နှစ်ပြည့်နှင့်ပတ်သက်၍လည်း Global Matu Supporting Committee အပါအဝင် နိုင်ငံတကာ ထောက်ပံ့အဖွဲ့ ၃ ဖွဲ့က စုပေါင်း၍ အချက် ၄ ချက်ကို ဇွန်လ ၂၉ ရက်က ထုတ်ပြန်သည်။

မတူပီကောင်စီကို ဖော်ဆောင်၍ မြို့နယ်တစ်ခုလုံးရှိ တော်လှန်ရေးအဖွဲ့များ စနစ်တကျ စုစည်းကာ တော်လှန်ရေးလုပ်ငန်းများ၊ မတူပီမြို့ ပြန်လည်ထူထောင်ရေးကဏ္ဍများကို တက်ညီလက်ညီ ဆောင်ရွက်သွားမည်ဟု Global Matu Supporting Committee က ထုတ်ပြန်သည်။

မတူပီမြို့ လွတ်မြောက်ခြင်းမှသည် ချင်းပြည်နှင့် မြန်မာတစ်ပြည်လုံးရှိ မြို့များအားလုံး အတူလွတ်မြောက်ရေး ရည်မှန်းချက်တူ အဖွဲ့အစည်းအားလုံးနှင့် လက်တွဲ ဆောင်ရွက်မည်၊ မတူပီမြို့သာမက တနိုင်ငံလုံးရှိ အာဏာရှင်စနစ်အပါအဝင် မည်သည့် အာဏာရှင်စနစ်မဆို ပြည်သူတစ်ရပ်လုံးနှင့်အတူ တွန်းလှန်သွားမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.