Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းအခြေအနေ မီဇိုရမ်အထက်လွှတ်တော်အမတ် သွားရောက်ကြည့်ရှု၊ ပလက်၀နှင့် ဇိုးရင့်ပွီကြား ကားလမ်းဖော်လုပ်မှုအခြေအနေ AA နှင့်ဆွေးနွေး

ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းအခြေအနေ မီဇိုရမ်အထက်လွှတ်တော်အမတ် သွားရောက်ကြည့်ရှု၊ ပလက်၀နှင့် ဇိုးရင့်ပွီကြား ကားလမ်းဖော်လုပ်မှုအခြေအနေ AA နှင့်ဆွေးနွေး

0
By Editor on March 1, 2024 Khonumthung

(005MK)

ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းအောက်မှာ အကောင်အထည် ဖော်ဆောင်ရွက်နေသော မီဇိုရမ်နှင့် ချင်း ပြည်နယ် ပလက်၀မြို့အကြား ကားလမ်းဖောက်လုပ်မှုအခြေအနေကို မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ် Pu K. Vanlalvena က သွားရောက်ကြည့်ရှုပြီး ရက္ခိုင့်တပ်တော် AA တာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

Pu K. Vanlalvena သည် မီဇိုရမ်ပြည်နယ် ဇိုးရင့်ပွီမှ ချင်းပြည်နယ် ပလက်၀မြို့အကြား ကားလမ်းဖောက်လုပ်မှုအခြေ အနေကို ဖေဖော်၀ါရီလ ၂၉ ရက်နေ့က သွားရောက်ကြည့်ရှုကာ မြန်မာဘက်ခြမ်း ၈ ကီလိုမီတာအကွာအ‌ေ၀းထိ သွားရောက်ကာ ရက္ခိုင့်တပ်တော် AA က တာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု All India Radio News က ဖော်ပြသည်။

AA တာ၀န်ရှိသူများနှင့်တွေ့ဆုံရာတွင် အထက်လွှတ်တော်အမတ်က ဇိုးရင့်ပွီ-ပလက်၀ကားလမ်းသည် အားလုံးအတွက် အကျိုးရှိမည့်ကားလမ်းဖြစ်သောကြောင့် အမြန်ဆုံးပြီးစီးရန်လိုအပ်ကြောင်း၊ ကားလမ်းဖောက်လုပ်ရန်တာ၀◌န်ယူထား သော ကုမ္ပဏီနှင့်လုပ်သားများကောင်းမွန်စွာအလုပ်လုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးရန်တောင်းဆိုခဲ့သည်ဟု All India Radio News က ဆိုသည်။

AA တာ၀န်ရှိသူများကလည်း ကားလမ်းဖောက်လုပ်သူများအား အနှောက်အယှက်ပြုမည်မဟုတ်ဘဲ လိုအပ်သော လုံခြုံ ရေးများကိုပါ တာ၀◌န်ယူစောင့်ရှောက်ပေးမည်ဟု လွှတ်တော်အမတ်ထံပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။

ဇိုးရင့်ပွီ နှင့် ပလက်၀မြို့အကြား ကားလမ်းဖောက်လုပ်မှုကို တာ၀န်ယူဆောင်ရွက်နေသော IRCON ကုမ္ပဏီမှ လက် ထောက်မန်နေဂျာနှင့် ၎င်းတို့လက်အောက်တွင် Sub-contractor အဖြစ်ဆောင်ရွက်နေသော တာ၀န်ရှိသူများ နှင့် လည်းတွေ့ဆုံကာ ကားလမ်းဖောက်လုပ်မှုအခြေအနေသည် မျှော်လင့်ထားသည်ထက် နှောင့်နှေးနေပြီး အလျန်အမြန် ပြီးစီးနိုင်ရေးဆောင်ရွက်ကြရန် အထက်လွှတ်တော်အမတ်က ပြောဆိုခဲ့သည်ဟု သိရသည်။

ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းသည် အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးဌာနလက်အောက်တွင် အကောင်ထည်ဖော်ဆောင်နေသော စီမံကိန်းဖြစ်ပြီး ယင်းစီမံကိန်းတွင် အဆင့် ၄ ဆင့်ရှိပြီး ယင်းအနက် စစ်တွေမြို့ဆိပ်ကမ်း တည်ဆောက်ခြင်း၊ စစ်တွေဆိပ်ကမ်းမှ ပလက်၀မြို့အထိ ၁၅၈ ကီလိုမီတာရှည်လျားသော ကုလာတန်းမြစ်ကြောင်း တူးချဲ့ပြုပြင်ခြင်းတို့အား ပြီးစီးပြီဟု သိရသည်။

နောက်ထပ် အဆင့် ၂ ခုဖြစ်သည့် ပလက်၀-ဇိုးရင့်ပွီကြား ၁၀၆ မိုင်ရှည်လျားသော ကားလမ်းဖောက်လုပ်ခြင်းနှင့် ဇိုးရင့်ပွီနှင့် လောင်တလိုင်မြို့ကြား ၉၄ ကီလိုမီတာရှည်လျားသော ကားလမ်းဖောက်လုပ်ခြင်းများမှာ ယခု ဆောင်ရွက်နေကြဆဲဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မလေးရှားရောက် ဒုက္ခသည်များ ကိုရီးယားတွင် Master ဘွဲ့တက်ရောက်ရန် GKS ပညာတော်သင်ဆု အခွင့်အလမ်းစတင်

ကလေး-ဖလမ်းကြားတိုက်ပွဲအတွင်း CDF-Zophei ရဲဘော် တစ်ဦးကျဆုံး

ချင်းပြည် (Chinland) အစိုးရ ပညာရေးနှင့် ကျန်းမာရေးဌာနက ဝန်ထမ်းသစ်များ ခေါ်ယူနေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.