Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းအခြေအနေ မီဇိုရမ်အထက်လွှတ်တော်အမတ် သွားရောက်ကြည့်ရှု၊ ပလက်၀နှင့် ဇိုးရင့်ပွီကြား ကားလမ်းဖော်လုပ်မှုအခြေအနေ AA နှင့်ဆွေးနွေး

ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းအခြေအနေ မီဇိုရမ်အထက်လွှတ်တော်အမတ် သွားရောက်ကြည့်ရှု၊ ပလက်၀နှင့် ဇိုးရင့်ပွီကြား ကားလမ်းဖော်လုပ်မှုအခြေအနေ AA နှင့်ဆွေးနွေး

0
By Editor on March 1, 2024 Khonumthung

(005MK)

ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းအောက်မှာ အကောင်အထည် ဖော်ဆောင်ရွက်နေသော မီဇိုရမ်နှင့် ချင်း ပြည်နယ် ပလက်၀မြို့အကြား ကားလမ်းဖောက်လုပ်မှုအခြေအနေကို မီဇိုရမ်ပြည်နယ်အထက်လွှတ်တော်အမတ် Pu K. Vanlalvena က သွားရောက်ကြည့်ရှုပြီး ရက္ခိုင့်တပ်တော် AA တာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

Pu K. Vanlalvena သည် မီဇိုရမ်ပြည်နယ် ဇိုးရင့်ပွီမှ ချင်းပြည်နယ် ပလက်၀မြို့အကြား ကားလမ်းဖောက်လုပ်မှုအခြေ အနေကို ဖေဖော်၀ါရီလ ၂၉ ရက်နေ့က သွားရောက်ကြည့်ရှုကာ မြန်မာဘက်ခြမ်း ၈ ကီလိုမီတာအကွာအ‌ေ၀းထိ သွားရောက်ကာ ရက္ခိုင့်တပ်တော် AA က တာ၀န်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု All India Radio News က ဖော်ပြသည်။

AA တာ၀န်ရှိသူများနှင့်တွေ့ဆုံရာတွင် အထက်လွှတ်တော်အမတ်က ဇိုးရင့်ပွီ-ပလက်၀ကားလမ်းသည် အားလုံးအတွက် အကျိုးရှိမည့်ကားလမ်းဖြစ်သောကြောင့် အမြန်ဆုံးပြီးစီးရန်လိုအပ်ကြောင်း၊ ကားလမ်းဖောက်လုပ်ရန်တာ၀◌န်ယူထား သော ကုမ္ပဏီနှင့်လုပ်သားများကောင်းမွန်စွာအလုပ်လုပ်နိုင်ရေး ကူညီဆောင်ရွက်ပေးရန်တောင်းဆိုခဲ့သည်ဟု All India Radio News က ဆိုသည်။

AA တာ၀န်ရှိသူများကလည်း ကားလမ်းဖောက်လုပ်သူများအား အနှောက်အယှက်ပြုမည်မဟုတ်ဘဲ လိုအပ်သော လုံခြုံ ရေးများကိုပါ တာ၀◌န်ယူစောင့်ရှောက်ပေးမည်ဟု လွှတ်တော်အမတ်ထံပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။

ဇိုးရင့်ပွီ နှင့် ပလက်၀မြို့အကြား ကားလမ်းဖောက်လုပ်မှုကို တာ၀န်ယူဆောင်ရွက်နေသော IRCON ကုမ္ပဏီမှ လက် ထောက်မန်နေဂျာနှင့် ၎င်းတို့လက်အောက်တွင် Sub-contractor အဖြစ်ဆောင်ရွက်နေသော တာ၀န်ရှိသူများ နှင့် လည်းတွေ့ဆုံကာ ကားလမ်းဖောက်လုပ်မှုအခြေအနေသည် မျှော်လင့်ထားသည်ထက် နှောင့်နှေးနေပြီး အလျန်အမြန် ပြီးစီးနိုင်ရေးဆောင်ရွက်ကြရန် အထက်လွှတ်တော်အမတ်က ပြောဆိုခဲ့သည်ဟု သိရသည်။

ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းသည် အိန္ဒိယနိုင်ငံခြားရေး၀န်ကြီးဌာနလက်အောက်တွင် အကောင်ထည်ဖော်ဆောင်နေသော စီမံကိန်းဖြစ်ပြီး ယင်းစီမံကိန်းတွင် အဆင့် ၄ ဆင့်ရှိပြီး ယင်းအနက် စစ်တွေမြို့ဆိပ်ကမ်း တည်ဆောက်ခြင်း၊ စစ်တွေဆိပ်ကမ်းမှ ပလက်၀မြို့အထိ ၁၅၈ ကီလိုမီတာရှည်လျားသော ကုလာတန်းမြစ်ကြောင်း တူးချဲ့ပြုပြင်ခြင်းတို့အား ပြီးစီးပြီဟု သိရသည်။

နောက်ထပ် အဆင့် ၂ ခုဖြစ်သည့် ပလက်၀-ဇိုးရင့်ပွီကြား ၁၀၆ မိုင်ရှည်လျားသော ကားလမ်းဖောက်လုပ်ခြင်းနှင့် ဇိုးရင့်ပွီနှင့် လောင်တလိုင်မြို့ကြား ၉၄ ကီလိုမီတာရှည်လျားသော ကားလမ်းဖောက်လုပ်ခြင်းများမှာ ယခု ဆောင်ရွက်နေကြဆဲဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.