(005MK)
မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်ထဲက မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက် အလက်ကောက်ယူမည့်အစီစဉ်ကို ဇူလိုင် ၃၁ ရက်နေ့မှာ စတင်မည်ဟု သိရသည်။
ကျန်ဖိုင်းခရိုင် အုပ်ချုပ်ရေးမှုး Pu Mohammad Aaquib ဦးဆောင်မှုဖြင့် ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ကြပြီး မြန်မာစစ်ဘေးရှောင်များ၏ ဇီဝအချက်အလက် ကောက်ယူမည့်ကိစ္စကို ဆွေးနွေးခဲ့ကြသည်။
ဇီဝအချက်အလက်ကောက်ယူရန်အတွက် လိုအပ်သောပစ္စည်းကိရိယာများကိုလည်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရရှိပြီဖြစ်ကြောင်း၊ အချက်အလက်ကောက်ယူရေးအဖွဲ့လည်း ဖွဲ့စည်းကာ ယင်းအဖွဲ့က ရပ်ကွက်အသီးသီးမှာ ကောက်ခံ ကြမည်ဖြစ်သည်။
ဇူလိုင်လ ၃၀ ရက်နေ့မှာ လိုအပ်သည့်သင်တန်းများပို့ချကာ ဇူလိုင်က ၃၁ ရက်မှစ၍ ကျန်ဖိုင်းမြို့၊ Vengtlang ရပ်ကွက်၊ Kanan ရပ်ကွက်နဲ့ Dinthar ရပ်ကွက် တို့မှ စတင်ကောက်ယူသွားမည်ဟုသိရသည်။
လက်ရှိမှာ ကျန်ဖိုင်းခရိုင်အတွင်း မြန်မာစစ်ဘေးရှောင် ၁၃၅၈၆ ဦးရှိသည်ဟုသိရသည်။
မီဇိုရမ်ပြည်နယ်အတွင်းရှိ မြန်မာစစ်ဘေးရှောင်များအားလုံး၏ ဇီဝအချက်အလက်များကို ဇူလိုင်လကုန်ပိုင်းတွင်ကောက်ယူရန် အိန္ဒိယဗဟို အစိုးရက စီစဉ်ထားသည်။