Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကြားကာလ ချင်းပြည်အစိုးရ ဖွဲ့စည်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော Chinland Council ဖွဲ့စည်းနိုင်ရေးကို အပြည့်အဝထောက်ခံကြောင်း HPO/CDF-Hualngoram ထုတ်ပြန်

ကြားကာလ ချင်းပြည်အစိုးရ ဖွဲ့စည်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော Chinland Council ဖွဲ့စည်းနိုင်ရေးကို အပြည့်အဝထောက်ခံကြောင်း HPO/CDF-Hualngoram ထုတ်ပြန်

0
By Editor on December 7, 2023 Khonumthung

(006SV)

ချင်းပြည်နယ်ကို လွှမ်းခြုံ၍ ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ပါဝင်နိုင်မည့် ကြားကာလ ချင်းပြည်အစိုးရဖွဲ့စည်းနိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ချင်းလဲန်ကောင်စီ ဖွဲ့စည်းနိုင်ရေးကို အပြည့်အဝထောက်ခံသည်ဟု HPO/CDF-Hualngoram က ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေသော မြို့နယ် (သို့မဟုတ်) ဒေသအခြေပြုတော်လှန်ရေးအဖွဲ့များ အချင်းချင်း နှောင့်ယှက် ဟန့်တားမှုမရှိဘဲ အဖွဲ့အသီးသီး၏ နိုင်ငံရေးရပိုင်ခွင့်အား အသိအမှတ်ပြုခြင်းဖြင့် ပိုမိုကောင်းမွန်သော ချင်းပြည်ကို တည်ဆောက်နိုင်လိမ့်မည်ဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခြင်းသည် ပိုမိုကျစ်လစ်သော ပူးပေါင်းဖွဲ့စည်းခြင်းဖြစ်သည်ဟု ယူဆကြောင်း ဒီဇင်ဘာလ ၆ ရက်က HPO/CDF-Hualngoram ထုတ်ပြန်လာခြင်းဖြစ်သည်။

ဖွဲ့စည်းမည့် ချင်းလဲန်းကောင်စီမှ ပေးအပ်သော တာဝန်၊ ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်မည်ဖြစ်ပြီး ဟွာလ်းငိုးဒေသ ပြည်သူများအနေဖြင့်လည်း HPO/CDF-Hualngoram ၏ လုပ်ဆောင်ချက်များကို ရှုပ်ထွေးမှုမရှိစေရန် အသိပေးအပ်သည်ဟု ဆိုသည်။

ချင်းပြည်တွင် ဖက်ဒရယ်အုတ်မြစ်ချနိုင်ရေးအတွက် ချင်းတော်လှန်ရေးတပ်ဖွဲ့များအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပေါင်းစည်းနိုင်ရေးကို လိုလားလျက်ရှိသည်ဟုလည်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် ချင်းလဲန်းညီလာခံကို ယနေ့ ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ကျင်းပနေပြီး ချင်းတော်လှန်ရေးအင်အားစု ၁၄ ဖွဲ့ တက်ရောက်သည်ဟု CDF အဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောသည်။

ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) ယင်းညီလာခံကို တက်ရောက်မည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၅ ရက်က ပူးတွဲ ထုတ်ပြန်ခဲ့သည်။

ကန်ပက်လက်မြို့နယ်ကောင်စီ/ CDF- ကန်ပက်လက်ကလည်း အစုအဖွဲ့စုံလင်စွာ ပါဝင်လာနိုင်ရေးမူအရ ယင်းညီလာခံကို မတက်ရောက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးကာလတွင် ချင်းပြည်နယ်အစိုးရ၊ ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေးကို CNF က ဦးဆောင်၍ ပြီးခဲ့သည့် စက်တင်ဘာလမှစကာ တွေ့ဆုံဆွေးနွေမှုများ ပြန်လည်စတင်ခဲ့ရာ CNO/CNDF နှင့် ZFU/PDF-Zoland တို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

ယနေ့ကျင်းပနေသည့် ညီလာခံတွင်မူ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat) နှင့် ကန်ပက်လက်မြို့ နယ်ကောင်စီ/ CDF – ကန်ပက်လက် တို့လည်း ပါဝင်မတက်ရောက်မည့်အဖွဲ့ထဲ ပါဝင်လာခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.