Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ကြားကာလ ချင်းပြည်အစိုးရ ဖွဲ့စည်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော Chinland Council ဖွဲ့စည်းနိုင်ရေးကို အပြည့်အဝထောက်ခံကြောင်း HPO/CDF-Hualngoram ထုတ်ပြန်

ကြားကာလ ချင်းပြည်အစိုးရ ဖွဲ့စည်းရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော Chinland Council ဖွဲ့စည်းနိုင်ရေးကို အပြည့်အဝထောက်ခံကြောင်း HPO/CDF-Hualngoram ထုတ်ပြန်

0
By Editor on December 7, 2023 Khonumthung

(006SV)

ချင်းပြည်နယ်ကို လွှမ်းခြုံ၍ ပါဝင်သင့်ပါဝင်ထိုက်သူများအားလုံး ပါဝင်နိုင်မည့် ကြားကာလ ချင်းပြည်အစိုးရဖွဲ့စည်းနိုင်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သော ချင်းလဲန်ကောင်စီ ဖွဲ့စည်းနိုင်ရေးကို အပြည့်အဝထောက်ခံသည်ဟု HPO/CDF-Hualngoram က ထုတ်ပြန်သည်။

စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်နေသော မြို့နယ် (သို့မဟုတ်) ဒေသအခြေပြုတော်လှန်ရေးအဖွဲ့များ အချင်းချင်း နှောင့်ယှက် ဟန့်တားမှုမရှိဘဲ အဖွဲ့အသီးသီး၏ နိုင်ငံရေးရပိုင်ခွင့်အား အသိအမှတ်ပြုခြင်းဖြင့် ပိုမိုကောင်းမွန်သော ချင်းပြည်ကို တည်ဆောက်နိုင်လိမ့်မည်ဖြစ်ပြီး ထိုသို့ လုပ်ဆောင်ခြင်းသည် ပိုမိုကျစ်လစ်သော ပူးပေါင်းဖွဲ့စည်းခြင်းဖြစ်သည်ဟု ယူဆကြောင်း ဒီဇင်ဘာလ ၆ ရက်က HPO/CDF-Hualngoram ထုတ်ပြန်လာခြင်းဖြစ်သည်။

ဖွဲ့စည်းမည့် ချင်းလဲန်းကောင်စီမှ ပေးအပ်သော တာဝန်၊ ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်မည်ဖြစ်ပြီး ဟွာလ်းငိုးဒေသ ပြည်သူများအနေဖြင့်လည်း HPO/CDF-Hualngoram ၏ လုပ်ဆောင်ချက်များကို ရှုပ်ထွေးမှုမရှိစေရန် အသိပေးအပ်သည်ဟု ဆိုသည်။

ချင်းပြည်တွင် ဖက်ဒရယ်အုတ်မြစ်ချနိုင်ရေးအတွက် ချင်းတော်လှန်ရေးတပ်ဖွဲ့များအားလုံး စည်းလုံးညီညွတ်စွာဖြင့် ပေါင်းစည်းနိုင်ရေးကို လိုလားလျက်ရှိသည်ဟုလည်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် ချင်းလဲန်းညီလာခံကို ယနေ့ ဒီဇင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ကျင်းပနေပြီး ချင်းတော်လှန်ရေးအင်အားစု ၁၄ ဖွဲ့ တက်ရောက်သည်ဟု CDF အဖွဲ့တစ်ခုမှ တာဝန်ရှိသူက ပြောသည်။

ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) နှင့် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/PDF-Zoland) ယင်းညီလာခံကို တက်ရောက်မည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၅ ရက်က ပူးတွဲ ထုတ်ပြန်ခဲ့သည်။

ကန်ပက်လက်မြို့နယ်ကောင်စီ/ CDF- ကန်ပက်လက်ကလည်း အစုအဖွဲ့စုံလင်စွာ ပါဝင်လာနိုင်ရေးမူအရ ယင်းညီလာခံကို မတက်ရောက်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေးကာလတွင် ချင်းပြည်နယ်အစိုးရ၊ ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေးကို CNF က ဦးဆောင်၍ ပြီးခဲ့သည့် စက်တင်ဘာလမှစကာ တွေ့ဆုံဆွေးနွေမှုများ ပြန်လည်စတင်ခဲ့ရာ CNO/CNDF နှင့် ZFU/PDF-Zoland တို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

ယနေ့ကျင်းပနေသည့် ညီလာခံတွင်မူ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC- Mindat/ CDF- Mindat) နှင့် ကန်ပက်လက်မြို့ နယ်ကောင်စီ/ CDF – ကန်ပက်လက် တို့လည်း ပါဝင်မတက်ရောက်မည့်အဖွဲ့ထဲ ပါဝင်လာခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.