Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»က​လေးမြို့တွင် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးဟု PDF (Kalay) ထုတ်ပြန်

က​လေးမြို့တွင် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးဟု PDF (Kalay) ထုတ်ပြန်

0
By Editor on November 18, 2021 Khonumthung

ကလေးမြို့နယ် နဂါးပွက်ရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို နိုဝင်ဘာလ ၁၈ ရက် ယနေ့ မနက် ၁၀ နာရီခွဲအချိန်တွင် PDF- ကလေး တပ်ဖွဲ့ဝင်များက သွားရောက်ပစ်ခတ်တိုက်ခိုက်ကာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် ကလေးနည်းပညာတက္ကသိုလ်အတွင်းမှ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ ဝင််များကလည်း နဂါးပွက်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည့်အပြင် ကလေး မြို့ဘက်မှ စစ်ကူတက်လာသော စစ်ယာဉ်တန်းမှာ ချင်းဆိုင်ရွာအနီးတွင် ရပ်တန့်စစ်ကြောင်း လျှောက်တက်လာရာတွင် PDF- ကလေး တပ်ဖွဲ့ဝင်များက မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးသွားသညဟု PDF- ကလေး ထုတ်ပြန်သည်။

ယမန်နေ့က ကလေးမြို့နယ် အနောက်တောင်ကြော တနေရာ PDF- Kalay တပ်ရင်း (၃) တပ်ခွဲ စခန်းကို သိမ်းပိုက်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယနေ့မနက်အချိန်မှစတင်ပြီး လမ်းကြောင်းတလျှောက် လက်နက်ကြီးများဖြင့်တရစပ်ပစ်ခတ်ကာ နဂါးပွက်ကျေးရွာကို ပြောင်း ရွေ့လာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးအတည်ပြုချက်အရ အဖမ်းဆီးခံ PDF တပ်ဖွဲ့ဝင်များမှာ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၂ ဦးဖြစ်ပြီး ယမန်နေ့က ဆိုရှယ်မီဒီယာတွင်ထွက်ပေါ်လာသော ဓာတ်ပုံများတွင် ပါဝင်မလာသည့် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦး၏ အခြေအနေကို မသိရ​သေး​ကြောင်း PDF ကထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင်လည်း ချင်းဆိုင်ကျေးရွာအတွင်း ဝင်ရောက်ပြီး လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးနေသည့်အပြင် ချင်းဆိုင်ရွာတောင်ဘက် ဘူတာနားမှ ကြက်ခြံအပါအဝင် လူနေအိမ်များကိုပါ မီးရှို့နေကြောင်းလည််းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.