Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»က​လေးမြို့တွင် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးဟု PDF (Kalay) ထုတ်ပြန်

က​လေးမြို့တွင် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးဟု PDF (Kalay) ထုတ်ပြန်

0
By Editor on November 18, 2021 Khonumthung

ကလေးမြို့နယ် နဂါးပွက်ရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို နိုဝင်ဘာလ ၁၈ ရက် ယနေ့ မနက် ၁၀ နာရီခွဲအချိန်တွင် PDF- ကလေး တပ်ဖွဲ့ဝင်များက သွားရောက်ပစ်ခတ်တိုက်ခိုက်ကာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် ကလေးနည်းပညာတက္ကသိုလ်အတွင်းမှ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ ဝင််များကလည်း နဂါးပွက်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည့်အပြင် ကလေး မြို့ဘက်မှ စစ်ကူတက်လာသော စစ်ယာဉ်တန်းမှာ ချင်းဆိုင်ရွာအနီးတွင် ရပ်တန့်စစ်ကြောင်း လျှောက်တက်လာရာတွင် PDF- ကလေး တပ်ဖွဲ့ဝင်များက မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးသွားသညဟု PDF- ကလေး ထုတ်ပြန်သည်။

ယမန်နေ့က ကလေးမြို့နယ် အနောက်တောင်ကြော တနေရာ PDF- Kalay တပ်ရင်း (၃) တပ်ခွဲ စခန်းကို သိမ်းပိုက်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယနေ့မနက်အချိန်မှစတင်ပြီး လမ်းကြောင်းတလျှောက် လက်နက်ကြီးများဖြင့်တရစပ်ပစ်ခတ်ကာ နဂါးပွက်ကျေးရွာကို ပြောင်း ရွေ့လာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးအတည်ပြုချက်အရ အဖမ်းဆီးခံ PDF တပ်ဖွဲ့ဝင်များမှာ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၂ ဦးဖြစ်ပြီး ယမန်နေ့က ဆိုရှယ်မီဒီယာတွင်ထွက်ပေါ်လာသော ဓာတ်ပုံများတွင် ပါဝင်မလာသည့် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦး၏ အခြေအနေကို မသိရ​သေး​ကြောင်း PDF ကထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင်လည်း ချင်းဆိုင်ကျေးရွာအတွင်း ဝင်ရောက်ပြီး လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးနေသည့်အပြင် ချင်းဆိုင်ရွာတောင်ဘက် ဘူတာနားမှ ကြက်ခြံအပါအဝင် လူနေအိမ်များကိုပါ မီးရှို့နေကြောင်းလည််းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.