Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္းျပည္နယ္တြင္ အိႏၵိယျပန္ ၂ ဦးထံမွ ကိုဗစ္-၁၉ ေရာဂါပိုးထပ္မံေတြ႕ရွိ

ခ်င္းျပည္နယ္တြင္ အိႏၵိယျပန္ ၂ ဦးထံမွ ကိုဗစ္-၁၉ ေရာဂါပိုးထပ္မံေတြ႕ရွိ

0
By Editor on August 7, 2020 Headline

#Unicode

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာပြီး ချင်းပြည်နယ်မြောက်ပိုင်း ကျီခါးမြို့တွင် (Quarantine) အသွားအလာကန့်သတ်ခံထားရသူ အမျိူးသား ၂ ဦးထံ ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါပိုးတွေ့လူနာသစ် ၂ ဦးသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က အသက် ၂၈နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်မှ အသက် ၂၄နှစ်အရွယ် အမျိုးသားတို့ဖြစ်ကြပြီး အိန္ဒိယနိုင်ငံ ဘင်္ဂလောရ်မြို့တွင် ကျမ်းစာကျောင်းတက်ရောက်ကာ နေရပ်ပြန်လာကြသူများဖြစ်ကြသည်ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန် ကပြောသည်။

“သူတို့က ဘင်္ဂလောရ်မြို့ကနေ ကျမ်းစာကျောင်းတက်ပြီး ပြန်လာတဲ့သူတွေပါ၊ ၃ ယောက်ပြန်လာတာ အားလုံး Positive ဖြစ်ကြတယ် တစ်ယောက်ကတော့ အရင်နေ့က တွေ့တာ ခု ဒီ ၂ ယောက်မှာထပ်တွေ့တာပေါ့’’ ဟု ဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောသည်။

၎င်းတို့ ၃ ယောက်အနက် တစ်ယောက်သည် သြဂုတ်လ ၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကာ တီးတိန်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့တွေ့ရှိသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ ဦးကို တီးတိန် နှင့် ကလေးမြို့ပြည်သူ့ဆေးရုံကို ဆေးကုသမှုခံယူစေမည်ဟု သိရသည်။

တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ယခုလက်ရှိတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄ ဦး ကုသမှုခံလျက်ရှိပြီး ယင်းအနက် ၂ ဦးမှာ Negative တစ်ကြိမ်စီပြပြီဟု သိရသည်။

#Zawgyi

အိႏၵိယနိုင္ငံမွ ေနရပ္ျပန္လာၿပီး ခ်င္းျပည္နယ္ေျမာက္ပိုင္း က်ီခါးၿမိဳ႕တြင္ (Quarantine) အသြားအလာကန႔္သတ္ခံထားရသူ အမ်ိဴးသား ၂ ဦးထံ ကိုဗစ္-၁၉ ေရာဂါပိုးထပ္မံေတြ႕ရွိသည္ဟု က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ယေန႔နံနက္ပိုင္းက ထုတ္ျပန္ခဲ့သည္။

အဆိုပါပိုးေတြ႕လူနာသစ္ ၂ ဦးသည္ စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕က အသက္ ၂၈ႏွစ္အရြယ္ အမ်ိဳးသား တစ္ဦးႏွင့္ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္မွ အသက္ ၂၄ႏွစ္အရြယ္ အမ်ိဳးသားတို႔ျဖစ္ၾကၿပီး အိႏၵိယနိုင္ငံ ဘဂၤေလာရ္ၿမိဳ႕တြင္ က်မ္းစာေက်ာင္းတက္ေရာက္ကာ ေနရပ္ျပန္လာၾကသူမ်ားျဖစ္ၾကသည္ဟု ခ်င္းျပည္နယ္လူမႈေရးဝန္ႀကီး ဦးေပါင္လြန္မင္းထန္ ကေျပာသည္။

“သူတို႔က ဘဂၤေလာရ္ၿမိဳ႕ကေန က်မ္းစာေက်ာင္းတက္ၿပီး ျပန္လာတဲ့သူေတြပါ၊ ၃ ေယာက္ျပန္လာတာ အားလုံး Positive ျဖစ္ၾကတယ္ တစ္ေယာက္ကေတာ့ အရင္ေန႔က ေတြ႕တာ ခု ဒီ ၂ ေယာက္မွာထပ္ေတြ႕တာေပါ့’’ ဟု ဝန္ႀကီးဦးေပါင္လြန္မင္းထန္ကေျပာသည္။

၎တို႔ ၃ ေယာက္အနက္ တစ္ေယာက္သည္ ၾသဂုတ္လ ၅ ရက္ေန႔က ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိကာ တီးတိန္ၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီျဖစ္သည္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ယေန႔ေတြ႕ရွိသည့္ ကိုဗစ္-၁၉ ပိုးေတြ႕လူနာ ၂ ဦးကို တီးတိန္ ႏွင့္ ကေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံကို ေဆးကုသမႈခံယူေစမည္ဟု သိရသည္။

တီးတိန္ၿမိဳ႕ျပည္သူ႔ေဆး႐ုံတြင္ ယခုလက္ရွိတြင္ ကိုဗစ္-၁၉ ပိုးေတြ႕လူနာ ၄ ဦး ကုသမႈခံလ်က္ရွိၿပီး ယင္းအနက္ ၂ ဦးမွာ Negative တစ္ႀကိမ္စီျပၿပီဟု သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့နယ်က လူငယ်များအားလုံး အရံတပ်ဖွဲ့သင်တန်းတက်ရောက်ရန် CDF-Hakha ထုတ်ပြန်

CNDF နှင့် CDF-Hualngoram ပဋိပက္ခကို ငြိမ်းချမ်းသော နည်းဖြင့် အဖြေရှာကြရန် CC နှင့် CB တိုက်တွန်း

CNO/CNDF နှင့် CDF-Hualngoram တို့ အပြန်အလှန်ပစ်ခတ်နေမှုကို နိုင်ငံရေးအရ အဖြေရှာသင့်ဟုဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

June 30, 2025

“အဖွဲ့အစည်းတွေဆီမှာပဲ အာဏာကိုဆက်ထားနေမယ်ဆိုရင် အများကြီး ဆုံးရှုံးနစ်နာစရာတွေ ရှိတယ်၊ ဒါကြောင့် ချင်းပြည်နယ်မှာရှိတဲ့ ပြည်သူလူထုတွေကို အာဏာမြန်မြန်ပေးရအောင်”

June 28, 2025

ဆလိုင်းတင်မောင်ဦး (သို့မဟုတ်) သမိုင်း‌သွေးကို ရဲရင့်စေသူ

May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.