Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ခ်င္းျပည္နယ္တြင္ အိႏၵိယျပန္ ၂ ဦးထံမွ ကိုဗစ္-၁၉ ေရာဂါပိုးထပ္မံေတြ႕ရွိ

ခ်င္းျပည္နယ္တြင္ အိႏၵိယျပန္ ၂ ဦးထံမွ ကိုဗစ္-၁၉ ေရာဂါပိုးထပ္မံေတြ႕ရွိ

0
By Editor on August 7, 2020 Headline

#Unicode

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာပြီး ချင်းပြည်နယ်မြောက်ပိုင်း ကျီခါးမြို့တွင် (Quarantine) အသွားအလာကန့်သတ်ခံထားရသူ အမျိူးသား ၂ ဦးထံ ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိသည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့နံနက်ပိုင်းက ထုတ်ပြန်ခဲ့သည်။

အဆိုပါပိုးတွေ့လူနာသစ် ၂ ဦးသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့က အသက် ၂၈နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် ချင်းပြည်နယ် တီးတိန်မြို့နယ်မှ အသက် ၂၄နှစ်အရွယ် အမျိုးသားတို့ဖြစ်ကြပြီး အိန္ဒိယနိုင်ငံ ဘင်္ဂလောရ်မြို့တွင် ကျမ်းစာကျောင်းတက်ရောက်ကာ နေရပ်ပြန်လာကြသူများဖြစ်ကြသည်ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန် ကပြောသည်။

“သူတို့က ဘင်္ဂလောရ်မြို့ကနေ ကျမ်းစာကျောင်းတက်ပြီး ပြန်လာတဲ့သူတွေပါ၊ ၃ ယောက်ပြန်လာတာ အားလုံး Positive ဖြစ်ကြတယ် တစ်ယောက်ကတော့ အရင်နေ့က တွေ့တာ ခု ဒီ ၂ ယောက်မှာထပ်တွေ့တာပေါ့’’ ဟု ဝန်ကြီးဦးပေါင်လွန်မင်းထန်ကပြောသည်။

၎င်းတို့ ၃ ယောက်အနက် တစ်ယောက်သည် သြဂုတ်လ ၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကာ တီးတိန်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီဖြစ်သည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့တွေ့ရှိသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၂ ဦးကို တီးတိန် နှင့် ကလေးမြို့ပြည်သူ့ဆေးရုံကို ဆေးကုသမှုခံယူစေမည်ဟု သိရသည်။

တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ယခုလက်ရှိတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၄ ဦး ကုသမှုခံလျက်ရှိပြီး ယင်းအနက် ၂ ဦးမှာ Negative တစ်ကြိမ်စီပြပြီဟု သိရသည်။

#Zawgyi

အိႏၵိယနိုင္ငံမွ ေနရပ္ျပန္လာၿပီး ခ်င္းျပည္နယ္ေျမာက္ပိုင္း က်ီခါးၿမိဳ႕တြင္ (Quarantine) အသြားအလာကန႔္သတ္ခံထားရသူ အမ်ိဴးသား ၂ ဦးထံ ကိုဗစ္-၁၉ ေရာဂါပိုးထပ္မံေတြ႕ရွိသည္ဟု က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနက ယေန႔နံနက္ပိုင္းက ထုတ္ျပန္ခဲ့သည္။

အဆိုပါပိုးေတြ႕လူနာသစ္ ၂ ဦးသည္ စစ္ကိုင္းတိုင္းေဒသႀကီး ကေလးၿမိဳ႕က အသက္ ၂၈ႏွစ္အရြယ္ အမ်ိဳးသား တစ္ဦးႏွင့္ ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္မွ အသက္ ၂၄ႏွစ္အရြယ္ အမ်ိဳးသားတို႔ျဖစ္ၾကၿပီး အိႏၵိယနိုင္ငံ ဘဂၤေလာရ္ၿမိဳ႕တြင္ က်မ္းစာေက်ာင္းတက္ေရာက္ကာ ေနရပ္ျပန္လာၾကသူမ်ားျဖစ္ၾကသည္ဟု ခ်င္းျပည္နယ္လူမႈေရးဝန္ႀကီး ဦးေပါင္လြန္မင္းထန္ ကေျပာသည္။

“သူတို႔က ဘဂၤေလာရ္ၿမိဳ႕ကေန က်မ္းစာေက်ာင္းတက္ၿပီး ျပန္လာတဲ့သူေတြပါ၊ ၃ ေယာက္ျပန္လာတာ အားလုံး Positive ျဖစ္ၾကတယ္ တစ္ေယာက္ကေတာ့ အရင္ေန႔က ေတြ႕တာ ခု ဒီ ၂ ေယာက္မွာထပ္ေတြ႕တာေပါ့’’ ဟု ဝန္ႀကီးဦးေပါင္လြန္မင္းထန္ကေျပာသည္။

၎တို႔ ၃ ေယာက္အနက္ တစ္ေယာက္သည္ ၾသဂုတ္လ ၅ ရက္ေန႔က ကိုဗစ္-၁၉ ေရာဂါပိုးေတြ႕ရွိကာ တီးတိန္ၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားၿပီျဖစ္သည္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ ယေန႔ေတြ႕ရွိသည့္ ကိုဗစ္-၁၉ ပိုးေတြ႕လူနာ ၂ ဦးကို တီးတိန္ ႏွင့္ ကေလးၿမိဳ႕ျပည္သူ႔ေဆး႐ုံကို ေဆးကုသမႈခံယူေစမည္ဟု သိရသည္။

တီးတိန္ၿမိဳ႕ျပည္သူ႔ေဆး႐ုံတြင္ ယခုလက္ရွိတြင္ ကိုဗစ္-၁၉ ပိုးေတြ႕လူနာ ၄ ဦး ကုသမႈခံလ်က္ရွိၿပီး ယင္းအနက္ ၂ ဦးမွာ Negative တစ္ႀကိမ္စီျပၿပီဟု သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.