Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတပ်များအကြား အားပြိုင်မှုမှာ ရန်ဘက်အသွင်ဆောင်နေပြီး ချင်းဘုံရည်မှန်းချက် တည်ဆောက်ရေးပါ အဟန့်အတားဖြစ်နိုင်ဟုဆို

ချင်းတပ်များအကြား အားပြိုင်မှုမှာ ရန်ဘက်အသွင်ဆောင်နေပြီး ချင်းဘုံရည်မှန်းချက် တည်ဆောက်ရေးပါ အဟန့်အတားဖြစ်နိုင်ဟုဆို

0
By Editor on July 24, 2025 Headline

(006SV)

နယ်မြေထိန်းချုပ်နိုင်ရေးအတွက် ချင်းတပ်ဖွဲ့များအကြား အားပြိုင်မှုများမှာ ရန်ဘက်အသွင်ဆောင်နေပြီး ချင်းဘုံရည်မှန်းချက် တည်ဆောက်ရေးအတွက်ပါ အဟန့်အတားဖြစ်နိုင်ခြေရှိသည်ဟု ISP – မြန်မာ သတိပေးထုတ်ပြန်သည်။

“အက်ကြောင်းပိုနက်လာသော ချင်းတော်လှန်ရေးတပ်ဖွဲ့များ” ဟူ၍ ISP – မြန်မာက ဇူလိုင်လ ၂၃ ရက်တွင် ထုတ်ပြန်လိုက်သော စာတမ်းတိုမှာ ယင်းကဲ့သို့ ဖော်ပြထားသည်။

ချင်းတော်လှန်ရေးတပ်ဖွဲ့များသည် တရားဝင်တည်ရှိမှုကိုလည်း တဖက်နှင့် တဖက် အပြန်အလှန် ထိုးနှက်လျှော့ချခြင်းများ ရှိနေပြီး လက်နက်ခဲယမ်းအပါအဝင် တပ်အင်အားဖြည့်တင်းရန် လိုနေသည့် ချင်းတပ်ဖွဲ့များအတွက် ရင်းမြစ်အခက်အခဲကိုပါ ပိုဆိုးစေမည်ဟု ISP – မြန်မာ သတိပေးသည်။

ချင်းပြည်နယ်တွင် လူမျိုးကွဲများအကြားဖြစ်သော ပဋိပက္ခများအပြင် လူမျိုးတူ မျိုးနွယ်စုကွဲများအတွင်း ဖြစ်သည့် ပဋိပက္ခများကို ပိုတွေ့လာရပြီး ယင်းက ရှိရင်းစွဲ ပြသနာများကို ပိုမိုရှုပ်ထွေးစေသည်ဟု ဆိုသည်။

ချင်းတပ်များအကြား အပြန်အလှန် စစ်ရေးပဋိပက္ခဖြစ်ပွားမှု ဖြစ်စဉ်များမှာ တစ်နှစ်ကျော်အတွင်း ၈ ကြိမ်ထက်မနည်း ရှိလာသည်ဟု ISP – မြန်မာက ထုတ်ပြန်သည်။

ဇူလိုင်လ ၅ ရက်ကလည်း CNF/CNA နှင့် CDF – ဟွာငိုရမ်းတို့ သိမ်းပိုက်ပြီး ပြည်သူ့အုပ်ချုပ်ရေး ပူးတွဲလုပ်နေသော ရိခေါ်ဒါရ်မြို့ကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) က ဝင်တိုက်ခဲ့ကာ ထို့နောက် CNF/CNA က CNDF ဌာနချုပ်ကို ဝင်သိမ်း၍ တပ်ပြန်ဆုတ်သည်ဟု သိရသည်။

ဇူလိုင်လဆန်းပိုင်းက ထုတ်ပြန်လိုက်သည့် “ဒုတ်ဒုတ်ထိ မျက်တွေ့ ထီးပြိုင်နန်းပြိုင် ရခိုင်ပြည်” စာတမ်းတွင်လည်း ချင်းတော် လှန်ရေးတပ်ဖွဲ့များနှင့်ပတ်သက်၍ ISP – မြန်မာက ချင်းလက်နက်ကိုင်တပ်များ၏ မဟာဗျူဟာမြောက် အရေးပါမှုကို ဝေဖန်ထားသည်။

“တကယ်လို့ ချင်း EAOs/PDFs တွေအနေနဲ့ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးအရ အချက်အချာကျတဲ့ ပလက်၀အရေးကို AA နဲ့ သဘောမျှညီအောင် အဖြေမထုတ်နိုင်ဘူးဆိုရင်၊ ချင်းလက်နက်ကိုင်တွေ အချင်းချင်း အကွဲအပြဲတွေကို အင်အားသုံး ဖြေရှင်းနေကြတဲ့ ဟင်္သာကိုးသောင်းဇာတ်ကို ကိုယ်ရှိန်မသတ်နိုင်ဘူးဆိုရင် ဒီအနောက် ဘက်စင်္ကြံတကြောက ပဋိပက္ခမှာ (အမှန်အမှား၊ တရားမျှတမှုစတဲ့ အာဏာရှင်ဆန့်ကျင်ရေး၊ တန်းတူရေးတိုက်ပွဲ တွေက ဆက်ရှိနိုင်ကောင်းပေမဲ့) ချင်းရဲ့ မဟာဗျူဟာမြောက် အရေးပါမှုက အကန့်အသတ်နဲ့သာ ရှိတော့မှာ ဖြစ်ပါတယ်” ဟု ISP – မြန်မာက ထောက်ပြသည်။

ချင်းပြည်နယ်တွင် CNF/ CNA အပြင် ချင်းလက်နက်ကိုင်တပ် ၂၀ ကျော် ရှိနေပြီး ချင်းပြည်နယ်ရှိ နယ်မြေ ၈၀ ရာခိုင်နှုန်းကို ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။

ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များက မြို့ ၆ မြို့ကို သိမ်းယူထားပြီး ချင်းညီနောင်မဟာမိတ်တပ်များက မြို့ ၈ မြို့ကို သိမ်းယူထားသည်ဟု ISP က ထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.