Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းဖွင့်လှစ်

ချင်းတယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းဖွင့်လှစ်

0
By Editor on June 27, 2023 Headline

(05MK)

ဆေးခန်းပြရန် ဘာသာစကားအခက်အခဲနှင့် အလှမ်းဝေးသည့်ဒေသတွင် ရောက်ရှိနေသည်ဖြစ်စေ အင်တာနက် (အွန်လိုင်း) ရှိရုံဖြင့် ချင်းဆရာဝန်များနှင့် ဆွေးနွေးတိုင်ပြင်၍ရရှိနိုင်မည့် ချင်းတယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကို Chin Health Organization (CHO) က စတင်ဖွင့်လှစ်လိုက်ပြီဟု သိရသည်။

နိုင်ငံရေး၊ စစ်ရေးအခြေအနေနှင့် တခြားသော အခြေအနေအကြောင်းကြောင်းကြောင့် မိမိနေရပ်မဟုတ်ပဲ တခြားနေရပ် ဒေသအသီးသီးမှာရောက်ရှိနေကြသော ချင်းလူမျိုးများအတွက်၊ အထူးသဖြင့် နေမကောင်း၍ ဆေးခန်းပြသရာမှာ ဒေသ ဘာသာစကား မသိနားမလည်၍ ဆေးခန်းပြသဖို့ အခက်အခဲဖြစ်နေကြသော လူနာများ၊ ဆေးရုံဆေးခန်း သွားရောက်ပြသရန် အလှမ်းဝေးလို့ ဆေးခန်းပြရန် အခက်အခဲရှိနေသော လူနာတွေအတွက် ချင်းတယ်လီကျန်းမာ အခမဲ့အွန်လိုင်းဆေးခန်းကို အဓိကရည်ရွယ်သည်ဟု သိရသည်။

ချင်းတယ်လီကျန်မားမှာ ဆေးခန်းပြမည်ဆိုပါက အရင်ဆုံး မိမိဖုန်းထဲမှာ Telegram application ကို ကြိုတင် Download ထားရန်လိုအပ်ပြီး Messenger မှာ ဘိုကင်တင်ပီး Telegram မှာ ဆေးခန်းပြရမည်ဖြစ်သည်။

နံနက် (၁၀) နာရီမှ ည (၄) နာရီအတွင်း Messenger မှာ ဆေးခန်းပြဖို့ ဘိုကင်ယူနိုင်ပြီး ဘိုကင်ယူပြီးသွားပါက လူနာအမှတ်၊ ပြသရမယ့်အချိန်၊ ပြသရမယ့်ဆေးခန်း Telegram link ကို Messenger ကတဆင့် ပြန်လည်ပို့ပေးမှာဖြစ်သည်ဟု သိရသည်။

ထို့နောက် ဆေးခန်းပြရမယ့်အချိန်မှာ Messenger က ပို့ထားသော Telegram link ကိုနှိပ်ကာ Telegram Message Box ကနေ လူနာအမှတ် ရိုက်ပို့ပေးရမည်ဖြစ်သည်။

ချင်းတယ်လီကျန်းမာဆေးခန်းကို အပတ်စဉ် တနင်္လာမှ သောကြာအတွင်း နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအတွင်း လက်ခံဖြေကြား ဆွေးနွေးကုသပေးသွားမှာဖြစ်ကြောင်း သိရသည်။

ဆေးခန်းပြသည့်အခါ ရောဂါအခြေအနေအရ လိုအပ်လာခဲ့ပါက လူနာများကို အထူးကုဆရာဝန်များထံမှ အကြံဉာဏ်တောင်းခံပေးခြင်း၊ တိုက်ရိုက်ဆေးခန်း ပြသပေးခြင်းများ ပြုလုပ်ပေးသွားမှာဖြစ်သည်ဟု Chin Telehealth က ထုတ်ပြန်ထားသည်။

https://www.facebook.com/chintelehealth
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.