Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းတောင်သို့ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ခြုံခိုတိုက်တိုက်ခံရပြီး ၁၀ ဦးသေဆုံး

ချင်းတောင်သို့ စစ်ကူတက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ခြုံခိုတိုက်တိုက်ခံရပြီး ၁၀ ဦးသေဆုံး

0
By Editor on January 18, 2022 Headline

စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့နယ် အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအ တိုင်း စစ်ကူတက်လာသည့် စစ်ကောင်စီဖွဲ့သည် လမ်းခုလပ်တွင်ခြုံခိုတိုက်ခိုက်ခံရပြီး ၁၀ ဦးသေဆုံးခဲ့ကြောင်း ချင်းပြည်သူ့ ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ CDM-Siyin တပ်ဖွဲ့ကထုတ်ပြန်သည်။

တီးတိန်မြို့နယ် ကလေး-တီးတိန်လမ်း ဟိန်ဇင်နှင့် သိုင်ငင်းကျေးရွာအကြားတွင် ရှေ့ဆက်မတိုးနိုင်ပဲ ပိတ်မိနေသည့် စစ်ကောင်စီတပ်ဖွဲ့အား ကူညီရန် ယနေ့နံနက်ပိုင်း ၁၀ နာရီခန့်က ကလေးမြို့မှတက်လာသော စစ်ကား ၃ စီးနှင့် စက်သေနတ်ပါကားအသေး ၂ စီးကို ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CNA, CDM Siyin, PDF-Zoland, Kalay PDF 3, Kalay PDF 9, Zomi PDF, Zongam Army, CDF-KKG-2 စသည်တို့မှ ခြုံခိုတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးသေဆုံးကာ အမြောက်အများဒါဏ်ရာရရှိခဲ့ကြောင်း CDM-Siyin တပ်ဖွဲ့မှပြန်ကြားရေးတာဝန်ခံကပြောသည်။

“ပိတ်မိနေတဲ့ စစ်ကောင်စီတပ်ကို စစ်ကူဖို့အတွက် ဒီနေ့ စကစက ကားသုံးစီးနဲ့ စက်သေနတ်ပါတဲ့ ကားအသေး ၂ စီး ကလေးမြို့ကနေတက်လာတယ်။ ကျွန်တော်တို့က ကြားထဲကနေဝင် တိုက်လို က်တယ်။ သူတို့ဖက်က အထိနည်းနည်းနာ တော့ သူတို့က ချက်ခြင်းပြန်ခေါက်သွားတယ်။ အနည်းဆုံး ၁၀ ယောက်ထက်မနည်း လုံးဝထိထားတယ်။ အမြောက်အများ ဒဏ်ရာရထားပေါ့။ ကျွန်တော်တို့ ဖက်ကတော့ အထိအခိုက်မရှိပါဘူး” CDM-Siyin မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောင်းတစ်ခုဖြစ်သည့် ကလေး-တီးတိန်ကားလမ်းတွင် ဇန်နဝါရီလ ၁၂ ရက်နေ့ကစ၍ ကလေးမြို့မှ ချင်းတောင်ဘက်သို့ အင်အား ၁၀၀ ကျော်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းချီ လာပြီး ထေးဇန်ကျေးရွာတွင် ညအိပ်တည်းခိုခဲ့ကြပြီနောက် ဇန်နဝါရီလ ၁၃ ရက်နေ့ကစတင်ပြီး ချင်းပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ဇန်နနဝါရီလ ၁၃ ရက်နေ့ကစ၍ ကလေး-တီးတိန်လမ်းမပေါ်တွင် စစ်ကောင်စီတပ်နှင့် ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့များ နေ့စဉ်ရက်ဆက်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ဇန်နဝါရီလ ၁၅ ရက်နေ့က ဂျက်တိုက်လေယာဉ်ပါ အသုံးပြုတိုက်ခိုက်ခဲ့သည်။

ထို့အပြင် ကလေးတက္ကသိုလ်ဝင်းအတွင်းမှ ဘီးတပ်အမြောက်လက်နက်ကြီးဖြင့် ချင်းတောင် ဘက်သို့ စဉ်ဆက်မပြတ်ပစ်ခဲ့သည်။

ကလေး-တီးတိန်ကားလမ်းတလျှောက်တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ယာဉ်လိုင်းပြေးဆွဲမှုများလည်းရပ်နားကာ ကုန်စည်စီးဆင်းမှုလည်းရပ်တန့်နေသည်ဟု သိရသည်။

စစ်ကောင်စီတပ်မှ ချင်းတောင်ဘက်သို့ အင်အားဖြည့်တိုက်ခိုက်နေစဉ်တွင် ယမန်နေ့ (ဇန်နဝါရီလ ၁၆) ရက်နေ့ည ၇ နာရီဝန်းကျင်ခန့်ကစ၍ ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် (မြို့ပေါ် ပြောက်ကျားအဖွဲ့) တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။

အဆိုပါပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် တာဟန်းရပ်ကွက်မှ လူနေအိမ်တ စ်လုံးအပေါ် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.