Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းတော်လှန်ရေးအဖွဲ့ ဆဲန်ထန်က မျိုးနွယ်စုနှင့် ဒေသကို ကိုယ်စားပြုမည့် ကောင်စီနှင့်တပ်ဖွဲ့ကို တစ်ခုတည်း ပြန်လည်ဖွဲ့စည်း

ချင်းတော်လှန်ရေးအဖွဲ့ ဆဲန်ထန်က မျိုးနွယ်စုနှင့် ဒေသကို ကိုယ်စားပြုမည့် ကောင်စီနှင့်တပ်ဖွဲ့ကို တစ်ခုတည်း ပြန်လည်ဖွဲ့စည်း

0
By Editor on February 19, 2024 Khonumthung

(006SV)

ချင်းပြည်ကောင်စီ၏ ဦးဆောင်မှုဖြင့် ဆဲန်ထန် မျိုးနွယ်စုနှင့် ဒေသအားလုံးကို ကိုယ်စားပြုသော Senthang Central Council/ Senthang Revolution Force ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ကြသည်ဟု သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ချင်းပြည်ကောင်စီ ဦးဆောင်မှုဖြင့် ဆဲန်ထန်လူထု ညီလာခံကို ဆဲန်ထန် ဒေသတစ်နေရာတွင် ကျင်းပခဲ့ရာ ဆဲန်ထန် မျိုးနွယ်စုနှင့် ဒေသအားလုံးကို ကိုယ်စားပြုအဖြစ် တစ်ဖွဲ့တည်းကို ပေါင်းစပ် ဖွဲ့စည်းခဲ့ကြပြီး လိုအပ်သော မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

ကိုယ်စားလှယ် စုစုပေါင်း ၁၂၇ ဦးဖြင့် စုံလင်စွာ တက်ရောက်ခဲ့သော အဆိုပါညီလာခံတွင် ယခင်က ရှိခဲ့သော Senthang Council နှင့် Senthang Local Council ကို အပြီးပိုင်ဖျက်သိမ်းခဲ့ကြပြီးနောက် မျိုးနွယ်စုနှင့် ဒေသကို ကိုယ်စားပြုမည့် Senthang Central Council/ Senthang Revolution Force ကို ပြန်လည်ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်ဟု Senthang Revolution Force မှ တာဝန်ရှိ သူကပြောသည်။

“ကျနော်တို့က အခုမှ ပူးပေါင်းတယ်ဆိုတော့ ဖြစ်လာမယ့် အနာဂါတ်အတွက် ဦးဆောင်မှုုအပိုင်းတွေ ပြန်ပြီးတော့ အကုန်လုံးက အသစ်လိုမျိုး ဖြစ်သွားမယ်။ ခေါင်းဆောင်ပိုင်းတွေ အသစ်ရွေးချယ်တာ ရှိတယ်။ ကျနော်တို့ရဲ့ ပေါ်လစီကလည်း အတိအကျ ဘာမှလုပ်ထားတာ မရှိသေးဘူးဆိုတော့ အဲဒါတွေကို နောက်မှ ပြန်ပြီမှ လုပ်သွားဖို့ ရှိတယ်” ဟု Senthang Revolution Force မှ တာဝန်ရှိသူက ပြောသည်။

ပြည်တွင်းပြည်ပရှိ ဆဲန်ထန်ပြည်သူများ အားလုံးအနေဖြင့် Senthang Central Council/ Senthang Revolution Force တွင် စုစည်းပြီး စည်းလုံးညီညွတ်စွာ ပါဝင်ကြရန်နှင့် ရည်မှန်းချက်တူ တော်လှန်ရေးအဖွဲ့များ အာလုံးကလည်း ကြိုဆိုပူးပေါင်းပေးကြရန် Senthang Central Council က ဖေဖော်ဝါရီလ ၁၈ ရက်က ထုတ်ပြန်သည်။

“အကုန်လုံးကို အသစ်က ပြန်စတယ်ဆိုတော့ လုပ်ငန်းတွေက မြန်မြန် သွားလို့ မရဘူးလို့ ပြောရမလား၊ ကောင်စီ နှစ်ခုကို ပေါင်းလိုက်တာဆိုတော့ တဖြည်းဖြည်းချင် ဘယ်လို ချိတ်ဆက်လုပ်မလဲ၊၊ အခုက တပ်ရင်းတွေကို ဘယ်လို ဖွဲ့စည်းမလဲဆိုတာ အသေးစိတ် ဆွေးနွေးရမယ်” ဟု Senthang Revolution Force မှ တာဝန်ရှိသူက ပြောသည်။

Senthang Central Council/ Senthang Revolution Force သည် မျိုးနွယ်စုနှင့် ဒေသချင်းတော်လှန်ရေး အင်အားစု တစ်ခုဖြစ်ပြီး ချင်းပြည်ကောင်စီနှင့် အခြားသော တော်လှန်ရေး အင်အားစုများနှင့် လက်တွဲကာ အာဏာရှင်စနစ် မှန်သမျှအမြစ်ပြတ် ချေမှုန်းရေး၊ အမျိုးသားတည်ဆောက်ရေးနှင့် စစ်မှန်သော ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးတို့ အတွက် ဆက်လက်တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.