Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းတော်လှန်ရေးအဖွဲ့ ဆဲန်ထန်က မျိုးနွယ်စုနှင့် ဒေသကို ကိုယ်စားပြုမည့် ကောင်စီနှင့်တပ်ဖွဲ့ကို တစ်ခုတည်း ပြန်လည်ဖွဲ့စည်း

ချင်းတော်လှန်ရေးအဖွဲ့ ဆဲန်ထန်က မျိုးနွယ်စုနှင့် ဒေသကို ကိုယ်စားပြုမည့် ကောင်စီနှင့်တပ်ဖွဲ့ကို တစ်ခုတည်း ပြန်လည်ဖွဲ့စည်း

0
By Editor on February 19, 2024 Khonumthung

(006SV)

ချင်းပြည်ကောင်စီ၏ ဦးဆောင်မှုဖြင့် ဆဲန်ထန် မျိုးနွယ်စုနှင့် ဒေသအားလုံးကို ကိုယ်စားပြုသော Senthang Central Council/ Senthang Revolution Force ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ကြသည်ဟု သတင်းရရှိသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ချင်းပြည်ကောင်စီ ဦးဆောင်မှုဖြင့် ဆဲန်ထန်လူထု ညီလာခံကို ဆဲန်ထန် ဒေသတစ်နေရာတွင် ကျင်းပခဲ့ရာ ဆဲန်ထန် မျိုးနွယ်စုနှင့် ဒေသအားလုံးကို ကိုယ်စားပြုအဖြစ် တစ်ဖွဲ့တည်းကို ပေါင်းစပ် ဖွဲ့စည်းခဲ့ကြပြီး လိုအပ်သော မူဝါဒများနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။

ကိုယ်စားလှယ် စုစုပေါင်း ၁၂၇ ဦးဖြင့် စုံလင်စွာ တက်ရောက်ခဲ့သော အဆိုပါညီလာခံတွင် ယခင်က ရှိခဲ့သော Senthang Council နှင့် Senthang Local Council ကို အပြီးပိုင်ဖျက်သိမ်းခဲ့ကြပြီးနောက် မျိုးနွယ်စုနှင့် ဒေသကို ကိုယ်စားပြုမည့် Senthang Central Council/ Senthang Revolution Force ကို ပြန်လည်ဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်ဟု Senthang Revolution Force မှ တာဝန်ရှိ သူကပြောသည်။

“ကျနော်တို့က အခုမှ ပူးပေါင်းတယ်ဆိုတော့ ဖြစ်လာမယ့် အနာဂါတ်အတွက် ဦးဆောင်မှုုအပိုင်းတွေ ပြန်ပြီးတော့ အကုန်လုံးက အသစ်လိုမျိုး ဖြစ်သွားမယ်။ ခေါင်းဆောင်ပိုင်းတွေ အသစ်ရွေးချယ်တာ ရှိတယ်။ ကျနော်တို့ရဲ့ ပေါ်လစီကလည်း အတိအကျ ဘာမှလုပ်ထားတာ မရှိသေးဘူးဆိုတော့ အဲဒါတွေကို နောက်မှ ပြန်ပြီမှ လုပ်သွားဖို့ ရှိတယ်” ဟု Senthang Revolution Force မှ တာဝန်ရှိသူက ပြောသည်။

ပြည်တွင်းပြည်ပရှိ ဆဲန်ထန်ပြည်သူများ အားလုံးအနေဖြင့် Senthang Central Council/ Senthang Revolution Force တွင် စုစည်းပြီး စည်းလုံးညီညွတ်စွာ ပါဝင်ကြရန်နှင့် ရည်မှန်းချက်တူ တော်လှန်ရေးအဖွဲ့များ အာလုံးကလည်း ကြိုဆိုပူးပေါင်းပေးကြရန် Senthang Central Council က ဖေဖော်ဝါရီလ ၁၈ ရက်က ထုတ်ပြန်သည်။

“အကုန်လုံးကို အသစ်က ပြန်စတယ်ဆိုတော့ လုပ်ငန်းတွေက မြန်မြန် သွားလို့ မရဘူးလို့ ပြောရမလား၊ ကောင်စီ နှစ်ခုကို ပေါင်းလိုက်တာဆိုတော့ တဖြည်းဖြည်းချင် ဘယ်လို ချိတ်ဆက်လုပ်မလဲ၊၊ အခုက တပ်ရင်းတွေကို ဘယ်လို ဖွဲ့စည်းမလဲဆိုတာ အသေးစိတ် ဆွေးနွေးရမယ်” ဟု Senthang Revolution Force မှ တာဝန်ရှိသူက ပြောသည်။

Senthang Central Council/ Senthang Revolution Force သည် မျိုးနွယ်စုနှင့် ဒေသချင်းတော်လှန်ရေး အင်အားစု တစ်ခုဖြစ်ပြီး ချင်းပြည်ကောင်စီနှင့် အခြားသော တော်လှန်ရေး အင်အားစုများနှင့် လက်တွဲကာ အာဏာရှင်စနစ် မှန်သမျှအမြစ်ပြတ် ချေမှုန်းရေး၊ အမျိုးသားတည်ဆောက်ရေးနှင့် စစ်မှန်သော ဖက်ဒရယ်နိုင်ငံ တည်ဆောက်ရေးတို့ အတွက် ဆက်လက်တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.