Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်မှာ တော်လှန်ရေးအရှိန်မြင့်နိုင်ရေးအတွက် Chin Digital Lottery – တူမီးထီကို စတင်ရောင်းချ

ချင်းပြည်နယ်မှာ တော်လှန်ရေးအရှိန်မြင့်နိုင်ရေးအတွက် Chin Digital Lottery – တူမီးထီကို စတင်ရောင်းချ

0
By Editor on April 15, 2022 Khonumthung

ချင်းပြည်နယ်မှာ တော်လှန်ရေးအရှိန်မြင့်နိုင်ရေးအတွက် ရန်ပုံငွေတစ်ရပ်ရှာဖွေတဲ့အနေနဲ့ Chin Digital Lottery – တူမီးထီကို စတင်ရောင်းချနေပြီလို့ ချင်းရန်ပုံငွေအဖွဲ့- Chin Relief Funding Program (CRFP) ကထုတ်ပြန်ထား ပါတယ်။

အဲဒီတူမီးထီကို ဧပြီလ ၁၁ ကနေ ၂၅ ရက်နေ့အထိ ပရိုမိုးရှင်းကာလအဖြစ် သတ်မှတ်ထားပြီး ထီတစ်စောင်ကို တစ်ဒေါ်လာနဲ့ ရောင်းချပေးလျှက်ရှိကာ ပထမဆုကို အမေရိကန် ဒေါ်လာ ၇၅၀ (မြန်မာငွေ ၁၅ သိန်းခန့်) ချီးမြင့်မယ့်အပြင် တခြားဆုသေးတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

တူမီးထီဟာ တော်လှန်ရေးကာလအတွင်း ရန်ပုံငွေရှာဖွေရန်အတွက် ယာယီသတ်မှတ်ထားတဲ့ အမည်နာမ တစ်ရပ်သာဖြစ်ပြီး နောင်ချင်းပြည်အစိုးရအသစ်ပေါ်‌ပေါက်လာတဲ့အခါ (Federal Lottery) အဖြစ် ချင်းဖက်ဒရယ်အ စိုးရထံသို့ တရားဝင်အပ်နှံသွားမယ်လို့ CRFP ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဒိုခါရ်က ယခုလိုပြေပါတယ်။

“ပထမအချက်ကတော့ ဘဏ္ဍာငွေရှာဖွေရေးသက်သက်မဟုတ်ဘဲနဲ့ လာမယ့်ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက် လာတဲ့အခါကျရင် ပြည်နယ် Lottery၊ ဖယ်ဒရယ် Lottery ဖြစ်သွားအောင် ရည်ရွယ်ပါတယ်။ ဘဏ္ဍာငွေ ရှာတဲ့နေရာမှာ ပိုက်ဆံကောက်တော့ကောက်တယ် ငွေကြေးရတယ် ဒါပေမယ့် စနစ်တစ်ခုပုံစံမျိုးမရှိနေဘူး။ ဒါကြောင့် စနစ်တစ်ခုလည်းဖန်တီးမယ် ဘဏ္ဍာငွေလည်းရမယ် တော်လှန်ရေးကိုလည်း အကျိုးပြုမယ်ဆိုတဲ့ ရှုတောင့် သုံးခုကနေ စဉ်းစားတာဖြစ်တယ်။ လက်ရှိအချိန်ထိတော့ အဖွဲ့အနေနဲ့ စမ်းသပ်လုပ်ဆောင်ပြီး အကောင်ထည်ဖော်နေတဲ့ပုံစံမျိုး ဖြစ်တဲ့အခါကျတော့ တရားဝင်ထီပုံစံမျိုးတော့မဟုတ်သေးဘူး။ ဒါပေမယ့် လာမယ့် ဖယ်ဒရယ် Lottery ပေါ်ပေါက်လာ ရေးကို ရည်ရွယ်ထားတဲ့အခါကျတော့ တော်လှန်ရေးရန်ပုံငွေရှာဖွေတဲ့အမည်နာမကို တူမီးထီ Federal Digital Lottery ဆိုပြီးတော့မှ နာမည် ပေးထားတာပါ။” ဆလိုင်းဒိုခါရ်ကပြောပါတယ်။

ဆက်လက်ပြီး ဆလိုင်းဒိုခါရ်က “ ချင်းပြည်နယ်တခုလုံးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ဖို့လုပ်တဲ့အရာဖြစ်တဲ့အတွက် ဒီတူမီးထီထဲမှာဝင်လာတဲ့ဝင်ငွေဆိုရင်တော့ ခွဲခြားမှုမရှိဘဲနဲ့ အားလုံးထံကို မျှမျှတတနဲ့ ထောက်ပံ့ဖို့ရည်ရွယ်ထားတဲ့ အခါကျတော့ ချင်းလူမျိုးအားလုံးကိုချုံတဲ့ ဘဏ္ဍာရေးရှာဖွေတဲ့ စနစ်တစ်ခုဖြစ်လာမည်” ပြောပါတယ်။

တူမီးထီ Chin Digital Lottery အစီအစဉ်ဟာ Internet အွန်လိုင်းကတဆင့် လွယ်ကူစွာ ကစားနိုင်မည့် စနစ်ဖြစ်ပြီး ကစားပုံအဆင့်ဆင့်ကို CRFP ရဲ့ Facebook စာမျာက်နှာမှာလည်း သွားရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

ချင်းရန်ပုံငွေအဖွဲ့ – Chin Relief Funding Program (CRFP) ဟာ ချင်းအမျိုးသားတော်လှန်ရေး အတွက် လိုအပ်တဲ့ဘဏ္ဍာငွေရှာဖွေခြင်းနဲ့တော်လှန်ရေးကာလအလွန် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကိုဦးတည်ပြီး ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ ၁၉ ရက်နေ့က ပြည်တွင်းပြည်ပချင်းလူမျိုးတွေက ဖွဲ့စည်းခဲ့ကြတာပါတယ်။

ချင်းရန်ပုံငွေအဖွဲ CRFP ၏ ပွဲဦးထွက် အစီအစဉ် ဖြစ်တဲ့တူမီးထီ (Chin Digital Lottery) စတင်မိတ်ဆက်တဲ့ အနေနှင့် 11.04.2022 မှ 25.04.2022 အထိ Promotion ကာလ သတ်မှတ်ထားပါတယ်။

ပရိုမိုးရှင်းအနေနှင့် တူမီးထီ Website https://chin-lottery.com ထဲ Login လုပ်ပြီး US$ 1.20 အခမဲ့ ရယူလိုက်ပါ။

US$ 1.20 ကနေ US$1 နဲ့ ထီထိုးရင် ပထမဆု US$ 750 (မြန်မာကျပ်ငွေ ၁၅ သိန်းခန့် ) အပြင်အခြား ဆုသေးများစွာလည်း သတ်မှတ်ထားပေးထားပါတယ်။

ကျန်ရှိတဲ့ 0.20 US$ ကို အခြား သူငယ်ချင်းတွေနဲ့ အချင်းချင်း လွှဲလို့ရတဲ့ စနစ်လေးတွေကိုလည်း မိတ်ဆက်ပေးချင်ပါတယ်နော်။

ကစားပုံအဆင့်ဆင့်လေးကတော့ လွယ်လွယ်လေးပါ

၁။ တူမီးထီ Website chin-lottery.com ကိုသွား

၂။ Login ကို Facebook သိုမဟုတ် Gmail နဲ့ဝင်လိုက်ပါ (မဟုတ်လည်း အကောင့်ဖွင့်လိုလည်းရပါတယ်)

၃။ Login လုပ်ပြီးရင်တော့ Deposit (ငွေထည့်ရန်) ဆိုတဲ့ ခလုပ်လေးကနေ “Promotion ‌လက်ဆောင်”

ကို‌ရွေးပြီး ငွေထည့်ပါ။ ၅ မိနစ်အတွင်း အကောင့်ထဲကိုငွေဝင်လာပါမယ်။

၄။ ပြီးရင်တော့ ထီစထိုးလိုရပါပြီ။

၅။ ထီပေါက်ရင်လည်း တူမီးအကောင့်ထဲတန်းဝင်မှာဖြစ်ပါတယ်။ (ထီတိုက်စရာမလိုဘူးနော်)

ထီထိုးပုံ အသေးစိပ်ကိုပုံနှင့်ကော ရုပ်သံနှင့်ပါ အောက်ကလင့်လေးမှာလေ့လာနိုင်ပါတယ်ခင်ဗျာ။

https://fb.watch/cjOGK8xLLV/

https://chin-lottery.com

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင် ဦးဆောင်အဖွဲ့များကို CYMA ခေါ်တွေ့

ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်တွင် ချင်းအမျိုးသားတပ်ဦးက ကောင်စီမှာ ကိုယ်စားလှယ်ပါဝင်မှု လျော့ချ

ဘုံရန်သူကို ဦးစားပေးတော်လှန်ပြီး နယ်မြေဒေသ/မျိုးနွယ်စုအရေးကို တော်လှန်ရေးကာလအလွန်မှာ အဖြေရှာရန် ချင်းတော်လှန်ရေးအင်အားစု ၁၈ ဖွဲ့ ပူးတွဲထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.