Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်မှာ တော်လှန်ရေးအရှိန်မြင့်နိုင်ရေးအတွက် Chin Digital Lottery – တူမီးထီကို စတင်ရောင်းချ

ချင်းပြည်နယ်မှာ တော်လှန်ရေးအရှိန်မြင့်နိုင်ရေးအတွက် Chin Digital Lottery – တူမီးထီကို စတင်ရောင်းချ

0
By Editor on April 15, 2022 Khonumthung

ချင်းပြည်နယ်မှာ တော်လှန်ရေးအရှိန်မြင့်နိုင်ရေးအတွက် ရန်ပုံငွေတစ်ရပ်ရှာဖွေတဲ့အနေနဲ့ Chin Digital Lottery – တူမီးထီကို စတင်ရောင်းချနေပြီလို့ ချင်းရန်ပုံငွေအဖွဲ့- Chin Relief Funding Program (CRFP) ကထုတ်ပြန်ထား ပါတယ်။

အဲဒီတူမီးထီကို ဧပြီလ ၁၁ ကနေ ၂၅ ရက်နေ့အထိ ပရိုမိုးရှင်းကာလအဖြစ် သတ်မှတ်ထားပြီး ထီတစ်စောင်ကို တစ်ဒေါ်လာနဲ့ ရောင်းချပေးလျှက်ရှိကာ ပထမဆုကို အမေရိကန် ဒေါ်လာ ၇၅၀ (မြန်မာငွေ ၁၅ သိန်းခန့်) ချီးမြင့်မယ့်အပြင် တခြားဆုသေးတွေလည်း ပါဝင်မယ်လို့ သိရပါတယ်။

တူမီးထီဟာ တော်လှန်ရေးကာလအတွင်း ရန်ပုံငွေရှာဖွေရန်အတွက် ယာယီသတ်မှတ်ထားတဲ့ အမည်နာမ တစ်ရပ်သာဖြစ်ပြီး နောင်ချင်းပြည်အစိုးရအသစ်ပေါ်‌ပေါက်လာတဲ့အခါ (Federal Lottery) အဖြစ် ချင်းဖက်ဒရယ်အ စိုးရထံသို့ တရားဝင်အပ်နှံသွားမယ်လို့ CRFP ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း ဒိုခါရ်က ယခုလိုပြေပါတယ်။

“ပထမအချက်ကတော့ ဘဏ္ဍာငွေရှာဖွေရေးသက်သက်မဟုတ်ဘဲနဲ့ လာမယ့်ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက် လာတဲ့အခါကျရင် ပြည်နယ် Lottery၊ ဖယ်ဒရယ် Lottery ဖြစ်သွားအောင် ရည်ရွယ်ပါတယ်။ ဘဏ္ဍာငွေ ရှာတဲ့နေရာမှာ ပိုက်ဆံကောက်တော့ကောက်တယ် ငွေကြေးရတယ် ဒါပေမယ့် စနစ်တစ်ခုပုံစံမျိုးမရှိနေဘူး။ ဒါကြောင့် စနစ်တစ်ခုလည်းဖန်တီးမယ် ဘဏ္ဍာငွေလည်းရမယ် တော်လှန်ရေးကိုလည်း အကျိုးပြုမယ်ဆိုတဲ့ ရှုတောင့် သုံးခုကနေ စဉ်းစားတာဖြစ်တယ်။ လက်ရှိအချိန်ထိတော့ အဖွဲ့အနေနဲ့ စမ်းသပ်လုပ်ဆောင်ပြီး အကောင်ထည်ဖော်နေတဲ့ပုံစံမျိုး ဖြစ်တဲ့အခါကျတော့ တရားဝင်ထီပုံစံမျိုးတော့မဟုတ်သေးဘူး။ ဒါပေမယ့် လာမယ့် ဖယ်ဒရယ် Lottery ပေါ်ပေါက်လာ ရေးကို ရည်ရွယ်ထားတဲ့အခါကျတော့ တော်လှန်ရေးရန်ပုံငွေရှာဖွေတဲ့အမည်နာမကို တူမီးထီ Federal Digital Lottery ဆိုပြီးတော့မှ နာမည် ပေးထားတာပါ။” ဆလိုင်းဒိုခါရ်ကပြောပါတယ်။

ဆက်လက်ပြီး ဆလိုင်းဒိုခါရ်က “ ချင်းပြည်နယ်တခုလုံးမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့ဖို့လုပ်တဲ့အရာဖြစ်တဲ့အတွက် ဒီတူမီးထီထဲမှာဝင်လာတဲ့ဝင်ငွေဆိုရင်တော့ ခွဲခြားမှုမရှိဘဲနဲ့ အားလုံးထံကို မျှမျှတတနဲ့ ထောက်ပံ့ဖို့ရည်ရွယ်ထားတဲ့ အခါကျတော့ ချင်းလူမျိုးအားလုံးကိုချုံတဲ့ ဘဏ္ဍာရေးရှာဖွေတဲ့ စနစ်တစ်ခုဖြစ်လာမည်” ပြောပါတယ်။

တူမီးထီ Chin Digital Lottery အစီအစဉ်ဟာ Internet အွန်လိုင်းကတဆင့် လွယ်ကူစွာ ကစားနိုင်မည့် စနစ်ဖြစ်ပြီး ကစားပုံအဆင့်ဆင့်ကို CRFP ရဲ့ Facebook စာမျာက်နှာမှာလည်း သွားရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။

ချင်းရန်ပုံငွေအဖွဲ့ – Chin Relief Funding Program (CRFP) ဟာ ချင်းအမျိုးသားတော်လှန်ရေး အတွက် လိုအပ်တဲ့ဘဏ္ဍာငွေရှာဖွေခြင်းနဲ့တော်လှန်ရေးကာလအလွန် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေကိုဦးတည်ပြီး ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ ၁၉ ရက်နေ့က ပြည်တွင်းပြည်ပချင်းလူမျိုးတွေက ဖွဲ့စည်းခဲ့ကြတာပါတယ်။

ချင်းရန်ပုံငွေအဖွဲ CRFP ၏ ပွဲဦးထွက် အစီအစဉ် ဖြစ်တဲ့တူမီးထီ (Chin Digital Lottery) စတင်မိတ်ဆက်တဲ့ အနေနှင့် 11.04.2022 မှ 25.04.2022 အထိ Promotion ကာလ သတ်မှတ်ထားပါတယ်။

ပရိုမိုးရှင်းအနေနှင့် တူမီးထီ Website https://chin-lottery.com ထဲ Login လုပ်ပြီး US$ 1.20 အခမဲ့ ရယူလိုက်ပါ။

US$ 1.20 ကနေ US$1 နဲ့ ထီထိုးရင် ပထမဆု US$ 750 (မြန်မာကျပ်ငွေ ၁၅ သိန်းခန့် ) အပြင်အခြား ဆုသေးများစွာလည်း သတ်မှတ်ထားပေးထားပါတယ်။

ကျန်ရှိတဲ့ 0.20 US$ ကို အခြား သူငယ်ချင်းတွေနဲ့ အချင်းချင်း လွှဲလို့ရတဲ့ စနစ်လေးတွေကိုလည်း မိတ်ဆက်ပေးချင်ပါတယ်နော်။

ကစားပုံအဆင့်ဆင့်လေးကတော့ လွယ်လွယ်လေးပါ

၁။ တူမီးထီ Website chin-lottery.com ကိုသွား

၂။ Login ကို Facebook သိုမဟုတ် Gmail နဲ့ဝင်လိုက်ပါ (မဟုတ်လည်း အကောင့်ဖွင့်လိုလည်းရပါတယ်)

၃။ Login လုပ်ပြီးရင်တော့ Deposit (ငွေထည့်ရန်) ဆိုတဲ့ ခလုပ်လေးကနေ “Promotion ‌လက်ဆောင်”

ကို‌ရွေးပြီး ငွေထည့်ပါ။ ၅ မိနစ်အတွင်း အကောင့်ထဲကိုငွေဝင်လာပါမယ်။

၄။ ပြီးရင်တော့ ထီစထိုးလိုရပါပြီ။

၅။ ထီပေါက်ရင်လည်း တူမီးအကောင့်ထဲတန်းဝင်မှာဖြစ်ပါတယ်။ (ထီတိုက်စရာမလိုဘူးနော်)

ထီထိုးပုံ အသေးစိပ်ကိုပုံနှင့်ကော ရုပ်သံနှင့်ပါ အောက်ကလင့်လေးမှာလေ့လာနိုင်ပါတယ်ခင်ဗျာ။

https://fb.watch/cjOGK8xLLV/

https://chin-lottery.com

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

သင်္ချိုင်းအုတ်ဂူမှာ မီဇိုးဘာသာစကား မသုံးလိုသူများအတွက် သင်္ဂြိုဟ်ခွင့်မရှိကြောင်း Zokhawthar YMA က အသိပေး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.