Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်၊ တီးတိန်မြို့၊ မြို့နယ်လဝကရုံးနဲ့ သမဝါယမရုံးတို့ကို PDF များမှ မီးရှို့ဖျက်ဆီးဆိုတဲ့သတင်းအမှား

ချင်းပြည်နယ်၊ တီးတိန်မြို့၊ မြို့နယ်လဝကရုံးနဲ့ သမဝါယမရုံးတို့ကို PDF များမှ မီးရှို့ဖျက်ဆီးဆိုတဲ့သတင်းအမှား

0
By Editor on October 28, 2022 Khonumthung

FactCheck

ဒီသတင်းအမှားကို Article-11 News ဆိုတဲ့ အကောင့်ကနေပြီး “၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက် မနေ့က ည ၁၁ နာရီခွဲခန့်က တီးတိန်မြို့ရှိ မြို့မရဲစခန်းအား PDF များမှ လာရောက် ပစ်ခတ်ရာ လုံခြုံရေးအဖွဲ့များမှ ပြန်လည်တိုက်ခိုက်သဖြင့် PDF များဆုတ်ခွာထွက်ပြေးသွားပြီး မြို့နယ်လဝကရုံးနှင့် သမဝါယမရုံးတို့အား မီးရှို့ဖျက်ဆီးသွားကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် တာဝန်ရှိသူများမှ သွားရောက်ရှင်းလင်း မီးငြိမ်းသတ်ခဲ့ပြီး နံနက် ၃ နာရီခန့်တွင် မီးညွှန့်ကျိုးသွားခဲ့ကြောင်း သိရှိရပါသည်။” လို့ ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

အဲ့ဒီမီးလောင်မှုများ၊ ပစ်ခတ်တိုက်ခိုက်မှုများနဲ့ ပတ်သက်ပြီး တီးတိန်ဒေသ လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ PDF- Zoland အနေနဲ့ “သူတို့လက်ချက်မဟုတ်သလို ပြည်သူများကို စိုးရိမ်ထိန်လန့်အောင်လုပ်နေတဲ့ အဖွဲ့ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့” သတင်းထုတ်ပြန်ထားပါတယ်။

တီးတိန်မြို့နယ် မိန်းပေါက်ဘက်ကို တာဝန်ယူထားတဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် CDF CDM-SIYIN အနေနဲ့လည်း အဲ့ကြောင်းအရာများနဲ့ ပတ်သက်ပြီး “သူတို့အနေနဲ့ ဘယ်အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာ မသိရသလို ဒေသခံတပ်များထံ အသိမပေးပဲ တစ်စုံတရာ လှုပ်ရှားမှုများ ဖြစ်သွားတဲ့အပေါ် အမည်မသိ လက်နက်ကိုင်တချို့ကိုလည်း ရှုတ်ချပါကြောင်း” သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ ည ၉နာရီ ၁၅မိနစ်ခန့်မှပြီး တီးတိန်မြို့၊ မြို့မရပ်ကွက်ရှိ သမဝါယမရုံး၊ မီးလောင်ခြင်း၊ ပြည်သူ့အင်အားဝန်ကြီးဌာနရုံး ၊ ဝန်ထမ်းအိမ်ယာများ မီးလောင်ခြင်းဖြစ်ပြီး မီးလောင်နေစဉ် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပါတယ်။

မီးလောင်နေစဉ် ရမ်းသန်းပစ်ခတ်မှုကြောင့် တီးတိန်-လိုင်လိုးရွာကြားရှိ နေအိမ်တစ်လုံး လက်နက်ကြီးထိမှန်ပြီး နေအိမ်ရှိအမျိုးသမီး တစ်ဦးနဲ့ တီးတိန်မြို့ အနောက်ဘက်ရပ်ကွက်ရှိ ဒေသခံတစ်ဦးတို့ လက်ကြီးကျည်ထိမှန်ကာ သေဆုံးခဲ့တယ်လို့ မြို့နေဒေသခံများကနေ သိရှိရပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.