(006SV)
အာဏာသိမ်းစစ်ကော်မရှင်သည် ချင်းပြည်နယ်မှာ လက်ရှိ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်ကို ထုတ်ပယ်လိုက်ပြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးတို့ကို အသစ်ပြောင်းလဲ ခန့်အပ်လိုက်ကြောင်း သိရသည်။
လက်ရှိ ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုးကို ကျန်းမာရေးအရ မတ်လ ၁ ရက်မှစတင်၍ တာဝန်မှ အနားယူခွင့်ပြုလိုက်ကြောင်း စစ်ကော်မရှင်က ယမန်နေ့ မတ်လ ၁၀ ရက်မှာ ကြေညာသည်။
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးမြတ်စံကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း စစ်ကော်မရှင်က မတ်လ ၁၀ ရက်မှာ ထုတ်ပြန်သည်။
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီးအဖြစ်လည်း ဦးကျော်သောင်းအောင်ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း စစ်ကော်မရှင်က မတ်လ ၁၀ ရက်မှာထုတ်ပြန်သည်။
စစ်ကော်မရှင် ဦးဆောင်ကျင်းပသော ရွေးကောက်ပွဲများ ပြီးစီးပြီနောက် မတ်လအတွင်း လွှတ်တော်များ စတင်ခေါ်ယူရန် ပြင်ဆင်နေပြီး ဧပြီလဆန်းပိုင်းတွင် အစိုးရအဖွဲ့များ စတင်ဖွဲ့စည်းမည်ဖြစ်ကြောင်း စစ်ကော်မရှင်က ကြေညာထားသလို စစ်အစိုးရအဖွဲ့အသစ်ကို မလွှဲပြောင်းမှီ ချင်းပြည်နယ်က တရားလွှတ်တော်ရာထူးများကို အပြောင်းအလဲ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

