Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဆောင်ရွက်မည် ဟု စစ်ခေါင်းဆောင် ပြော

ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းဆောင်ရွက်မည် ဟု စစ်ခေါင်းဆောင် ပြော

0
By Editor on April 10, 2026 Headline

ယင်းကောင်စီကို အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်း ဦးဆောင်မည်

(006SV)

ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းပြီး ဆောင်ရွက်သွားမည်ဟု စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း မင်းအောင်လှိုင်က ကိုယ်တိုင်ခန့် သမ္မတ ရာထူး ရယူခြင်း မိန့်ခွန်းတွင် ပြောသည်။

ယနေ့ ဧပြီလ ၁၀ ရက်၊ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမ္မတ ရာထူးရယူခြင်းနှင့် သမ္မတ၊ ဒုသမ္မတများ၊ စစ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် အဖွဲ့အစည်းများ ကျမ်းသစ္စာကျိန်ဆိုခြင်း အခမ်းအနားတွင် စစ်ခေါင်းဆောင်က သမ္မတမိန်းခွန်းမှာ ယင်းသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

“ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ ရည်ရွယ်ချက် လုပ်ငန်းစဉ်တွေကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး တို့ကို ဘက်စုံလွှမ်းခြုံဆောင်ရွက်နိုင်ဖို့အတွက် ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ ဥပဒေနဲ့အညီ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဖွဲ့စည်းပြီး တာဝန်ပေးအပ် သွားမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု အတိုင်ပင်ခံကောင်စီအနေနဲ့ ဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်း ပြည်ထောင်စုရဲ့ လုံခြုံရေးနဲ့ တရားဥပဒေဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်တွေ ဥပဒေပြဌာန်းရေးဆိုင်ရာ ကိစ္စရပ်တွေကို အစိုးရထံ အကြံပေးတာတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု စစ်ခေါင်းဆောင်း မင်းအောင်လှိုင်က ပြောသည်။

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး ငြိမ်းချမ်းရေး ရရှိရန် မဖြစ်မနေ လိုအပ်သည့်အတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားပြည်သူများနှင့် တိုင်းရင်းသားပါတီအားလုံး အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားမည်ဟု စစ်ခေါင်းဆောင်က မိန့်ခွန်းမှာ ထည့်သွင်းပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ သဘောတူချုပ်ဆိုထားသည့် ပြည်ထောင်စု သဘောတူ စာချုပ်အစိတ်အပိုင်း ၁၊ ၂ နှင့် ၃ တို့ကိုလည်း ပြည်ထောင်စုလွှတ်တော်သို့ ဆွေးနွေးအတည်ပြုချက် ရယူသွားမည်ဟု သိရသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်ရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီ အစုအဖွဲ့များဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ဆွေးနွေး သဘောတူထားသည့် အချက် ၄၃ ချက်ကိုလည်း ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းဆွေးနွေးသွားမည်ဟု စစ်ခေါင်းဆောင်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို ဥက္ကဌအဖြစ် အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင် စိုးဝင်က တာဝန်ယူပြီး အတွင်းရေးမှူးမှာ အငြိမ်းစားဗိုလ်ချုပ်ကြီး ဦးမောင်မောင်အေး ဖြစ်သည်ဟု ယနေ့ ဧပြီလ ၁၀ ရက်မှာ ထုတ်ပြန်သည်။

ကောင်စီအဖွဲ့ဝင်များမှာ စစ်ကော်မရှင်လက်ထက် နိုင်ငံခြားရေးဝန်ကြီးဖြစ်ခဲ့သည့် ဦးသန်းဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဖြစ်ခဲ့သည့် ဦးကိုကိုလှိုင်၊ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးမိုးအောင်၊ ဒေါက်တာရင်ရင်နွယ်၊ ဒေါ်ချိုချိုကျော်ငြိမ်း၊ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး၊ စစ်ကော်မရှင်အဖွဲ့ဝင်ဟောင်း မန်းငြိမ်းမောင်နှင့် ဒေါ်ဒွဲဘူ၊ စစ်ကော်မရှင်လက်ထက် တိုင်းရင်းသားရေးရာ ဒုဝန်ကြီးဖြစ်ခဲ့သူ ရခိုင်နိုင်ငံရေးသမား ဦးဇော်အေးမောင်တို့ ဖြစ်သည်ဟု သိရသည်။

ယင်းကောင်စီသည် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေပြဌာန်းရေးဆိုင်ရာ ကိစ္စရပ်များကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်သွားမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းနှင့် အာရက္ခလူထု အကျိုးစီးပွားကို အပြန်အလှန်ကာကွယ်စောင့်ရှောက်ပြီး AA နဲ့ ရေရှည်လက်တွဲမည်ဟု CB နှင့် CPA ထုတ်ပြန်

ချင်းပြည်လွတ်မြောက်ရေး ဆက်ပြီးကြိုးပမ်းဆောင်ရွက်မည်ဟု CDF-Thantlang ပြော

လက်ရှိ တက်လာသော စစ်အစိုးရသည် အတုအယောင် ရွေးကောက်ခံ စစ်အစိုးရသာဖြစ်ဟု BNI ကြေညာ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.