Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စကစမှ ဟားခါးခရိုင်အမျိုးသမီးကော်မတီဖွဲ့စည်းပြီး အဖွဲ့ဝင်များအားအတင်းခန့်အပ်

စကစမှ ဟားခါးခရိုင်အမျိုးသမီးကော်မတီဖွဲ့စည်းပြီး အဖွဲ့ဝင်များအားအတင်းခန့်အပ်

0
By Editor on May 6, 2021 Headline
Benezer – ချင်းပြည်နယ် ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဌမှ အဖွဲ့ဝင် (၁၉)ဦးပါဝင်သည့် ဟားခါးခရိုင်အမျိုးသမီးကော်မတီ ဖွဲ့စည်းပြီး ပါဝင်သည့်အဖွဲ့ဝင်အများစုမှာ ၎င်းတို့မသိရှိဘဲ ခန့်အပ်ခြင်းဖြစ်ကြောင်း ခန့်အပ်ခံရသည့် အဖွဲ့ဝင်အချို့ထံမှ သိရသည်။
ဟားခါးခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဌမှ ဧပြီလ ၂၃ ရက်နေ့ရက်စွဲဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် ဟားခါးခရိုင်အမျိုးသမီးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ကြောင်း အဖွဲ့ဝင်များထံ မေလ ၄ ရက်နေ့တွင် စာရောက်ရှိလာကြောင်းသိရသည်။
“အဲဒီအဖွဲ့ထဲမှာ ပါတာက ကျမကို Youth Corner အဖွဲ့ကိုယ်စားပြုအနေနဲ့တွေ့ရတယ်၊ ဒါကလည်း သူတို့စာပေးလာမှသိရတယ်၊ လက်ခံဖို့လည်းမရှိဘူး၊ အဲဒီကြားထဲ နာမည်ရေးတာလည်း မမှန်ပြန်ဘူး၊ ကျမအထင်တော့ Youth Corner အနေနဲ့ အသင်းမှတ်ပုံတင်ထားတာရှိတယ်၊ အဲဒီကနေ သူတို့ဟာသူတို့ ထည့်လိုက်တာလို့ထင်တယ်၊ သူတို့ထည့်တာလည်းမသိဘူး၊ လက်ခံဖို့လည်းမရှိဘူး”ဟု ခန့်အပ်ခံရသည့်အဖွဲ့အစည်းတွင် နာမည်ပါလာသည့် Velpi မှပြောသည်။
စစ်ကောင်စီမှ ဖွဲ့စည်းလိုက်သည့် ဟာခါးခရိုင်အမျိုးသမီးကော်မတီတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးမှ ဥက္ကဌ တာဝန်ယူထားပြီး ဌာနဆိုင်ရာအသီးသီးမှ ခရိုင်အရာရှိများအပြင် ဟားခါးခရိုင်အတွင်းမှ အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား အဖွဲ့ဝင်စာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။
အဆိုပါအမျိုးသမီးအဖွဲ့တွင် ပါဝင်သူ အခြားတစ်ဦးမှ“ကျနော်လည်း မနေ့ညက စာရတော့ အရမ်းအံဩတယ်၊ အကြောင်းလည်းမကြားထားဘူး၊ သူတို့အစည်းအဝေးကို ဧပြီ ၂၄ရက်က လုပ်တယ်ထင်တယ်၊ အဲဒါလည်းမသိဘူး၊ စာကလည်းမနေ့ကမှ ရတယ်၊ ဖုန်လည်းမဆက်ဘူး၊ ဒီလိုထည့်မယ်ဆိုတာလည်းဘာမှပြောဘူး၊ ကျနော်အနေနဲ့ပါဝင်နိုင်မှာလည်းမဟုတ်ဘူး”ဟု ပြောသည်။
ထို့ပြင် ဟားခါးခရိုင်အမျိုးသမီးတွင် အမည်စာရင်းပါလာသည့် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူအချို့မှလည်း ၎င်းတို့အနေဖြင့် မအားသဖြင့် အဆိုပါအဖွဲ့တွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း လှောင်ပြောင်ရေးသားထားကြသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တစ်လဝန်းကျင်ကြာ သိုင်းငင်းတိုက်ပွဲများတွင် ချင်းတော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဟားခါးမြို့နယ် Ruan ကျေးရွာက နေအိမ် ၄ လုံး ထပ်မံပျက်စီး

တီးတိန်မြို့အဝင်က စစ်ကော်မရှင်စခန်းတစ်ခုကို ချင်းညီနောင် တိုက်ခိုက်၊ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.