Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စကစမှ ဟားခါးခရိုင်အမျိုးသမီးကော်မတီဖွဲ့စည်းပြီး အဖွဲ့ဝင်များအားအတင်းခန့်အပ်

စကစမှ ဟားခါးခရိုင်အမျိုးသမီးကော်မတီဖွဲ့စည်းပြီး အဖွဲ့ဝင်များအားအတင်းခန့်အပ်

0
By Editor on May 6, 2021 Headline
Benezer – ချင်းပြည်နယ် ဟားခါးခရိုင်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဌမှ အဖွဲ့ဝင် (၁၉)ဦးပါဝင်သည့် ဟားခါးခရိုင်အမျိုးသမီးကော်မတီ ဖွဲ့စည်းပြီး ပါဝင်သည့်အဖွဲ့ဝင်အများစုမှာ ၎င်းတို့မသိရှိဘဲ ခန့်အပ်ခြင်းဖြစ်ကြောင်း ခန့်အပ်ခံရသည့် အဖွဲ့ဝင်အချို့ထံမှ သိရသည်။
ဟားခါးခရိုင် စီမံအုပ်ချုပ်ရေးဥက္ကဌမှ ဧပြီလ ၂၃ ရက်နေ့ရက်စွဲဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန် ဟားခါးခရိုင်အမျိုးသမီးကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ကြောင်း အဖွဲ့ဝင်များထံ မေလ ၄ ရက်နေ့တွင် စာရောက်ရှိလာကြောင်းသိရသည်။
“အဲဒီအဖွဲ့ထဲမှာ ပါတာက ကျမကို Youth Corner အဖွဲ့ကိုယ်စားပြုအနေနဲ့တွေ့ရတယ်၊ ဒါကလည်း သူတို့စာပေးလာမှသိရတယ်၊ လက်ခံဖို့လည်းမရှိဘူး၊ အဲဒီကြားထဲ နာမည်ရေးတာလည်း မမှန်ပြန်ဘူး၊ ကျမအထင်တော့ Youth Corner အနေနဲ့ အသင်းမှတ်ပုံတင်ထားတာရှိတယ်၊ အဲဒီကနေ သူတို့ဟာသူတို့ ထည့်လိုက်တာလို့ထင်တယ်၊ သူတို့ထည့်တာလည်းမသိဘူး၊ လက်ခံဖို့လည်းမရှိဘူး”ဟု ခန့်အပ်ခံရသည့်အဖွဲ့အစည်းတွင် နာမည်ပါလာသည့် Velpi မှပြောသည်။
စစ်ကောင်စီမှ ဖွဲ့စည်းလိုက်သည့် ဟာခါးခရိုင်အမျိုးသမီးကော်မတီတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးမှ ဥက္ကဌ တာဝန်ယူထားပြီး ဌာနဆိုင်ရာအသီးသီးမှ ခရိုင်အရာရှိများအပြင် ဟားခါးခရိုင်အတွင်းမှ အသင်းအဖွဲ့များမှ တာဝန်ရှိသူများအား အဖွဲ့ဝင်စာရင်းတွင် ထည့်သွင်းထားကြောင်း သိရသည်။
အဆိုပါအမျိုးသမီးအဖွဲ့တွင် ပါဝင်သူ အခြားတစ်ဦးမှ“ကျနော်လည်း မနေ့ညက စာရတော့ အရမ်းအံဩတယ်၊ အကြောင်းလည်းမကြားထားဘူး၊ သူတို့အစည်းအဝေးကို ဧပြီ ၂၄ရက်က လုပ်တယ်ထင်တယ်၊ အဲဒါလည်းမသိဘူး၊ စာကလည်းမနေ့ကမှ ရတယ်၊ ဖုန်လည်းမဆက်ဘူး၊ ဒီလိုထည့်မယ်ဆိုတာလည်းဘာမှပြောဘူး၊ ကျနော်အနေနဲ့ပါဝင်နိုင်မှာလည်းမဟုတ်ဘူး”ဟု ပြောသည်။
ထို့ပြင် ဟားခါးခရိုင်အမျိုးသမီးတွင် အမည်စာရင်းပါလာသည့် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိသူအချို့မှလည်း ၎င်းတို့အနေဖြင့် မအားသဖြင့် အဆိုပါအဖွဲ့တွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း လှောင်ပြောင်ရေးသားထားကြသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.