Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက ချင်းပြည်နယ်တွင် ၂ လအတွင်း ဗုံးအလုံး ၁၂၀ ကျော်ကြဲချ၊ CNA ရဲဘော် ၂ ဦးအပါအဝင် အရပ်သား ၂၄ ဦးသေဆုံးဟု CNF ထုတ်ပြန်

စစ်ကောင်စီက ချင်းပြည်နယ်တွင် ၂ လအတွင်း ဗုံးအလုံး ၁၂၀ ကျော်ကြဲချ၊ CNA ရဲဘော် ၂ ဦးအပါအဝင် အရပ်သား ၂၄ ဦးသေဆုံးဟု CNF ထုတ်ပြန်

0
By Editor on May 9, 2023 Headline

(01RB)

ခုခံတော်လှန်စစ်အားကောင်းသော ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က ပြီးခဲ့သည့် မတ်လနှင့်ဧပြီလအတွင်းမှာ တိုက်လေယာဉ်အပါအဝင် လေကြေင်းကနေ ဗုံးအလုံး ၁၂၀ ကျော်ကြဲချတိုက်ခိုက်ခဲ့ပြီး CNA ရဲဘော် ၂ ဦးအပါအဝင် အရပ်သား ၂၄ ဦးသေဆုံးခဲ့သည် ဟု ချင်းအမျိုးသားတပ်ဦး CNF က မေလ ၈ ရက်နေ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် ၂ လအတွင်းမှာ ထန်တလန်၊ ဟားခါး၊ ဖလမ်း၊ မင်းတပ် စသည့် မြို့နယ် ၄ မြို့နယ်တို့တွင် တိုက်လေယာဉ်၊ စစ်ရဟတ်ယာဉ်များဖြင့် ဗုံး ၁၂၁ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “တကယ်တော့ အဲဒီလိုတိုက်လေယာဉ်တွေပိုသုံးလာတာက သူ့မှာ မြေပြင်အင်အားက ချိနဲ့နေပြီလို့ ပြောလို့ရတယ် အဲဒါကြောင့် အဆုံးစွန် လေကြောင်းကို အသုံးပြုလာတာပေါ့နော်” ဟု ပြောသည်။

ထိုသို့ဗုံးကြဲတိုက်ခိုက်ရာတွင် အရပ်သားပြည်သူများနေထိုင်သော ကျေးရွာ ၄ ရွာတွင် ဗုံး ၂၂ လုံးကျော် ကြဲချခဲ့ပြီး ကျန်ဗုံး ၉၉ လုံးမှာ ကျေးရွာအနီးနား ကျမှန်ခဲ့သည်ဟု CNF က ဆိုသည်။

မတ်လ ၃၀ ရက်နေ့မှာ ထန်တလန်မြို့နယ် ခွါဖိုးကျေးရွာ၊ ဧပြီလ ၁၀ ရက်နေ့မှာ ဖလမ်းမြို့နယ် ဝေဘူလမြို့၊ ဧပြီလ ၁၆ ရက်နေ့မှာ မင်းတပ်မြို့နယ် တိုက်နယ်အမှတ် ၁ ပန်းပါကျေးရွာနှင့် ဧပြီလ ၂၇ ရက်နေ့မှာ ထန်တလန်မြို့နယ် တလန်လိုကျေးရွာတို့ကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့၏ ၂ လအတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသားတပ်မတော် CNA ရဲဘော် ၂ ဦးအပါအဝင် ချင်းပြည်သူ ၂၄ ဦးသေဆုံးခဲ့ပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု CNF ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်း ၄ ဆောင်အပါအဝင် လူနေအိမ်အလုံး ၅၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုပါသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.