Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီက တမူး-ကလေး ကားလမ်း ကန့်သတ်ပိတ်ပင်ထားမှုကြောင့် ပြည်သူများအခက်ကြုံ
ယခင်ပုံဟောင်း

စစ်ကောင်စီက တမူး-ကလေး ကားလမ်း ကန့်သတ်ပိတ်ပင်ထားမှုကြောင့် ပြည်သူများအခက်ကြုံ

0
By Editor on September 23, 2024 Khonumthung

(002MG)

စစ်ကောင်စီက ကလေး-တမူး ကားလမ်းပိုင်းကို စက်တင်ဘာလ ၂၀ ရက်နေ့ကကတည်းက ပိတ်ထားသည့်အတွက် ခရီးသွားပြည်သူများနှင့် ဒေသခံများ အခက်ကြုံနေကြရသည်ဟု သိရသည်။

“စစ်တပ်ဖက်က ကလေးကနေ တမူးအထိကို ပိတ်တာ ကလေး မြို့ကနေ လက်ပံချောင်းဖက် ရာဇဂြိုလ်ကို သူတို့ (စကစ) အမြောက်လက်နက်ကြီးနဲ့ ပစ်တာနဲ့ ဖြစ်တာ လေးရက်လောက်ရှိပြီ၊အာ့ကြောင့် ဘယ်သူမှ မသွားရဲကြဘူး၊ ကျွန်တော် တို့ ရွာက ကလေးမြို့မှာ ဆေးခန်းသွားတဲ့သူတွေ (၁၀) ယောက်ကျော်တယ် အခုသူတို့လည်း အားလုံးပိတ်မိနေတာ” ဟု တမူးမြို့နယ်အတွင်းရှိ ဘုက္ကန်ကျေးရွာဒေသခံတစ်ဦးကပြောသည်။

ပုံမှန်လမ်းကြောင်းဖြစ်သော ကလေး-တမူး ဆက်သွယ်သည့် အာရှလမ်းမကြီးသည် လုံခြုံရေးအခြေအနေကြောင့် ပိတ်ထားသည့်အတွက် ကလေး-လက်ပံချောင်းလမ်းကတဆင့် ရာဇဂြိုဟ်မှ ခါမ်းပါတ်-တမူးမြို့သို့ ကွင်းလမ်းဖြင့် သွားလာကြရသည်။

သို့သော်လည်း ယခုအခါ ထိုကွင်းလမ်းမှာလည်း ကလေးမြို့အထွက် ဆည်ကြီးရွာမှာတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့က ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည့်အတွက် အခက်ကြုံနေကြခြင်းဖြစ်သည်။

ယနေ့ စက်တင်ဘာလ (၂၃) ရက်နေ့တွင်မူ ဆည်ကြီးရွာက စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် အရေးပေါ် ကျန်းမာ ရေးကုသရန်လိုအပ်သည့် ပြည်သူများကို ဖြတ်သန်းသွားလာခွင့်ပြုထားသည်ဟု ဆည်ကြီးကျေးရွာ အမျိုးသားတဦး ကပြောသည်။

“ဒီနေ့ကတော့ နည်းနည်း အရေးကြီးပိုင်း၊ လူနာတွေကို ဆည်ကြီးဂိတ်မှာ ပြောပြီးတော့ လွတ်ကြတယ်၊ ဆည်ကြီးတံတားကို ခြေလျင်နဲ့ဖြတ်ပြီးတော့မှ သွားရတယ်။ အများပြည်သူအတွက်တော့ မဟုတ်သေးဘူး” ဟု ဆည်ကြီးကျေးရွာ အမျိုးသားတဦးက ပြောသည်။

လက်ရှိတွင် ကလေး-တမူးကားလမ်းပိုင်း ပိတ်ထားပြီး ကားလိုင်းများပြေးဆွဲခြင်းမရှိသေးသောကြောင့် အရေးပေါ် ကျန်းမာရေးအတွက် မဖြစ်မနေသွားရသည့် ပြည်သူများသည် ဆိုက်တွဲ၊ ဆိုင်ကယ် ကယ်ရီဖြင့် ကလေးမြို့မှတဆင့် ဘုက္ကန်ကျေးရွာအထိ လူတစ်ဦးလျင် (၃) သိန်းကျပ်ဖြင့် ပို့ဆောင်ပေးသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

Lawngtlai ခရိုင်အုပ်ချုပ်ရေးမှူးက စစ်ဘေးရှောင်များ၊ နိုင်ငံခြားသားများနှင့်ပတ်သက်သောလိုက်နာဆောင်ရွက်ရမည့် အချက် ၇ ချက်ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 9, 2026

ပလက်ဝမြို့နယ်အတွင်း ရခိုင်ဘာသာသင်ရိုးသစ်သင်ကြားမှုမှာ မသင်မနေရ အတင်းအဓမ္မ သင်ယူခိုင်းခြင်းမျိုးမဟုတ်ဟု အာရက္ခအမျိုးသားပညာရေးဌာနထုတ်ပြန်

September 9, 2026

တွန်းဇံမြို့နယ်တွင် ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ လူငယ်တစ်ဦး သေဆုံး

September 9, 2026

နှာရိန်မြို့တွင် ဝက် (၁၁) ကောင်အထိ သေဆုံးမှုရှိလာ၍ ဝက်ရောဂါသံသယဖြစ်ပွားမှုအဆင့်အဖြစ် သတ်မှတ်ကြေညာ

September 8, 2026

ပြည်တွင်းပြည်ပနိုင်ငံများသို့ တရားမဝင်လူပို့သည်ဆိုသော စွဲချက်ဖြင့် အမျိုးသမီးတစ်စုကို ULA/AA ထောက်လှမ်းရေးက ကျင်ဒွေးမှာ စီးနင်းဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.