Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက မင်းတပ်ကို ၂ လအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၄၀ ကျော်ပြုလုပ်၊ နေအိမ် ၃၀ ကျော် မီးရှို့

စစ်ကောင်စီက မင်းတပ်ကို ၂ လအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၄၀ ကျော်ပြုလုပ်၊ နေအိမ် ၃၀ ကျော် မီးရှို့

0
By Editor on September 30, 2024 Headline

(002MG)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက (၂) လအတွင်း လေကြောင်းဖြင့် (၄၄) ကြိမ် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူနေအိမ် (၃၆) လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDF-Mindat က ပြောသည်။

စစ်ကောင်စီ၏ ၂ လတာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်း (၂) ကျောင်း၊ ဘော်ဒါဆောင်(၄) ဆောင်၊ ပြည်သူနေအိမ် (၉) လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု CDF-Mindat က စက်တင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်သည်။

မင်းတပ်ပေါ်အနီးတဝိုက်အပါအဝင် တိုက်နယ် (၁)၊ တိုက်နယ် (၂)၊ တိုက်နယ် (၃) တိုက်နယ် (၄) နှင့် တိုက်နယ် (၁၃) တို့မှာ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄ ကြိမ် ပြုလုပ်ခဲ့သည်ဟုဆိုသည်။

Y-12ထောက်ပို့လေယာဉ်ဖြင့် မင်းတပ်မြို့ ခလရ (၂၇၄) ထဲသို့ လက်နက်၊ ခဲယမ်း၊ ရိက္ခာများကို (၅၃) ကြိမ်ချပေးခဲ့သည်ဟု သိရသည်။

ထို့အပြင် မင်းတပ်မြို့ပေါ်က နေအိမ်များကိုလည်း ဩဂုတ်လ ၂၂ ရက်နေ့ကစ၍ စက်တင်ဘာလ ၂၇ ရက်နေ့အထိ ၇ ကြိမ်မီးရှိုခဲ့ပြီး လူနေအိမ် ၃၆ လုံး မီးလောင်ပြာကျခဲ့ရသည်ဟု CDF-Mindat ကပြောသည်။

စစ်ကောင်စီ၏ မီးရှို့မှုကြောင့် မင်းတပ်မြို့အနောက်ရပ်ကွက်တွင် နေအိမ် (၁၄) လုံး၊ စံပြရပ်ကွက်တွင် နေအိမ် (၉) လုံး၊ အရှေ့ပြင်ရပ်ကွက်တွင် (၁၃) လုံးတို့မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.