Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက မင်းတပ်ကို ၂ လအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၄၀ ကျော်ပြုလုပ်၊ နေအိမ် ၃၀ ကျော် မီးရှို့

စစ်ကောင်စီက မင်းတပ်ကို ၂ လအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၄၀ ကျော်ပြုလုပ်၊ နေအိမ် ၃၀ ကျော် မီးရှို့

0
By Editor on September 30, 2024 Headline

(002MG)

ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်တွင် စစ်ကောင်စီက (၂) လအတွင်း လေကြောင်းဖြင့် (၄၄) ကြိမ် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူနေအိမ် (၃၆) လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း CDF-Mindat က ပြောသည်။

စစ်ကောင်စီ၏ ၂ လတာအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ (၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်း (၂) ကျောင်း၊ ဘော်ဒါဆောင်(၄) ဆောင်၊ ပြည်သူနေအိမ် (၉) လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု CDF-Mindat က စက်တင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်သည်။

မင်းတပ်ပေါ်အနီးတဝိုက်အပါအဝင် တိုက်နယ် (၁)၊ တိုက်နယ် (၂)၊ တိုက်နယ် (၃) တိုက်နယ် (၄) နှင့် တိုက်နယ် (၁၃) တို့မှာ ဩဂုတ်လနှင့် စက်တင်ဘာလအတွင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၄၄ ကြိမ် ပြုလုပ်ခဲ့သည်ဟုဆိုသည်။

Y-12ထောက်ပို့လေယာဉ်ဖြင့် မင်းတပ်မြို့ ခလရ (၂၇၄) ထဲသို့ လက်နက်၊ ခဲယမ်း၊ ရိက္ခာများကို (၅၃) ကြိမ်ချပေးခဲ့သည်ဟု သိရသည်။

ထို့အပြင် မင်းတပ်မြို့ပေါ်က နေအိမ်များကိုလည်း ဩဂုတ်လ ၂၂ ရက်နေ့ကစ၍ စက်တင်ဘာလ ၂၇ ရက်နေ့အထိ ၇ ကြိမ်မီးရှိုခဲ့ပြီး လူနေအိမ် ၃၆ လုံး မီးလောင်ပြာကျခဲ့ရသည်ဟု CDF-Mindat ကပြောသည်။

စစ်ကောင်စီ၏ မီးရှို့မှုကြောင့် မင်းတပ်မြို့အနောက်ရပ်ကွက်တွင် နေအိမ် (၁၄) လုံး၊ စံပြရပ်ကွက်တွင် နေအိမ် (၉) လုံး၊ အရှေ့ပြင်ရပ်ကွက်တွင် (၁၃) လုံးတို့မီးလောင်ပြာကျခဲ့ရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.