Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

0
By Editor on February 7, 2023 Headline

ချင်းပြည်နယ် မတူပီမြိုနယ် ဇိုတုန်နယ်မြေတွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူ ၁၀ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်အဖြစ် ခေါ်ယူအသုံးပြုနေကြောင်း CDF-Zotung တာဝန်ရှိသူတစ်ဦးက ပြောသည်။

မတူပီမြို့နယ် ဇိုတုန်နယ်မြေ တိန်ဆီးရွာနှင့် ထော်လန်ရွာကြားတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Zotung တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ဒေသခံပြည်သူ ၁၀ ဦးကို လူသားဒိုင်းကာအဖြစ် ခေါ်ယူအသုံးပြုခဲ့ခြင်းဖြစ်သည်။

လူသားဒိုင်းကာအဖြစ် ခေါ်ယူအသုံးပြုခံရသူ ပြည်သူ ၁၀ ဦးထဲတွင် အသက် ၁၈ နှစ်အောက်မိန်းကလေး ၂ ဦးလည်းပါဝင်ကာ ၎င်းတို့ထဲမှ ၂ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၈ ဦးကိုကတော့ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း CDF-Zotung က ဆိုသည်။

CDF-Zotung ပြောရေးဆိုခွင့်ရှိသူ ကိုဂျွန်က “ပုံမှန်စဉ်စားကြည့်မယ်ဆိုရင် လက်နက်မကိုင်တဲ့ သာမန်အရပ်သားပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွား တယ်ဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် လက်နက်ကိုင်အချင်းချင်း ဘာမှလုပ်လို့မရတဲ့အခါမှာ အပြစ်မဲ့ပြည်သူတွေကို ဓားစာခံ အနေနဲ့ခေါ်ဆောင်တယ်ဆိုတာကတော့ သူရဲဘောကြောင်တဲ့လုပ်ရပ်ပဲ” ဟု ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့သည် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း CDF-Zotung တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် ၂၄ နှစ်အရွယ် ဆလိုင်းဟာကာလျန်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ဇိုတုန်နယ်မြေထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာနေပြီး ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ရေးတင်းမာလျှက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.