Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

0
By Editor on February 7, 2023 Headline

ချင်းပြည်နယ် မတူပီမြိုနယ် ဇိုတုန်နယ်မြေတွင် စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူ ၁၀ ဦးကို ဖမ်းဆီးပြီး လူသားဒိုင်အဖြစ် ခေါ်ယူအသုံးပြုနေကြောင်း CDF-Zotung တာဝန်ရှိသူတစ်ဦးက ပြောသည်။

မတူပီမြို့နယ် ဇိုတုန်နယ်မြေ တိန်ဆီးရွာနှင့် ထော်လန်ရွာကြားတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Zotung တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ဒေသခံပြည်သူ ၁၀ ဦးကို လူသားဒိုင်းကာအဖြစ် ခေါ်ယူအသုံးပြုခဲ့ခြင်းဖြစ်သည်။

လူသားဒိုင်းကာအဖြစ် ခေါ်ယူအသုံးပြုခံရသူ ပြည်သူ ၁၀ ဦးထဲတွင် အသက် ၁၈ နှစ်အောက်မိန်းကလေး ၂ ဦးလည်းပါဝင်ကာ ၎င်းတို့ထဲမှ ၂ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ကျန် ၈ ဦးကိုကတော့ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း CDF-Zotung က ဆိုသည်။

CDF-Zotung ပြောရေးဆိုခွင့်ရှိသူ ကိုဂျွန်က “ပုံမှန်စဉ်စားကြည့်မယ်ဆိုရင် လက်နက်မကိုင်တဲ့ သာမန်အရပ်သားပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွား တယ်ဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် လက်နက်ကိုင်အချင်းချင်း ဘာမှလုပ်လို့မရတဲ့အခါမှာ အပြစ်မဲ့ပြည်သူတွေကို ဓားစာခံ အနေနဲ့ခေါ်ဆောင်တယ်ဆိုတာကတော့ သူရဲဘောကြောင်တဲ့လုပ်ရပ်ပဲ” ဟု ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့သည် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း CDF-Zotung တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် ၂၄ နှစ်အရွယ် ဆလိုင်းဟာကာလျန်းကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ဇိုတုန်နယ်မြေထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာနေပြီး ဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ရေးတင်းမာလျှက်ရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေး-တမူးလမ်းပိုင်း တကျော့ပြန်တိုက်ပွဲကြောင့် အိန္ဒိယနယ်စပ်ဘက် စစ်ရှောင်ကြသောပြည်သူများ အကူအညီလိုအပ်နေ

မင်းတပ် လေကြောင်းတိုက်ခိုက်မှုမှာ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး သေဆုံး

ဟားခါးနှင့် တမူးမြို့နယ်က ချင်းတော်လှန်ရေးစခန်းများ လေကြောင်းတိုက်ခိုက်ခံရ၊ ရဲဘော် ၈ ဦးကျဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.