Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်ဖွဲ့နှင့် ၃ လအတွင်း တိုက်ပွဲပေါင်း ၁၂ ကြိမ်ဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်က ၃၇ ဦးသေဆုံးဟု CNO ထုတ်ပြန်

စစ်ကောင်စီတပ်ဖွဲ့နှင့် ၃ လအတွင်း တိုက်ပွဲပေါင်း ၁၂ ကြိမ်ဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်က ၃၇ ဦးသေဆုံးဟု CNO ထုတ်ပြန်

0
By Editor on November 30, 2022 Headline

ချင်းပြည်နယ် ဖလမ်းမြို့နယ် နှင့် စစ်ကိုင်းတိုင်းကလေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ၃ လအတွင်း တိုက်ပွဲပေါင်း ၁၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃၇ ဦး သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ကထုတ်ပြန်သည်။

CNO/CNDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် စက်တင်ဘာလမှ နိုဝင်ဘာလအထိ ၃ လအတွင်း ဖလမ်းမြို့နယ် သီဘွာလ်ကျေးရွာတွင် တိုက်ပွဲ ၉ ကြိမ်၊ သူဖေကျေးရွာတွင် တစ်ကြိမ်နှင့် ကလေးမြို့တွင် ၂ ကြိမ် စုစုပေါင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့ကြသည်။

ထိုတိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၃၇ ဦးသေဆုံးခဲ့ပြီး CNO/CNDF ဘက်မှ အကျအဆုံးမရှိခဲ့ပဲ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် သီဘွာလ်ကျေးရွာတိုက်ပွဲတွင် နိုဝင်ဘာလ (၁၅) ရက် နေ့မှစ၍ နိုဝင်ဘာ (၂၃) ရက်နေ့အထိ လေကြောင်းအသုံးပြုပြီး သာလွန်အင်အားဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သောအမျိုးအမည်မသိ မီးကျဉ်ပုံစံလက်နက်ကြီးကြောင့် သီဘွာလ်ကျေးရွာရှိ နေအိမ်သုံးလုံးမီးလောင်ကျွမ်းခဲ့ပြီး ဘွာလ်သဲကျေးရွာမှ စိတ်မနှံ့သူ အမျိုးသားတစ်ဦးအား သတ်ဖြတ်ကာ စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု CNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အင်အားကောင်းသော လက်နက်ကိုင်တပ်ဖွဲ့ ဖွဲ့စည်းရေးလိုအပ်ဟု CNF ဥက္ကဌ ပြော

ချင်းပြည်နယ်လွှတ်တော်ဥက္ကဌအဖြစ် Pu Kawl Lian Thang နှင့် ဒုဥက္ကဌအဖြစ် ဦးသန့်စင်ဦးတို့ ရွေးချယ်တင်မြောက်

အမျိုးသားလွှတ်တော် ဥက္ကဌနှင့် ဒု-ဥက္ကဌအဖြစ် အောင်လင်းဒွေးနှင့် Jeng Phang နော်တောင်တို့ကို တင်မြှောက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.