Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်ဖွဲ့နှင့် ၃ လအတွင်း တိုက်ပွဲပေါင်း ၁၂ ကြိမ်ဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်က ၃၇ ဦးသေဆုံးဟု CNO ထုတ်ပြန်

စစ်ကောင်စီတပ်ဖွဲ့နှင့် ၃ လအတွင်း တိုက်ပွဲပေါင်း ၁၂ ကြိမ်ဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်က ၃၇ ဦးသေဆုံးဟု CNO ထုတ်ပြန်

0
By Editor on November 30, 2022 Headline

ချင်းပြည်နယ် ဖလမ်းမြို့နယ် နှင့် စစ်ကိုင်းတိုင်းကလေးမြို့နယ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ၃ လအတွင်း တိုက်ပွဲပေါင်း ၁၂ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃၇ ဦး သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) ကထုတ်ပြန်သည်။

CNO/CNDF တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့သည် ပြီးခဲ့သည့် စက်တင်ဘာလမှ နိုဝင်ဘာလအထိ ၃ လအတွင်း ဖလမ်းမြို့နယ် သီဘွာလ်ကျေးရွာတွင် တိုက်ပွဲ ၉ ကြိမ်၊ သူဖေကျေးရွာတွင် တစ်ကြိမ်နှင့် ကလေးမြို့တွင် ၂ ကြိမ် စုစုပေါင်း ၁၂ ကြိမ် ဖြစ်ပွားခဲ့ကြသည်။

ထိုတိုက်ပွဲများတွင် စစ်ကောင်စီဘက်က ၃၇ ဦးသေဆုံးခဲ့ပြီး CNO/CNDF ဘက်မှ အကျအဆုံးမရှိခဲ့ပဲ ထိခိုက်ဒဏ်ရာရရှိသူ ၅ ဦးရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့သည် သီဘွာလ်ကျေးရွာတိုက်ပွဲတွင် နိုဝင်ဘာလ (၁၅) ရက် နေ့မှစ၍ နိုဝင်ဘာ (၂၃) ရက်နေ့အထိ လေကြောင်းအသုံးပြုပြီး သာလွန်အင်အားဖြင့် အပြင်းအထန် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သောအမျိုးအမည်မသိ မီးကျဉ်ပုံစံလက်နက်ကြီးကြောင့် သီဘွာလ်ကျေးရွာရှိ နေအိမ်သုံးလုံးမီးလောင်ကျွမ်းခဲ့ပြီး ဘွာလ်သဲကျေးရွာမှ စိတ်မနှံ့သူ အမျိုးသားတစ်ဦးအား သတ်ဖြတ်ကာ စိတ်မနှံ့သူ အမျိုးသမီးတစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု CNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.