Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်ဖွဲ့များက ဖလမ်း-ဟားခါး လမ်းပေါ်​ကျေးရွာများမှ ဘုရားကျောင်းအပါအဝင် လူနေအိမ် ၂ဝ ကျော် မီးရှို့ဖျက်ဆီးခဲ့

စစ်ကောင်စီတပ်ဖွဲ့များက ဖလမ်း-ဟားခါး လမ်းပေါ်​ကျေးရွာများမှ ဘုရားကျောင်းအပါအဝင် လူနေအိမ် ၂ဝ ကျော် မီးရှို့ဖျက်ဆီးခဲ့

0
By Editor on October 21, 2021 Headline

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါးလမ်းပေါ်တွင်ရှိသော ထလန်ရွန်ရွာသစ်နှင့်ရီရဲလ်သီး ကျေးရွာ ၂ ရွာမှ ဘုရားကျောင်းအပါအဝင် လူနေအိမ် ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲများက အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ရွာကို အောက်တိုဘာ ၁၄ ရက်နေ့မှာ စစ်တပ်တွေရောက်ပြီး ချက်ချင်းမီးရှို့တယ် အဲ့ချိန်အတောတွင်းမှာ ဘယ်နှစ်အိမ်ဖျက်ဆီးလဲဆိုတာ မသိရဘူး။ စစ်တပ်တွေက ကျွန်တော်တို့ရွာကိုု ကျော်တဲ့အချိန် ၁၉ ရက်မှ TERC အရေးပေါ်ကော်မတီက တာဝန်ရှိသူတွေက သွားစစ်ဆေးတော့ အိမ်က ၁၃ အိမ်မီးရှို့တယ် အကုန်လုံးဖျက်ဆီးတယ်၊ ရီရဲလ်သီးရွာလည်း အကုန်လုံးနီးပါး ဘုရားကျောင်းအပါဝင်လည်း မီးရှို့ထားတယ်၊ အိမ်က ၁ဝ လုံးလောက်လို့သိရတယ် သူတို့ကတော့ အကုန်လုံးနီးပါးပဲ ၁ အိမ်လောက်ပဲကျန်တယ်” ဟု ထလန်ရွန်ရွာသစ်မှ ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၁၁ ရက်နေ့က ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ တက်လာသော စစ်ကောင်စီ တပ်ဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး (CNF)၊ CDF၊ CNDF ပူးပေါင်းတပ်တို့သည် ဖလမ်း-ဟားခါး လမ်းအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဖလမ်းမြို့နယ် ကျေးရွာ ၇ ရွာမှ ပြည်သူများ တောထဲတွင် စစ်ဘေးတိမ်းရှောင်ကြချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့များက လူနေအိမ်များ မီးရှို့ခြင်းနှင့် နေအိမ် ဖောက်ထွင်းခြင်းများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ထလန်ရွန်ရွာသစ်မှ ဖျက်ဆီးသွားသော ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၃ အိမ်၏တန်ဖိုးမှာ မြန်မာကျပ်ငွေ သိန်း ၁,၂၀၀ ကျော်ခန့်ဆုံးရှုံးသွားခြင်းဖြစ်ပြီး နေအိမ်ပျက်ဆီးသွားသော လူဦးရေ ၇၁ ဦးကိုလည်း နေရပ်ပြန်လာသောအချိန်တွင်လည်း နေရာပြန်ချထားပေးရမည်ဖြစ်ကြောင်းThlanrawn Emergency Response Comminttee မှ ဦး​ဆောင်သူတစ်ဦး ကပြောသည်။

“၁၃ ရက်နေ့ကတည်းက စစ်ကားတွေက ဖလမ်းကို ရောက်တယ်ဆိုတာ သိသိချင်း ကျွန်တော်တို့ရွာ သားတွေအားလုံးက တောထဲမှာခိုလှုံတယ် အခုချိန်ထိပဲ။ နေအိမ်ပျက်ဆီး သူတို့ကိုလည်း မပြန်ခိုင်း သေးဘူး၊ ပြီးရင် ကျွန်တော်တို့ကော်မတီတွေအနေနဲ့လည်း သူတို့တွေပြန်လာတဲ့အချိန်မှာ ဘယ်လို လုပ်ပေးမယ်ဆိုတာတွေလည်း ကျွန်တော်တို့က အခုဆွေးနွေးနေတုန်းဖြစ်နေတယ်။ မီးလောင်တဲ့ နေအိမ် ၁၃ အိမ်ကိုလည်း နေရာပြန်ချပေးမယ်။” ဟု ထလန်ရွန်ရွာမှ TERC ကော်မတီဝင်တစ်ဦးက ပြောသည်။

Thlanrawn Emergency Response Comminttee ကို ဇွန်လမှစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အရေးပေါ် အချိန်တွင် အသုံးပြုနိုင်ရန် ရိက္ခာများကြိုတင်ဝယ်ယူ သိုလောင်ခဲ့သောကြောင့် လက်ရှိထလန်ရွန်ရွာ သစ်မှ စစ်ဘေးရှောင်ပြည်သူများသည် ၎င်းရိက္ခာများကို စားသုံးနေကြသည်ဟု သိရသည်။

ဖလမ်းမြို့နယ် တားလ်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များက နေအိမ် ၄ အိမ်မီီးရှို့ဖျက်ဆီးပြီး လူနေအိမ် ၃ အိမ် လက်နက်ကြီးထိမှန်မှုကြောင့် ပျက်ဆီးခဲ့ကာ ပြည်သူများ၏ ရိက္ခာများ အိမ်မွေးစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.