Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်ဖွဲ့များက ဖလမ်း-ဟားခါး လမ်းပေါ်​ကျေးရွာများမှ ဘုရားကျောင်းအပါအဝင် လူနေအိမ် ၂ဝ ကျော် မီးရှို့ဖျက်ဆီးခဲ့

စစ်ကောင်စီတပ်ဖွဲ့များက ဖလမ်း-ဟားခါး လမ်းပေါ်​ကျေးရွာများမှ ဘုရားကျောင်းအပါအဝင် လူနေအိမ် ၂ဝ ကျော် မီးရှို့ဖျက်ဆီးခဲ့

0
By Editor on October 21, 2021 Headline

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဖလမ်း-ဟားခါးလမ်းပေါ်တွင်ရှိသော ထလန်ရွန်ရွာသစ်နှင့်ရီရဲလ်သီး ကျေးရွာ ၂ ရွာမှ ဘုရားကျောင်းအပါအဝင် လူနေအိမ် ၂၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲများက အောက်တိုဘာလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် မီးရှို့ဖျက်ဆီးခဲ့သည်ဟု သိရသည်။

“ကျွန်တော်တို့ရွာကို အောက်တိုဘာ ၁၄ ရက်နေ့မှာ စစ်တပ်တွေရောက်ပြီး ချက်ချင်းမီးရှို့တယ် အဲ့ချိန်အတောတွင်းမှာ ဘယ်နှစ်အိမ်ဖျက်ဆီးလဲဆိုတာ မသိရဘူး။ စစ်တပ်တွေက ကျွန်တော်တို့ရွာကိုု ကျော်တဲ့အချိန် ၁၉ ရက်မှ TERC အရေးပေါ်ကော်မတီက တာဝန်ရှိသူတွေက သွားစစ်ဆေးတော့ အိမ်က ၁၃ အိမ်မီးရှို့တယ် အကုန်လုံးဖျက်ဆီးတယ်၊ ရီရဲလ်သီးရွာလည်း အကုန်လုံးနီးပါး ဘုရားကျောင်းအပါဝင်လည်း မီးရှို့ထားတယ်၊ အိမ်က ၁ဝ လုံးလောက်လို့သိရတယ် သူတို့ကတော့ အကုန်လုံးနီးပါးပဲ ၁ အိမ်လောက်ပဲကျန်တယ်” ဟု ထလန်ရွန်ရွာသစ်မှ ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၁၁ ရက်နေ့က ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ တက်လာသော စစ်ကောင်စီ တပ်ဖွဲ့နှင့် ချင်းအမျိုးသားတပ်ဦး (CNF)၊ CDF၊ CNDF ပူးပေါင်းတပ်တို့သည် ဖလမ်း-ဟားခါး လမ်းအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဖလမ်းမြို့နယ် ကျေးရွာ ၇ ရွာမှ ပြည်သူများ တောထဲတွင် စစ်ဘေးတိမ်းရှောင်ကြချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့များက လူနေအိမ်များ မီးရှို့ခြင်းနှင့် နေအိမ် ဖောက်ထွင်းခြင်းများပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

ထလန်ရွန်ရွာသစ်မှ ဖျက်ဆီးသွားသော ဘုရားကျောင်းအပါအဝင် လူနေအိမ် ၁၃ အိမ်၏တန်ဖိုးမှာ မြန်မာကျပ်ငွေ သိန်း ၁,၂၀၀ ကျော်ခန့်ဆုံးရှုံးသွားခြင်းဖြစ်ပြီး နေအိမ်ပျက်ဆီးသွားသော လူဦးရေ ၇၁ ဦးကိုလည်း နေရပ်ပြန်လာသောအချိန်တွင်လည်း နေရာပြန်ချထားပေးရမည်ဖြစ်ကြောင်းThlanrawn Emergency Response Comminttee မှ ဦး​ဆောင်သူတစ်ဦး ကပြောသည်။

“၁၃ ရက်နေ့ကတည်းက စစ်ကားတွေက ဖလမ်းကို ရောက်တယ်ဆိုတာ သိသိချင်း ကျွန်တော်တို့ရွာ သားတွေအားလုံးက တောထဲမှာခိုလှုံတယ် အခုချိန်ထိပဲ။ နေအိမ်ပျက်ဆီး သူတို့ကိုလည်း မပြန်ခိုင်း သေးဘူး၊ ပြီးရင် ကျွန်တော်တို့ကော်မတီတွေအနေနဲ့လည်း သူတို့တွေပြန်လာတဲ့အချိန်မှာ ဘယ်လို လုပ်ပေးမယ်ဆိုတာတွေလည်း ကျွန်တော်တို့က အခုဆွေးနွေးနေတုန်းဖြစ်နေတယ်။ မီးလောင်တဲ့ နေအိမ် ၁၃ အိမ်ကိုလည်း နေရာပြန်ချပေးမယ်။” ဟု ထလန်ရွန်ရွာမှ TERC ကော်မတီဝင်တစ်ဦးက ပြောသည်။

Thlanrawn Emergency Response Comminttee ကို ဇွန်လမှစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အရေးပေါ် အချိန်တွင် အသုံးပြုနိုင်ရန် ရိက္ခာများကြိုတင်ဝယ်ယူ သိုလောင်ခဲ့သောကြောင့် လက်ရှိထလန်ရွန်ရွာ သစ်မှ စစ်ဘေးရှောင်ပြည်သူများသည် ၎င်းရိက္ခာများကို စားသုံးနေကြသည်ဟု သိရသည်။

ဖလမ်းမြို့နယ် တားလ်ကျေးရွာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များက နေအိမ် ၄ အိမ်မီီးရှို့ဖျက်ဆီးပြီး လူနေအိမ် ၃ အိမ် လက်နက်ကြီးထိမှန်မှုကြောင့် ပျက်ဆီးခဲ့ကာ ပြည်သူများ၏ ရိက္ခာများ အိမ်မွေးစ္ဆာန်များကိုလည်း သတ်ဖြတ်စားသောက်ခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.