Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တွင် ဘုရားကျောင်း၊ ဆေးရုံနှင့် စာသင်ကျောင်းပေါင်း ၁၉၀ ခန့် ပျက်စီး၊ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် ၂၈ ဦးအပါအဝင် အရပ်သားပြည်သူ ၉၀ ကျော်သေဆုံး

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တွင် ဘုရားကျောင်း၊ ဆေးရုံနှင့် စာသင်ကျောင်းပေါင်း ၁၉၀ ခန့် ပျက်စီး၊ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် ၂၈ ဦးအပါအဝင် အရပ်သားပြည်သူ ၉၀ ကျော်သေဆုံး

0
By Editor on May 27, 2024 Khonumthung

(006SV)

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်မှာ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်အတွင်းက ဘုရားကျောင်း၊ ဆေးရုံနှင့် စာသင်ကျောင်းပေါင်း ၁၉၀ ကျော် ပျက်စီးကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သတင်းထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ၂၀၂၄ ခုနှစ် မေလအထိ ချင်းပြည်နယ်အတွင်းက ဘာသာရေး အဆောက်အဦးများ၊ စာသင် ကျောင်းများနှင့် ဆေးရုံဆေးခန်းများကို စစ်ဗျူဟာတစ်ခုအဖြစ်အသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်စီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု CHRO က ယမန်နေ့ မေလ ၂၆ ရက်က ထုတ်ပြန်သည်။

စစ်ကောင်စီသည် နိုင်ငံတကာသဘောတူညီချက် ဂျီနီဗာကွန်ဗင်ရှင်းကို ချိုးဖောက်ပြီး ဘုရားကျောင်းနှင့် ဘာသာရေး အဆောက် အဦးပေါင်း ၁၁၆ ခု၊ ဆေရုံနှင့် ဆေးပေးခန်းပေါင်း ၂၆ ခုနှင့် စာသင်ကျောင်းနှင့် သင်ကြားရေး စင်တာပေါင်း ၄၉ ခုကို ပစ်ခတ် တိုက်ခိုက်၊ မီးရှိ့၍ ဖျက်စီးခဲ့ကြောင်း သိရသည်။

၃ နှစ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ချင်းပြည်နယ်တွင်း အရပ်သားပြည်သူ ၉၃ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ထဲတွင် ကလေးငယ် ၂၈ ဦးနှင့် အမျိုးသမီး ၂၀ ဦး ပါဝင်နေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်သည်။

ကလေးငယ် ၁၅ ဦးနှင့် အမျိုးသမီး ၄၇ ဦးအပါအဝင် အရပ်သားပြည်သူ ၂၀၀ ခန့်မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာအစိုးရအနေဖြင့် စစ်ကောင်စီကို လက်နက်ခဲယမ်းနှင့် လေယာဉ်ဆီတင်ပို့နေမှုများ ရပ်တန့်ရန်နှင့် စစ်ရာဇဝတ်မှု ကျူးလွန်နေသော စစ်ကောင်စီကို အရေးယူပေးရန် ချင်းလူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.