Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တွင် ဘုရားကျောင်း၊ ဆေးရုံနှင့် စာသင်ကျောင်းပေါင်း ၁၉၀ ခန့် ပျက်စီး၊ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် ၂၈ ဦးအပါအဝင် အရပ်သားပြည်သူ ၉၀ ကျော်သေဆုံး

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်တွင် ဘုရားကျောင်း၊ ဆေးရုံနှင့် စာသင်ကျောင်းပေါင်း ၁၉၀ ခန့် ပျက်စီး၊ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကလေးငယ် ၂၈ ဦးအပါအဝင် အရပ်သားပြည်သူ ၉၀ ကျော်သေဆုံး

0
By Editor on May 27, 2024 Khonumthung

(006SV)

စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်မှာ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ချင်းပြည်နယ်အတွင်းက ဘုရားကျောင်း၊ ဆေးရုံနှင့် စာသင်ကျောင်းပေါင်း ၁၉၀ ကျော် ပျက်စီးကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က သတင်းထုတ်ပြန်သည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ၂၀၂၄ ခုနှစ် မေလအထိ ချင်းပြည်နယ်အတွင်းက ဘာသာရေး အဆောက်အဦးများ၊ စာသင် ကျောင်းများနှင့် ဆေးရုံဆေးခန်းများကို စစ်ဗျူဟာတစ်ခုအဖြစ်အသုံးပြု၍ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်စီးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု CHRO က ယမန်နေ့ မေလ ၂၆ ရက်က ထုတ်ပြန်သည်။

စစ်ကောင်စီသည် နိုင်ငံတကာသဘောတူညီချက် ဂျီနီဗာကွန်ဗင်ရှင်းကို ချိုးဖောက်ပြီး ဘုရားကျောင်းနှင့် ဘာသာရေး အဆောက် အဦးပေါင်း ၁၁၆ ခု၊ ဆေရုံနှင့် ဆေးပေးခန်းပေါင်း ၂၆ ခုနှင့် စာသင်ကျောင်းနှင့် သင်ကြားရေး စင်တာပေါင်း ၄၉ ခုကို ပစ်ခတ် တိုက်ခိုက်၊ မီးရှိ့၍ ဖျက်စီးခဲ့ကြောင်း သိရသည်။

၃ နှစ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ချင်းပြည်နယ်တွင်း အရပ်သားပြည်သူ ၉၃ ဦး သေဆုံးခဲ့ပြီး ၎င်းတို့ထဲတွင် ကလေးငယ် ၂၈ ဦးနှင့် အမျိုးသမီး ၂၀ ဦး ပါဝင်နေကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO က ထုတ်ပြန်သည်။

ကလေးငယ် ၁၅ ဦးနှင့် အမျိုးသမီး ၄၇ ဦးအပါအဝင် အရပ်သားပြည်သူ ၂၀၀ ခန့်မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

နိုင်ငံတကာအစိုးရအနေဖြင့် စစ်ကောင်စီကို လက်နက်ခဲယမ်းနှင့် လေယာဉ်ဆီတင်ပို့နေမှုများ ရပ်တန့်ရန်နှင့် စစ်ရာဇဝတ်မှု ကျူးလွန်နေသော စစ်ကောင်စီကို အရေးယူပေးရန် ချင်းလူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.