Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီရွေးကောက်ပွဲ ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသအတွင်း မပြုလုပ်ရန် CNO/CNDF တားမြစ်

စစ်ကောင်စီရွေးကောက်ပွဲ ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသအတွင်း မပြုလုပ်ရန် CNO/CNDF တားမြစ်

0
By Editor on January 13, 2023 Headline

တရားဝင်အစိုးရဖြစ်ရေးအတွက် စစ်ကောင်စီက ဦးဆောင်ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ချင်းပြည်နယ် ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသအတွင်း ကျင်းပပြုလုပ်ခြင်းမရှိစေရန် ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF က လုံးဝတားမြစ်ထားသည်ဟု ယနေ့ဇန်နဝါရီလ ၁၁ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) စစ်ဌာနချုပ်ရုံး (War Office), Camp Rihli, Chinram ၌ ဇန်နဝါရီလ (၆) ရက်မှ (၉) ရက်နေ့အထိ (၄) ရက်တိုင်တိုင် ကျင်းပပြုလုပ်သော ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့၏ ဒုတိယအကြိမ်မြောက် ညီလာခံအစည်းအဝေးအပြီးတွင် စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ထိုကဲ့သို့ သဘောထားထုတ်ပြန်လာခြင်းဖြစ်သည်။

“လက်နက်မဲ့ပြည်သူလူထုများကို အကြမ်းဖက်သတ်ဖြတ်၊ ပြည်သူ့အိုးအိမ်များကို အကြောင်းမဲ့မီးရှို့ဖျက်စီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် စစ်ကြောင်း အဆမတန်ဖြင့် တိုက်ခိုက်နေသည့်အပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ တရားဝင်အစိုးရဖြစ်ရေးအတွက် ဦးဆောင်ပြုလုပ်မည့် ရွေးကောက်ပွဲအား ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်နှင့် အထက်ချင်းတွင်းဒေသအတွင်း ပြုလုပ်ခြင်းမရှိရန် CNO/CNDF မှ လုံးဝတားမြစ်သည်။ တားမြစ်သည့်ကြားမှ ထိုရွေးကောက်ပွဲအထမြောက်အောင် ကူညီမည့် မည်သည့်ပုဂ္ဂိုလ်မျိုးမဆို CNO/CNDF မှ ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်သည်” ဟု CNO/CNDF ၏ ကြေညာချက်တွင်ဖော်ပြထားသည်။

CNO/CNDF အနေဖြင့် အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနှင့်အတူ ဆုံးခန်းတိုင်အောင် ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း ဆိုပါသည်။

၄ ရက်ကြာကျင်းပပြုလုပ်သော ထိုညီလာခံ အစည်းအဝေးတွင် ကိုယ်စားလှယ်(၆၀)ဦးနှင့် စောင့်ကြည့်လေ့လာသူ (၃၀) ဝန်းကျင်ခန့်၊ စုစုပေါင်း (၉၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ချင်းအမျိူးသားကာကွယ်ရေးတပ်ဖွဲ့ရှိ ဌာနအသီးသီးနှင့် တပ်မဟာ၊ တပ်ရင်းအလိုက် တစ်နှစ်တာလုပ်ငန်းဆောင်ရွက်များနှင့် လှုပ်ရှားမှုများ အစီရင်ခံခြင်း၊ ဘဏ္ဏာရေးအစီရင်ခံစာ တင်သွင်းခြင်း၊ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်ရမည့် လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် တပ်မဟာ (၄) ခုနှင့် စစ်ဌာနချုပ်ရုံး၏ တာဝန်ခွဲဝေယူမူများ၊ နယ်မြေသတ်မှတ်ခြင်းများ၊ ငွေကြေးစီမံမှုဆိုင်ရာ ပေါ်လစီများ၊ နေ့ထူးနေ့မြတ်သတ်မှတ်ခြင်းများ၊ စည်းမျဉ်းစည်းကမ်းနှင့် စစ်ကျင့်ဝတ်များနှင့်ပတ်သက်၍ အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် စစ်ဖက်ဆိုင်ရာ တရားရုံးကို တပ်မဟာအဆင့်၊ စစ်ဌာနချုပ်ရုံးအဆင့်နှင့် Defense Council အဆင့်ဟူ၍ သတ်မှတ်ပြဌာန်းပြီး အများပြည်သူ အားကိုးအားထားပြုထိုက်သော တပ်ဖွဲ့ဖြစ်နိုင်ရေးကို မူဝါဒများ ချမှတ်ခဲ့ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းတော်လှန်ရေးအင်အားစုများ စုစည်းနိုင်ရေး ချင်းပြည်ကောင်စီတွင် CNF က ကိုယ်စားလှယ်ပါဝင်မှု ထက်ဝက်လျော့ဟုဆို

ပလက်ဝမြို့နယ်ကို ရခိုင်ပြည်နယ်၏ ခရိုင်တစ်ခုအဖြစ်ထည့်သွင်းမှုကို GKO က ပြင်းထန်စွာ ရှုတ်ချ

တော်လှန်ရေး ၄ နှစ်ကျော်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင် ၃၆၀ ကျော် ကျဆုံး၊ ယင်းတို့အထဲ ၂၉ ဦးမှာ မြေမြှုပ်မိုင်းကြောင့် ကျဆုံးရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 30, 2025

“ULA/AA က ဘာသာရေးခေါင်းဆောင်တွေကို သူတို့ရဲ့ လက်အောက်မှာ ပြားပြားဝပ်ပြီးတော့ သူတို့အလိုကျ အလုပ်လုပ်စေချင်တဲ့သဘောရှိတာကြောင့် သူတို့ရဲ့အမိန့် မနာခံတဲ့သူကို သံသယ၊ မယုံသင်္ကာတွေနဲ့ စောင့်ကြည့်နေတယ်”

May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.