Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် ထန်တလန်မြို့နယ်က စာသင်ကျောင်းများ ရက်အကန့်သတ်မရှိ ပိတ်

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကြောင့် ထန်တလန်မြို့နယ်က စာသင်ကျောင်းများ ရက်အကန့်သတ်မရှိ ပိတ်

0
By Editor on January 17, 2023 Headline

ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် စာသင်ကျောင်းများအားလုံးကို ဇန်နဝါရီလ ၁၆ ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ပင်လိုက်သည်ဟု ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပညာရေးဌာနက ထုတ်ပြန်သည်။

“အားလုံးသိပြီးတဲ့အတိုင်းပေါ့နော်၊ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတယ်ဆိုတော့ ဒီစာသင်ကျောင်းတွေ၊ ပြည်သူနဲ့ဆိုင်တဲ့နေရာတွေလည်းမချန်ပဲနဲ့ ဗုံးကြဲတာတွေလုပ်တဲ့အတွက်ကြောင့် အခု ကျွန်တော်တို့ ဒီ ဝိတိုရိယစခန်း တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း ကင်းထောက်လေယာဉ်တွေလည်း စိုးရိမ်စရာ ကောင်းလောက်အောင် ခဏခဏ ကျွန်တော် တို့ဘက် ကင်းလာထောက်တဲ့အတွက်ကြောင့် အဲ့တာ ကျွန်တော်တို့အတွက် မလုံခြုံဘူးလို့ ခံစားရလို့ပေါ့နော်၊ ကျွန်တော် တို့ ကျောင်းပိတ်လိုက်ရတာဖြစ်ပါတယ်” ဟု (Public Administration, Thantlang Education Department) ပညာရေးဌာနတာဝန်ခံ Salai Cross Thang က ပြောသည်။

စာသင်ကျောင်းများပိတ်ပင်ထားသည့် အချိန်ကာလအတွင်း ပြည်သူများအနေဖြင့် ကျောင်းဧရိယာအတွင်း ဆော့ကစားခြင်းများ၊ ပျော်ပွဲစားထွက်ခြင်းများ လူစုလူဝေးဖြင့် နေထိုင်ခြင်းများ မပြုလုပ်ကြရန်လည်း Public Administration, Than tlang Education Department က သတိပေးတားမြစ်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နှင့် ၁၁ ရက်နေ့က ထန်တလန်မြို့နယ်အတွင်းတည်ရှိသော ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ် ဝိတိုရိယစခန်းကို စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ၂ ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ပြီးသည့်နောက်တွင်လည်း စစ်ကောင်စီ၏ ကင်းထောက်လေယာဉ်သည် ထန်တလန်မြို့နယ်တွင် ထပ်မံ ပျံသန်းလာသည့်အတွက် နောက်ထပ် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာမည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။

ထန်တလန်မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှဖွင့်လှစ်ထားသော ကျောင်းပေါင်း ၉၅ ကျောင်းရှိပြီး ကျောင်းသူ/ကျောင်းသား စုစုပေါင်း ၁၅၀၀၀ ကျော်ခန့်ရှိကာ ထန်တလန်မြို့နယ်တွင်းရှိ ကျောင်းနေရွယ် ကလေးများအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်သည် ကျောင်းတက်နိုင်သည့်အနေထားရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည် (Chinland) အစိုးရအဖွဲ့နှင့် NLD ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံ၍ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

တမူးဒေသရှိ ကျေးရွာတချို့မှာ အဓမ္မတပ်သားစုဆောင်းခံရမှုကြောင့် ဒေသခံများ ကန့်ကွက်ဆန္ဒပြနေ

ယခုနှစ် ချင်းပြည် (Chinland) အစိုးရ၊ ကာကွယ်ရေးအသုံးစရိတ်ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.