Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မှာ ၃ လအတွင်း ပြည်သူ ၁၀ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရ၊ မင်းတပ်မှာ စစ်ကောင်စီက ၃ လအတွင်း အရပ်သား ၃၀ ဦးကို ဖမ်းဆီးခဲ့ရာ ၁၀ ကို ပြန်လွှတ်ပေးခြင်း မရှိသေး
Photo - CDF-Mindat

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မှာ ၃ လအတွင်း ပြည်သူ ၁၀ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရ၊ မင်းတပ်မှာ စစ်ကောင်စီက ၃ လအတွင်း အရပ်သား ၃၀ ဦးကို ဖမ်းဆီးခဲ့ရာ ၁၀ ကို ပြန်လွှတ်ပေးခြင်း မရှိသေး

0
By Editor on April 15, 2024 Headline

(006SV)

ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှင့် Cluster ဗုံး အပါအဝင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်တွင် ၃ လအတွင်း အရပ်သားပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။

၂၀၂၄ ခုနှစ် ၃ လအတွင်း မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး၊ နိုင်ငံတကာက ပိတ်ပင်ထားသော Cluster (ထပ်ဆင့်ပေါင်ကွဲဗုံး) ဗုံး၊ မီးလောင်ဗုံးနှင့် ရောကတ်များအပါအဝင် လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း CDF – မင်းတပ် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ပေါင် ၅၀၀ ဗုံးလည်း သုံးတယ်။ Cluster ဗုံးလည်း သုံးတယ်။ ရောကတ်တွေလည်း တော်တော်လေး သုံးတယ်။ နောက်ဆုံးမှာ မီးလောင်ဗုံးတွေပါ ပါတယ်။ တစ်နေရာမှာ သူက ဗုံးလည်းကြဲသွားတယ်။ နေအိမ်အဆောက်အဦးတွေ အထိအခိုက်နည်းပေးမယ့် ၃/၄ ရက်လောက်ကို တောမီးတွေ လောက်ကုန်တယ်။ ဆိုးကျိုးက လေယာဉ်ဗုံးကြဲခဲ့တယ်။ နေစရာတွေ ပျက်စီးတယ်။ ဒီ့အပြင် ပြည်သူတွေက မီးကူးမှာ စိုးလို့လည်း လုပ်ရတယ်။ အဲဒီအချိန်မှာ ကောင်းကင်မှာ ကင်းထောက်လေယာဉ်ကလည်း တောက် လျှောက်အပေါ်က ဝဲပြီးတော့ ဘယ်အချိန်များ ထပ်လာကြဲမလဲဆိုတဲ့ အကြောက်တရားတွေနဲ့ တော်တော်လေးကို ပြင်းပြင်း ထန်ထန် တိုက်ခိုက်တယ်လို့ ပြောလို့ရတယ်” ဟု CDF -မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်းက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ် တိုက်နယ် ၁ က ပန်းပါရွာ၊ တိုက်နယ် ၂ က ဝမ္မသူးဝါ၊ တိုက်နယ် ၃ က ကီးသာရွာတို့က အရပ်သားပြည်သူ ၄ ဦးနှင့် မင်းတပ်မြို့နယ်ခြား ပလက်၀မြို့နယ် နှုမ်းရွာမှာ ဓာတ်ဆီကယ်ရီသမား ၆ ဦး စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

ထို့အပြင် အရပ်သားပြည်သူ နေအိမ် ၃၉ လုံး ထိခိုက်ပျက်စီးပြီး ဘုရားကျောင်း ၃ ဆောင်၊ စာသင်ကျောင်း (၂) ဆောင် ပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေများစွာပြုလုပ်ခဲ့ရာ ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ပြည်သူ့ နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

“လက်နက်ကြီးနဲ့ ပစ်တာက နေ့စဉ်လိုကို ဖြစ်နေပြီ။ တနေ့မဟုတ်၊ တနေ့ အရပ်ရှစ်မျက်နှာကို ပစ်နေတာပဲ။ အခုလို လမျိုးက ပိုပစ်တယ် မင်းတပ်မှာက တိုက်ပွဲ မရှိပဲနဲ့ကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်နေတာပါ။ အဲဒါကြောင့် ကျနော်တို့က လူမျိုုးသုန်း သတ်ဖြတ်မှုလို့ကို သုံးလို့ရတယ်။ အပြစ်မဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုလို့ ပြောလို့ ရတယ်” ဟု ဆလိုင်းဟာအွမ်းက ပြောသည်။

စစ်ကောင်စီက ၃ လအတွင်း မင်းတပ်မြို့နယ်အတွင်း အရပ်သားပြည်သူ ၃၀ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၀ ဦးကို ယနေ့ချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း၊ လတ်တလောတွင် ဖမ်းဆီးခံရသော အရပ်သားပြည်သူများ၏ အခြေအနေများကို စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီသည် ဖမ်းဆီးသူများကို စစ်ခုံရုံးဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လေ့ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် အများပြည်သူ လမ်းများတွင် မြေမြှပ်မိုင်းများစွာ ထောင်ထားသောကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၂ ဦး ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပြီး ၁ ဦးမှာ ကျောပြင်တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

မတ်လနှင့် ဧပြီလများတွင် စစ်ကောင်စီသည် လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လေ့ရှိ သော ကြောင့် ပြည်သူများ သတိထားနေထိုင်ကြရန် သတိပေးနှိုးဆော်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်- သိုင်းငင်းကြားရှိ ထုတ်လိုင်ရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်

ဖလမ်းမြို့နယ်မှာ ကလေးငယ် ၃၀၀၀ အပါအဝင် ပြည်သူ ၂၀၀၀၀ ကျော် စစ်ဘေးရှောင်နေရပြီး အကူအညီများ လိုအပ်နေ

ဖလမ်း၊ တီးတိန်၊ ကလေး၊ ဂန့်ဂေါက တိုက်ပွဲများတွင် စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် ၁၀၀ ခန့် သေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.