Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မှာ ၃ လအတွင်း ပြည်သူ ၁၀ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရ၊ မင်းတပ်မှာ စစ်ကောင်စီက ၃ လအတွင်း အရပ်သား ၃၀ ဦးကို ဖမ်းဆီးခဲ့ရာ ၁၀ ကို ပြန်လွှတ်ပေးခြင်း မရှိသေး
Photo - CDF-Mindat

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မှာ ၃ လအတွင်း ပြည်သူ ၁၀ ဦးသေဆုံး၊ ၁၃ ဦးဒဏ်ရာရ၊ မင်းတပ်မှာ စစ်ကောင်စီက ၃ လအတွင်း အရပ်သား ၃၀ ဦးကို ဖမ်းဆီးခဲ့ရာ ၁၀ ကို ပြန်လွှတ်ပေးခြင်း မရှိသေး

0
By Editor on April 15, 2024 Headline

(006SV)

ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှင့် Cluster ဗုံး အပါအဝင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ်တွင် ၃ လအတွင်း အရပ်သားပြည်သူ ၁၀ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။

၂၀၂၄ ခုနှစ် ၃ လအတွင်း မင်းတပ်မြို့နယ်မှာ စစ်ကောင်စီက ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံး၊ နိုင်ငံတကာက ပိတ်ပင်ထားသော Cluster (ထပ်ဆင့်ပေါင်ကွဲဗုံး) ဗုံး၊ မီးလောင်ဗုံးနှင့် ရောကတ်များအပါအဝင် လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ် ပြုလုပ်ခဲ့ကြောင်း CDF – မင်းတပ် ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“ပေါင် ၅၀၀ ဗုံးလည်း သုံးတယ်။ Cluster ဗုံးလည်း သုံးတယ်။ ရောကတ်တွေလည်း တော်တော်လေး သုံးတယ်။ နောက်ဆုံးမှာ မီးလောင်ဗုံးတွေပါ ပါတယ်။ တစ်နေရာမှာ သူက ဗုံးလည်းကြဲသွားတယ်။ နေအိမ်အဆောက်အဦးတွေ အထိအခိုက်နည်းပေးမယ့် ၃/၄ ရက်လောက်ကို တောမီးတွေ လောက်ကုန်တယ်။ ဆိုးကျိုးက လေယာဉ်ဗုံးကြဲခဲ့တယ်။ နေစရာတွေ ပျက်စီးတယ်။ ဒီ့အပြင် ပြည်သူတွေက မီးကူးမှာ စိုးလို့လည်း လုပ်ရတယ်။ အဲဒီအချိန်မှာ ကောင်းကင်မှာ ကင်းထောက်လေယာဉ်ကလည်း တောက် လျှောက်အပေါ်က ဝဲပြီးတော့ ဘယ်အချိန်များ ထပ်လာကြဲမလဲဆိုတဲ့ အကြောက်တရားတွေနဲ့ တော်တော်လေးကို ပြင်းပြင်း ထန်ထန် တိုက်ခိုက်တယ်လို့ ပြောလို့ရတယ်” ဟု CDF -မင်းတပ် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်းက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်မြို့နယ် တိုက်နယ် ၁ က ပန်းပါရွာ၊ တိုက်နယ် ၂ က ဝမ္မသူးဝါ၊ တိုက်နယ် ၃ က ကီးသာရွာတို့က အရပ်သားပြည်သူ ၄ ဦးနှင့် မင်းတပ်မြို့နယ်ခြား ပလက်၀မြို့နယ် နှုမ်းရွာမှာ ဓာတ်ဆီကယ်ရီသမား ၆ ဦး စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

ထို့အပြင် အရပ်သားပြည်သူ နေအိမ် ၃၉ လုံး ထိခိုက်ပျက်စီးပြီး ဘုရားကျောင်း ၃ ဆောင်၊ စာသင်ကျောင်း (၂) ဆောင် ပျက်စီးခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေများစွာပြုလုပ်ခဲ့ရာ ပြည်သူ ၉ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ပြည်သူ့ နေအိမ် ၁၀ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

“လက်နက်ကြီးနဲ့ ပစ်တာက နေ့စဉ်လိုကို ဖြစ်နေပြီ။ တနေ့မဟုတ်၊ တနေ့ အရပ်ရှစ်မျက်နှာကို ပစ်နေတာပဲ။ အခုလို လမျိုးက ပိုပစ်တယ် မင်းတပ်မှာက တိုက်ပွဲ မရှိပဲနဲ့ကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်နေတာပါ။ အဲဒါကြောင့် ကျနော်တို့က လူမျိုုးသုန်း သတ်ဖြတ်မှုလို့ကို သုံးလို့ရတယ်။ အပြစ်မဲ့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှုလို့ ပြောလို့ ရတယ်” ဟု ဆလိုင်းဟာအွမ်းက ပြောသည်။

စစ်ကောင်စီက ၃ လအတွင်း မင်းတပ်မြို့နယ်အတွင်း အရပ်သားပြည်သူ ၃၀ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၀ ဦးကို ယနေ့ချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း၊ လတ်တလောတွင် ဖမ်းဆီးခံရသော အရပ်သားပြည်သူများ၏ အခြေအနေများကို စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီသည် ဖမ်းဆီးသူများကို စစ်ခုံရုံးဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လေ့ရှိကြောင်း သိရသည်။

စစ်ကောင်စီသည် အများပြည်သူ လမ်းများတွင် မြေမြှပ်မိုင်းများစွာ ထောင်ထားသောကြောင့် ၃ လအတွင်း အရပ်သားပြည်သူ ၂ ဦး ခြေတစ်ဖက် ဆုံးရှုံးခဲ့ရပြီး ၁ ဦးမှာ ကျောပြင်တွင် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

မတ်လနှင့် ဧပြီလများတွင် စစ်ကောင်စီသည် လေကြောင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လေ့ရှိ သော ကြောင့် ပြည်သူများ သတိထားနေထိုင်ကြရန် သတိပေးနှိုးဆော်ထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

လက်ရှိတော်လှန်ရေးအတွင်း ချင်းပြည်သူ ၁၃၀၀ ကျော် သေဆုံးဟု ICA ထုတ်ပြန်

ပရော်ဖက်ရှင်နယ်တပ်မတော်အဖြစ် ချင်းပြည်အစိုးရတပ်ဖွဲ့ (CGF) ဖွဲ့စည်းနိုင်ရေး ပြင်ဆင်နေ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.