Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီ စစ်သုံ့ပန်း ၁၅၀ ဦးကို CDF – အရှို ဖမ်းဆီးထိန်းသိမ်းထားဟု ဆို

စစ်ကောင်စီ စစ်သုံ့ပန်း ၁၅၀ ဦးကို CDF – အရှို ဖမ်းဆီးထိန်းသိမ်းထားဟု ဆို

0
By Editor on January 22, 2025 Khonumthung

(006SV)

မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှိုသည် တော်လှန်ရေး ၂ နှစ်တာအတွင်း မိသားစုဝင်တချို့အပါအဝင် စစ်ကောင်စီ စစ်သုံ့ပန်း ၁၅၀ ဦး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

“ဖမ်းဆီးရမိတာတွေက ဟို ၁၁ လပိုင်းကတည်းက ဖမ်းဆီးရမိတာကော၊ အရင်တုန်းက ဖမ်းဆီးရမိတာကော၊ အခုချိန် ဖမ်းဆီးရမိတာကော ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးရမိခဲ့တာပါ။ ၁၅၀ ဦး ဖမ်းဆီးရမိခဲ့တာမှာ အမျိုးသမီးတွေ၊ စကစတပ်ဖွဲဝင်တွေရဲ့ မိသားစုတွေလည်း ပါပါတယ်” ဟု CDF – အရှိုတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင် CDF – အရှိုတပ်ဖွဲ့ကို အရှိုချင်းတိုင်းရင်း သားများဖြင့် စတင်တည်ထောင်ခဲ့ပြီး ၂ နှစ်ပြည့် ချိန်တွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ၂၅ ကြိမ်ခန့် ရှိခဲ့ကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို့မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု တချို့ရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၀၀ ခန့်နှင့် ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

“ရှေ့ဆက် စစ်အာဏာရှင်တော်လှန်ရေးနဲ့ ပတ်သက်လို့ စစ်ရေးပစ်မှတ်တွေကို အဓိက ဦးစားပေးပြီး တော်လှန်ရေးတပ်ဖွဲတွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီ တပ်ဖွဲဝင်တွေ ခြေကုပ်ယူရာ နေရာများကို တိုက်ယူသွားဖိုရှိပါတယ်” ဟု CDF – အရှိုတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ရခိုင်- မကွေးအစပ် အမ်းမြို့နယ်ထဲက တိုက်ပွဲများမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁၂ ဦး အရှင်ဖမ်းဆီးရမိသည်ဟု CDF – အရှိုက ထုတ်ပြန်သည်။

ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်တွင်လည်း အမ်းမြို့နယ်မှ စစ်ရှုံး၍ ထွက်ပြေးလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်သုံ့ပန်း ၁၁ ဦးကို လက်နက်ခဲယမ်းများဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

CDF – အရှိုက နွေဦးတော်လှန်ရေးကာလ လက်နက်ကိုင်လမ်းစဉ်အရ တွေ့ကြုံခဲ့ရသော ဖြစ်ရပ်များကို ဝေဖန်သုံးသပ်လျက် လူထု၏ တည့်မတ်ထိန်းကျောင်းမှုကို ခံယူကာ ပြည်သူကို အကာအကွယ်ပြုရန်၊ ပြည်သူမှ ယုံကြည်အားကိုးသော တပ်တော်ဖြစ်ရန် ကြိုးစားမည်ဟု တပ်တော် ၂နှစ်ပြည့်တွင် သဘောထားထုတ်ပြန်သည်။

လက်နက်လူအင်အားကို အခြေတည်လျက် နိုင်ငံ့ဩဇာအာဏာ တည်ဆောက်မှုနှင့် လူမျိုးကြီးဝါဒ ကျင့်သုံးမှုကို လုပ်ဆောင်မည်မဟုတ်ကြောင်း CDF – အရှိုက ဆိုသည်။

စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းရန်၊ အဖိနှိပ်ခံ ပြည်သူတရပ်လုံးကို ကာကွယ်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.