Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီ စစ်သုံ့ပန်း ၁၅၀ ဦးကို CDF – အရှို ဖမ်းဆီးထိန်းသိမ်းထားဟု ဆို

စစ်ကောင်စီ စစ်သုံ့ပန်း ၁၅၀ ဦးကို CDF – အရှို ဖမ်းဆီးထိန်းသိမ်းထားဟု ဆို

0
By Editor on January 22, 2025 Khonumthung

(006SV)

မကွေးတိုင်း၊ ဧရာဝတီအနောက်ခြမ်းတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှိုသည် တော်လှန်ရေး ၂ နှစ်တာအတွင်း မိသားစုဝင်တချို့အပါအဝင် စစ်ကောင်စီ စစ်သုံ့ပန်း ၁၅၀ ဦး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

“ဖမ်းဆီးရမိတာတွေက ဟို ၁၁ လပိုင်းကတည်းက ဖမ်းဆီးရမိတာကော၊ အရင်တုန်းက ဖမ်းဆီးရမိတာကော၊ အခုချိန် ဖမ်းဆီးရမိတာကော ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးရမိခဲ့တာပါ။ ၁၅၀ ဦး ဖမ်းဆီးရမိခဲ့တာမှာ အမျိုးသမီးတွေ၊ စကစတပ်ဖွဲဝင်တွေရဲ့ မိသားစုတွေလည်း ပါပါတယ်” ဟု CDF – အရှိုတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင် CDF – အရှိုတပ်ဖွဲ့ကို အရှိုချင်းတိုင်းရင်း သားများဖြင့် စတင်တည်ထောင်ခဲ့ပြီး ၂ နှစ်ပြည့် ချိန်တွင် စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ၂၅ ကြိမ်ခန့် ရှိခဲ့ကြောင်း သိရသည်။

ချင်းကာကွယ်ရေးတပ်ဖွဲ့ – အရှို့မှ ရဲဘော် ၁ ဦးကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှု တချို့ရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး လက်နက်မျိုးစုံ ၁၀၀ ခန့်နှင့် ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

“ရှေ့ဆက် စစ်အာဏာရှင်တော်လှန်ရေးနဲ့ ပတ်သက်လို့ စစ်ရေးပစ်မှတ်တွေကို အဓိက ဦးစားပေးပြီး တော်လှန်ရေးတပ်ဖွဲတွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီ တပ်ဖွဲဝင်တွေ ခြေကုပ်ယူရာ နေရာများကို တိုက်ယူသွားဖိုရှိပါတယ်” ဟု CDF – အရှိုတပ်မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

ဇန်နဝါရီလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ရခိုင်- မကွေးအစပ် အမ်းမြို့နယ်ထဲက တိုက်ပွဲများမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးပြီး ၁၂ ဦး အရှင်ဖမ်းဆီးရမိသည်ဟု CDF – အရှိုက ထုတ်ပြန်သည်။

ဇန်နဝါရီလ ၃ ရက်နှင့် ၄ ရက်တွင်လည်း အမ်းမြို့နယ်မှ စစ်ရှုံး၍ ထွက်ပြေးလာသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ရာ စစ်သုံ့ပန်း ၁၁ ဦးကို လက်နက်ခဲယမ်းများဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

CDF – အရှိုက နွေဦးတော်လှန်ရေးကာလ လက်နက်ကိုင်လမ်းစဉ်အရ တွေ့ကြုံခဲ့ရသော ဖြစ်ရပ်များကို ဝေဖန်သုံးသပ်လျက် လူထု၏ တည့်မတ်ထိန်းကျောင်းမှုကို ခံယူကာ ပြည်သူကို အကာအကွယ်ပြုရန်၊ ပြည်သူမှ ယုံကြည်အားကိုးသော တပ်တော်ဖြစ်ရန် ကြိုးစားမည်ဟု တပ်တော် ၂နှစ်ပြည့်တွင် သဘောထားထုတ်ပြန်သည်။

လက်နက်လူအင်အားကို အခြေတည်လျက် နိုင်ငံ့ဩဇာအာဏာ တည်ဆောက်မှုနှင့် လူမျိုးကြီးဝါဒ ကျင့်သုံးမှုကို လုပ်ဆောင်မည်မဟုတ်ကြောင်း CDF – အရှိုက ဆိုသည်။

စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းရန်၊ အဖိနှိပ်ခံ ပြည်သူတရပ်လုံးကို ကာကွယ်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

ချင်းတော်လှန်ရေးတပ်ဖွဲ့ CNO/ CNDF နှင့် စစ်အုပ်စုတို့ တွေ့ဆုံဆွေးနွေးခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 3, 2026

ဒေါ်အောင်ဆန်းစုကြည်ကို ICRC ဌာနေ တာဝန်ခံနှင့် တွေ့ဆုံခွင့် ပြုကြောင်း စစ်တပ်အစိုးရ ထုတ်ပြန်

August 3, 2026

စစ်တပ်မှ တိုက်လေယာဉ် ၁ စီးနှင့် ငှက်တစ်ကောင်တို့ တိုက်မှုဖြစ်ပွားပြီး တိုက်လေယာဉ် ပျက်ကျဟုဆို

August 3, 2026

ကျောင်းသူများအပေါ် လိင်အမြတ်ထုတ်မှုစွပ်စွဲချက် YCW ကျောင်းအုပ်ကြီးငြင်းဆို၊ တရားစွဲမည်ဟုခြိမ်းခြောက်တုံ့ပြန်

August 3, 2026

ကလေးမြို့တွင် နာရေးမှအပြန် စစ်တပ်ပစ်ခတ်မှုကြောင့် လူငယ်နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.