Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ကော်မရှင်က တီးတိန်မြို့‌မှာ ၄ ရက်ဆက်တိုက် အင်အားဖြည့်တင်း၊ စစ်ကြောင်းသစ်ဖွင့်မှုကြောင့် ပြည်သူများ ခရီးသွားလာခြင်း သတိပြုရန် PDF-Zoland တိုက်တွန်း

စစ်ကော်မရှင်က တီးတိန်မြို့‌မှာ ၄ ရက်ဆက်တိုက် အင်အားဖြည့်တင်း၊ စစ်ကြောင်းသစ်ဖွင့်မှုကြောင့် ပြည်သူများ ခရီးသွားလာခြင်း သတိပြုရန် PDF-Zoland တိုက်တွန်း

0
By Editor on October 30, 2025 Headline

(004SS)

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့မှာ စစ်ကော်မရှင်က ရဟတ်ယာဉ်ဖြင့် လေးရက်ဆက်တိုက် စစ်အင်အားများ ဖြည့်တင်းခဲ့သည်ဟု PDF- Zoland ထံမှ သိရသည်။

အောက်တိုဘာ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ တီးတိန်မြို့ပေါ်ရှိ ခလရ (၂၆၉) တပ်ရင်းသို့ စစ်ဘက်သုံး ရဟတ်ယာဉ် စုစုပေါင်း ၂၆ ကြိမ်အထိ ဆင်းသက်ခဲ့ပြီး စစ်အင်အားအများအပြားပို့ဆောင်ခဲ့သည်ဟု သိရသည်။

ယမန်နေ့အောက်တိုဘာ ၂၉ တစ်ရက်တည်းတွင်ပင် ရဟတ်ယာဉ် ၉ ကြိမ်အထိ ဆင်းသက်ခဲ့ရာ တပ်သားအင်အား၊ လက်နက်ခဲယမ်းနှင့် စစ်သုံးပစ္စည်းများ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

ထို့အပြင် အောက်တိုဘာ ၂၉ ရက်နေ့တွင် တီးတိန်မြို့မှ တီးတိန်-ကလေးလမ်းမပေါ်ရှိ ဆဲဇန် (Sezang) ကျေးရွာဘက်သို့ စစ်မျက်နှာသစ် ဖွင့်လှစ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်းလည်း ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဖြစ်သော PDF-Zoland က အတည်ပြုထုတ်ပြန်သည်။

ထို့ကြောင့် ဒေသခံ ပြည်သူများနှင့် ခရီးသွားများအနေဖြင့် လုံခြုံရေးအရ အသက်အန္တရာယ် မကြုံစေရေး သတိရှိစွာ သွားလာကြရန်နှင့် ဖြစ်နိုင်ပါက ခရီးသွားလာခြင်း လုံးဝရှောင်ရှားရန် PDF-Zoland က အလေးအနက် တိုက်တွန်းထားသည်။

လက်ရှိတွင်လည်း တီးတိန်မြို့နယ်၊ စီးယင်ဒေသ၊ သိုင်းငင်းကျေးရွာကို စစ်ကော်မရှင်တပ်က အင်အားရာချီဖြင့် ကလေးနှင့် တီးတိန်ကနေ နှစ်ဖက် ညှပ်ပြီး စစ်ကြောင်းထိုးလာသောကြောင့် မွာလ်ပီးကျေးရွာအနီးတွင် ယမန်နေ့က ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲစတင်ဖြစ်ပွားနေကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

ကလေးမြို့မှာ စစ်မှုထမ်းရန် လူငယ်များဖမ်းဆီးမှု ဆက်လက်ရှိနေ

ဟားခါးမြို့နယ် လေကြောင်းဗုံးကြဲခံရမှုတွင် ပြင်းထန်ဒဏ်ရာရရှိသည့် ဖခင်ဖြစ်သူပါ ထပ်မံသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.