Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်တပ်ယန္တရား ရပ်တန့်ရန် မတူပီမြို့သို့ စက်သုံးဆီသယ်ခွင့် CDF ကပိတ်ထား၊ စစ်ကောင်စီတပ်က ကုန်ကား ၁၀ စီးကို ကုန်ချခွင့်မပြုပဲ ဖမ်းဆီး

စစ်တပ်ယန္တရား ရပ်တန့်ရန် မတူပီမြို့သို့ စက်သုံးဆီသယ်ခွင့် CDF ကပိတ်ထား၊ စစ်ကောင်စီတပ်က ကုန်ကား ၁၀ စီးကို ကုန်ချခွင့်မပြုပဲ ဖမ်းဆီး

0
By Editor on December 6, 2021 Headline

ချင်းပြည်နယ် မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ယန္တရားလည်ပတ်မှု ရပ်တန့်စေရန်အတွက် မတူပီမြို့သို့ စက်သုံးဆီသယ်ယူခွင့်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Matupi) က ပိတ်ပင်ထားသည်ဟု သိရသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၂၅ ရက်နေ့ကစ၍ စက်သုံးဆီသယ်ယူခွင့်ကို CDF-Matupi က ပိတ်ပင်ထားခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကားဖြင့် ယာဉ်မလှည့်နိုင်အောင်၊ ထိုးစစ်ဆင်လာသည့်အခါ ယာဉ်အသုံးမပြုနိုင်ရန်နှင့် စစ်တပ် စက်ယန္တရားများ မလည်ပတ်နိုင်အောင်တားဆီးခြင်းဖြစ်သည်ဟု CDF-Matupi တပ်ရင်း (၂) မှ ပြန်ကြားရေးတာဝန်ခံကေ ပြာသည်။

“စစ်တပ်ယန္တရားမလည်ပတ်နိုင်အောင်ပေါ့၊ ဒီဇယ်ဆီတွေ ဓာတ်ဆီတွေပိတ်တယ်၊ ကျနော်တို့ကပေးမဝင်ခိုင်းဘူး၊ အဓိကတော့ စစ်သားတွေ ကားတွေနဲ့ယာဉ်မလှည့်နိုင်အောင်၊ ကျနော်တို့ဘက်ကိုထိုးစစ်ဆင်လာတဲ့အခါကျရင် ယာဉ်တွေဘာတွေအသုံးပြုလို့မရအောင်ပေါ့၊ အဓိကတော့ ဆီတွေကိုပိတ်ထားရတာပေါ့” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံ ကပြောသည်။

CDF-Matupi တပ်ဖွဲ့အနေဖြင့် ဟားခါး – မတူပီလမ်းမှတဆင့် တက်လာသော ကုန်ကားများကို စစ်ဆေး များပြုလုပ်ကာ စစ်ကောင်စီတပ်ရင်းအတွက် သယ်ဆောင်လာသော ကုန်ပစ္စည်းများတွေ့ရှိပါက ကျေးရွာ ပြည်သူများထံ ပြန်လည် ရောင်းချပေးစေသည့်အပြင် တစ်ပတ်အတွင်း စက်သုံးဆီပေပါ နှစ်ရာနီးပါးကို ဖမ်းဆီးထားကြောင်း ၎င်းကဆက်ပြောသည်။

“ဆီက ကျွန်တော်တို့ ပိတ်တဲ့ဟာက တပတ်အတွင်းကို ဂါလံ ငါးဆယ်ဆံ့ ပေပါပေါင်း ၁၇၀ ကျော်တော့ရှိပြီ၊ ဆီတွေကို အပိုင်သိမ်းဖို့ ရည်ရွယ်ချက်မရှိဘူး မြို့ထဲကိုဆီမရောက်ဖို့ဖြစ်တော့ ကားသမားတွေကို ပြန်ပေးတယ်၊ ရွာခံတွေကို သူတို့သတ်မှတ်တဲ့စျေးနဲ့ သူတို့ရောင်းတယ်ပိုတဲ့ဟာကျတော့ သူတို့ပြန်သယ်သွားပေါ့၊ အခု ၆၀ ကျော်လောက်ပဲကျန်တယ်” ဟု CDF-Matupi တပ်ရင်း (၂) မှ ပြန်ကြားရေးတာ ဝန်ခံက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် လောင်စာဆီများကို မတူပီမြို့ပေါ်ရှိ ဆီကုန်သည်များ၏ အမည်ကိုအသုံး၍ သယ်ဆောင်မှုများရှိသည့်အပြင် မတူပီမြို့သို့လောင်စာဆီများရောက်ရှိသည့်အခါ မျှပေးဖို့ တောင်းခံလေ့ရှိသည်ဟုလည်း သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ် ရိက္ခာနှင့် လောင်စာဆီများ ဖြတ်တောက်ခံရသည့်အတွက် မတူပီမြို့သို့ အခြေခံစားသောက်ကုန်ရိက္ခာများ သယ်လာသည့် ကုန်တင်ကား ၁၀ စီးကို စစ်တပ်က ဖမ်းဆီးထားသည်ဟု သိရသည်။

“ကုန်ကား ၇ စီးက ကျနော်တို့ဒီမှာစစ်ဆေးပြီးတော့မှ ကုန်တွေပဲ ဆီတွေမပါတော့ မတူပီထဲကိုပေးဝင်တာ အဲဒါကို မတူပီပြည်သူတွေမှာထားတဲ့သူတွေကလည်း ပစ္စည်းတစ်ခုမှမရသေးဘူး မနေ့တုန်းက ၃ စီးနဲ့ဆိုရင် ၁၀ စီးရှိသွားပြီ၊ စစ်တပ်ထဲမှာပဲရှိသေးတယ် ကုန်လည်းမချရဘူး ဘာမှမလုပ်ရဘူး စစ်တပ်ထဲမှာကားကိုဒီတိုင်းရပ်ခိုင်းထားတာ၊ သူတို့စစ်တပ်ထဲမှာဝင်မယ့် ရိက္ခာတွေ ကျနော်တို့ဖြတ်ထားတာရယ်၊ ဆီတွေပေးမဝင်တော့ ဆီမရှိတော့ သူတို့ယန္တရားက မလည်ပတ်နိုင်တော့ဘူး” CDF-Matupi ပြန်ကြားရေးတာဝန်ခံကပြောသည်။

အဆိုပါကုန်ကား ၁၀ စီးကို မတူပီမြို့အဝင် ၁၀၄ တပ်ရင်းထဲတွင်ထားရှိကာ ဒီဇင်ဘာလ ၂ ရက်နေ့က ကုန်ကား ၂ စီးကို ပြန်လွှတ်ပေးလိုက်ပြီး စစ်တပ်က ၎င်းတို့၏ စက်သုံးဆီများအား ပြန်ပေးရန် ပြန်မပေးပါက ကုန်တင်ကားနှင့် ကုန်ပစ္စည်းများကို ပြည်သူပိုင်အဖြစ်သိမ်းဆည်းမည်ဖြစ်ကြောင်း CDF ထံသတင်းစကားပါးလိုက်သည်ဟု သူကဆက်ပြောသည်။

မတူပီမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နှင့် CDF-Matupi တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က သေဆုံးမှုရှိခဲ့သည့်နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ဖြင့် စစ်အင်အားဖြည့်တင်းကာ ညအချိန်တွင်လည်း လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပလက်ဝမြို့နယ်၊ ရှင်းလက်ဝ မှာ ကုန်သည်အပါအဝင် ဒေသခံ ၃၀၀ ခန့် ပြင်းထန်ဝမ်းရောဂါ ကူးဆက်မှု ဖြစ်ပွားနေ

ရွေးကောက်ပွဲ အပိုင်း ၃ တွင် ပါဝင်လာနိုင်ချေရှိသည့် ချင်းမြောက်ဒေသကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေ

သိုင်းငင်းအနီးတဝိုက် တိုက်ပွဲများကြောင့် ဒေသခံ ၂၀၀၀ ကျော် စစ်ဘေးရှောင်နေရ၍ အရေးပေါ်အကူအညီ လိုအပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.