Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်တပ်ယန္တရား ရပ်တန့်ရန် မတူပီမြို့သို့ စက်သုံးဆီသယ်ခွင့် CDF ကပိတ်ထား၊ စစ်ကောင်စီတပ်က ကုန်ကား ၁၀ စီးကို ကုန်ချခွင့်မပြုပဲ ဖမ်းဆီး

စစ်တပ်ယန္တရား ရပ်တန့်ရန် မတူပီမြို့သို့ စက်သုံးဆီသယ်ခွင့် CDF ကပိတ်ထား၊ စစ်ကောင်စီတပ်က ကုန်ကား ၁၀ စီးကို ကုန်ချခွင့်မပြုပဲ ဖမ်းဆီး

0
By Editor on December 6, 2021 Headline

ချင်းပြည်နယ် မတူပီမြို့အခြေစိုက် စစ်ကောင်စီတပ်ယန္တရားလည်ပတ်မှု ရပ်တန့်စေရန်အတွက် မတူပီမြို့သို့ စက်သုံးဆီသယ်ယူခွင့်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Matupi) က ပိတ်ပင်ထားသည်ဟု သိရသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၂၅ ရက်နေ့ကစ၍ စက်သုံးဆီသယ်ယူခွင့်ကို CDF-Matupi က ပိတ်ပင်ထားခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကားဖြင့် ယာဉ်မလှည့်နိုင်အောင်၊ ထိုးစစ်ဆင်လာသည့်အခါ ယာဉ်အသုံးမပြုနိုင်ရန်နှင့် စစ်တပ် စက်ယန္တရားများ မလည်ပတ်နိုင်အောင်တားဆီးခြင်းဖြစ်သည်ဟု CDF-Matupi တပ်ရင်း (၂) မှ ပြန်ကြားရေးတာဝန်ခံကေ ပြာသည်။

“စစ်တပ်ယန္တရားမလည်ပတ်နိုင်အောင်ပေါ့၊ ဒီဇယ်ဆီတွေ ဓာတ်ဆီတွေပိတ်တယ်၊ ကျနော်တို့ကပေးမဝင်ခိုင်းဘူး၊ အဓိကတော့ စစ်သားတွေ ကားတွေနဲ့ယာဉ်မလှည့်နိုင်အောင်၊ ကျနော်တို့ဘက်ကိုထိုးစစ်ဆင်လာတဲ့အခါကျရင် ယာဉ်တွေဘာတွေအသုံးပြုလို့မရအောင်ပေါ့၊ အဓိကတော့ ဆီတွေကိုပိတ်ထားရတာပေါ့” ဟု CDF-Matupi ပြန်ကြားရေးတာဝန်ခံ ကပြောသည်။

CDF-Matupi တပ်ဖွဲ့အနေဖြင့် ဟားခါး – မတူပီလမ်းမှတဆင့် တက်လာသော ကုန်ကားများကို စစ်ဆေး များပြုလုပ်ကာ စစ်ကောင်စီတပ်ရင်းအတွက် သယ်ဆောင်လာသော ကုန်ပစ္စည်းများတွေ့ရှိပါက ကျေးရွာ ပြည်သူများထံ ပြန်လည် ရောင်းချပေးစေသည့်အပြင် တစ်ပတ်အတွင်း စက်သုံးဆီပေပါ နှစ်ရာနီးပါးကို ဖမ်းဆီးထားကြောင်း ၎င်းကဆက်ပြောသည်။

“ဆီက ကျွန်တော်တို့ ပိတ်တဲ့ဟာက တပတ်အတွင်းကို ဂါလံ ငါးဆယ်ဆံ့ ပေပါပေါင်း ၁၇၀ ကျော်တော့ရှိပြီ၊ ဆီတွေကို အပိုင်သိမ်းဖို့ ရည်ရွယ်ချက်မရှိဘူး မြို့ထဲကိုဆီမရောက်ဖို့ဖြစ်တော့ ကားသမားတွေကို ပြန်ပေးတယ်၊ ရွာခံတွေကို သူတို့သတ်မှတ်တဲ့စျေးနဲ့ သူတို့ရောင်းတယ်ပိုတဲ့ဟာကျတော့ သူတို့ပြန်သယ်သွားပေါ့၊ အခု ၆၀ ကျော်လောက်ပဲကျန်တယ်” ဟု CDF-Matupi တပ်ရင်း (၂) မှ ပြန်ကြားရေးတာ ဝန်ခံက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် လောင်စာဆီများကို မတူပီမြို့ပေါ်ရှိ ဆီကုန်သည်များ၏ အမည်ကိုအသုံး၍ သယ်ဆောင်မှုများရှိသည့်အပြင် မတူပီမြို့သို့လောင်စာဆီများရောက်ရှိသည့်အခါ မျှပေးဖို့ တောင်းခံလေ့ရှိသည်ဟုလည်း သိရသည်။

ယခုကဲ့သို့ စစ်ကောင်စီတပ် ရိက္ခာနှင့် လောင်စာဆီများ ဖြတ်တောက်ခံရသည့်အတွက် မတူပီမြို့သို့ အခြေခံစားသောက်ကုန်ရိက္ခာများ သယ်လာသည့် ကုန်တင်ကား ၁၀ စီးကို စစ်တပ်က ဖမ်းဆီးထားသည်ဟု သိရသည်။

“ကုန်ကား ၇ စီးက ကျနော်တို့ဒီမှာစစ်ဆေးပြီးတော့မှ ကုန်တွေပဲ ဆီတွေမပါတော့ မတူပီထဲကိုပေးဝင်တာ အဲဒါကို မတူပီပြည်သူတွေမှာထားတဲ့သူတွေကလည်း ပစ္စည်းတစ်ခုမှမရသေးဘူး မနေ့တုန်းက ၃ စီးနဲ့ဆိုရင် ၁၀ စီးရှိသွားပြီ၊ စစ်တပ်ထဲမှာပဲရှိသေးတယ် ကုန်လည်းမချရဘူး ဘာမှမလုပ်ရဘူး စစ်တပ်ထဲမှာကားကိုဒီတိုင်းရပ်ခိုင်းထားတာ၊ သူတို့စစ်တပ်ထဲမှာဝင်မယ့် ရိက္ခာတွေ ကျနော်တို့ဖြတ်ထားတာရယ်၊ ဆီတွေပေးမဝင်တော့ ဆီမရှိတော့ သူတို့ယန္တရားက မလည်ပတ်နိုင်တော့ဘူး” CDF-Matupi ပြန်ကြားရေးတာဝန်ခံကပြောသည်။

အဆိုပါကုန်ကား ၁၀ စီးကို မတူပီမြို့အဝင် ၁၀၄ တပ်ရင်းထဲတွင်ထားရှိကာ ဒီဇင်ဘာလ ၂ ရက်နေ့က ကုန်ကား ၂ စီးကို ပြန်လွှတ်ပေးလိုက်ပြီး စစ်တပ်က ၎င်းတို့၏ စက်သုံးဆီများအား ပြန်ပေးရန် ပြန်မပေးပါက ကုန်တင်ကားနှင့် ကုန်ပစ္စည်းများကို ပြည်သူပိုင်အဖြစ်သိမ်းဆည်းမည်ဖြစ်ကြောင်း CDF ထံသတင်းစကားပါးလိုက်သည်ဟု သူကဆက်ပြောသည်။

မတူပီမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်နှင့် CDF-Matupi တို့ တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က သေဆုံးမှုရှိခဲ့သည့်နောက် ခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးတွင် စစ်ကောင်စီတပ်သား ၁၀၀ ကျော်ဖြင့် စစ်အင်အားဖြည့်တင်းကာ ညအချိန်တွင်လည်း လက်နက်ကြီးပစ်ခတ်သံများ ကြားနေရသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မြန်မာနိုင်ငံက စစ်ရှောင်များဆက်တိုက်ဝင်ရောက်လာမှု မီဇိုရမ်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာဟု ပြည်နယ်ဝန်ကြီးချုပ်ပြော

အသစ်ပေါ်ထွက်လာသော ခူမီးတပ်မတော် KPF/ KNCP က ပလက်ဝမြို့နယ်ရှိ ကျေးရွာ ၃ ရွာမှာ လူငယ် ၄၀ နီးပါးကို တပ်သားစုဆောင်း

မင်းတပ်မြို့ကို ထိုးစစ်ဆင်နေသော စစ်တပ်စစ်ကြောင်းသည် ကျောင်းသား ၁ ဦးအပါအဝင် ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.