Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ဘေးဒဏ်ကြောင့် ဘင်္ဂလားဒေရှ့်က ချင်း (ဇိုး) မျိူးနွယ်စု ၂၉၃ ဦး မီဇိုရမ်ပြည်နယ်တွင် ခိုလုံလျှက်ရှိ

စစ်ဘေးဒဏ်ကြောင့် ဘင်္ဂလားဒေရှ့်က ချင်း (ဇိုး) မျိူးနွယ်စု ၂၉၃ ဦး မီဇိုရမ်ပြည်နယ်တွင် ခိုလုံလျှက်ရှိ

0
By Editor on November 30, 2022 Khonumthung

ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွင် ဘင်္ဂလားဒေရှ့်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့က Kuki-Chin National Army (KNA) တပ်ဖွဲ့အား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံချင်း (ဇိုး) မျိုးနွယ်စု အမြောက်အများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရာ ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူ ၂၉၃ ဦးရှိသည်ဟု သိရသည်။

စစ်ဘေးရှောင်များသည် Bawm ချင်းမျိုးနွယ်စုများဖြစ်ကြပြီး မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင် Parva-၃ ကျေးရွာတွင် ခိုလုံလျှက်ရှိကာ အမျိုးသား ၁၃၂ ဦး၊ အမျိုးသမီး ၁၆၁ ဦး စုစုပေါင်း ၂၉၃ ဦးရှိပြီး ယင်းတို့ အနက်အသက် ၁၈ နှစ်အောက် ၁၄၈ ဦးပါဝင်သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင် ဖော်ပြသည်။

ယခုလက်ရှိတွင် ၎င်းတို့သည် Parva ကျေးရွာ ရပ်ရွာခန်းမဆောင်၊ အစိုးရအထက်တန်းကျောင်း၊ မိုကြိုကျောင်း၊ ကျန်းမာရေးဌာနအဆောက်အဦးတို့တွင် နေရာချထားကြပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို မီဇိုရမ်ပြည်နယ် အစိုးရအဖွဲ့နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တို့မှ လိုအပ်သောအစီအမံများ ဆောင်ရွက်ပေးခဲ့ကြသည်ဟု သတင်းစာကဆိုသည်။

လောင်းတလိုင်လူငယ်များအသင်း (CYLA) နှင့် Doctor without Borders အဖွဲ့မှတာဝန်ရှိသူများကလည်း နိုဝင်ဘာလ ၂၈ ရက်နေ့က Parva ကျေးရွာသို့သွားရောက်ကာ စစ်ဘေးရှောင်များအား အခမဲ့ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ကာ ဆေးဝါးနှင့် ရိက္ခာတချို့ကူညီထောက်ပံ့ပေးခဲ့ကြသည်ဟု သိရသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ (Chittagong Hill Tracts) တွင် ချင်း (ဇိုး) မျိုးနွယ်စု ၆ စု (Bawm, Miria, Khumi, Lushai, Khiang, Pang) တို့နေထိုင်ကြပြီး ၎င်းတို့၏ ယဉ်ကျေးမှုအသွင်အပြင်များ ထိန်းသိမ်းစောင့်ရှောက်ရန်၊ မြေယာသိမ်းပိုက်မှုကို ကာကွယ်ရန်နှင့် ခေတ်နောက်ကျသောဒေသနှင့် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတောင်တန်းဒေသရှိ လူ့အဖွဲ့အစည်းငယ်များ သဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းရေးကို ထူထောင်ရန် Kuki-Chin Development Organization (KNDO) ကို ၂၀၀၈ ခုနှစ်က ဖွဲ့စည်းခဲ့ကြသည်။

KNDO အနေဖြင့် ၂၀၁၅ ခုနှစ်တွင် စစ်တကောင်းတောင်တန်းဒေသမှ ချင်း (ဇိုး) မျိုးနွယ်စုများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အစိုးရအနေဖြင့် ဘတ်ဂျက်သီးသန့်ချပေးရန် တောင်းဆိုခဲ့ကြပြီး ယင်းကိစ္စကို ဘင်္ဂလားဒေရှ့်အစိုးရက အရေးတယူမလုပ်ဘဲ ပယ်ချခဲ့သည်ဟု သိရသည်။

ထို့ကြောင့် KNDO ကို Kuki-Chin National Army အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသက ၎င်းတို့၏ ဘိုးဘွားပိုင်နယ်မြေဖြစ်သော (Bhaichari၊ Juraichari၊ Borkol၊ Bilaichari၊ Rwangchari၊ Rwang chari၊ ၊ Ruma၊ Thanchi၊ Lama နှင့် Alikdam) ဒေသများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု သို့မဟုတ် “ကူကီး-ချင်းနယ်မြေပြည်နယ်” အဖြစ် သတ်မှတ်ရန် တိုက်ပွဲဝင်တောင်းဆိုလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကိစ္စကြောင့် ဘင်္ဂလားဒေရှ့်အစိုးရက Kuki-Chin National Army အား ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာသည့်အတွက် စစ်တကောင်းတောင်တန်းဒေသတွင် ဒေသတွင်း မတည်မငြိမ်မှု ဖြစ်လာရခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကာကီကျေးရွာမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ကလေးငယ်တစ်ဦးထပ်မံသေဆုံး

ပလက်ဝစစ်ဘေးရှောင်စခန်းမှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ၄ ဦးသေဆုံး

သိုင်းငင်းရွာကို ဝင်ရောက်လာသော စစ်ကော်မရှင်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှုများပြား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
November 6, 2025

ချင်းပြည်သူအပေါ် ကျနော့ရပ်တည်ချက်သည် – အတိတ်၊ ပစ္စုပ္ပန် နဲ့ အနာဂါတ် – ဘယ်တော့မှပြောင်းလဲမှာမဟုတ်”

September 2, 2025

မူးယစ်ကုန်သွယ်မှု မျက်နှာစာသစ် မြန်မာ- အိန္ဒိနယ်စပ်နဲ့ ချင်းတော်လှန်ရေးအပေါ် ရိုက်ခတ်မှု

August 2, 2025

စစ်တပ်၏ ဒုတိယစာမျက်နှာနှင့် ချင်းပြည်အပေါ် သက်ရောက်မှု

June 30, 2025

“ကျွန်မတို့ကို Refugees လို့မသတ်မှတ်တဲ့အတွက် Refugees တွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှကို ဆုံးရှုံးနေရတယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.