Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ဘေးဒဏ်ကြောင့် ဘင်္ဂလားဒေရှ့်က ချင်း (ဇိုး) မျိူးနွယ်စု ၂၉၃ ဦး မီဇိုရမ်ပြည်နယ်တွင် ခိုလုံလျှက်ရှိ

စစ်ဘေးဒဏ်ကြောင့် ဘင်္ဂလားဒေရှ့်က ချင်း (ဇိုး) မျိူးနွယ်စု ၂၉၃ ဦး မီဇိုရမ်ပြည်နယ်တွင် ခိုလုံလျှက်ရှိ

0
By Editor on November 30, 2022 Khonumthung

ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသတွင် ဘင်္ဂလားဒေရှ့်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့က Kuki-Chin National Army (KNA) တပ်ဖွဲ့အား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံချင်း (ဇိုး) မျိုးနွယ်စု အမြောက်အများ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရာ ယခုလက်ရှိတွင် စစ်ဘေးရှောင်ပြည်သူ ၂၉၃ ဦးရှိသည်ဟု သိရသည်။

စစ်ဘေးရှောင်များသည် Bawm ချင်းမျိုးနွယ်စုများဖြစ်ကြပြီး မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်ခရိုင် Parva-၃ ကျေးရွာတွင် ခိုလုံလျှက်ရှိကာ အမျိုးသား ၁၃၂ ဦး၊ အမျိုးသမီး ၁၆၁ ဦး စုစုပေါင်း ၂၉၃ ဦးရှိပြီး ယင်းတို့ အနက်အသက် ၁၈ နှစ်အောက် ၁၄၈ ဦးပါဝင်သည်ဟု မီဇိုရမ်နေ့စဉ်ထုတ် Vanglaini သတင်းစာတွင် ဖော်ပြသည်။

ယခုလက်ရှိတွင် ၎င်းတို့သည် Parva ကျေးရွာ ရပ်ရွာခန်းမဆောင်၊ အစိုးရအထက်တန်းကျောင်း၊ မိုကြိုကျောင်း၊ ကျန်းမာရေးဌာနအဆောက်အဦးတို့တွင် နေရာချထားကြပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို မီဇိုရမ်ပြည်နယ် အစိုးရအဖွဲ့နှင့် အစိုးရမဟုတ်သော အဖွဲ့အစည်း (NGO) တို့မှ လိုအပ်သောအစီအမံများ ဆောင်ရွက်ပေးခဲ့ကြသည်ဟု သတင်းစာကဆိုသည်။

လောင်းတလိုင်လူငယ်များအသင်း (CYLA) နှင့် Doctor without Borders အဖွဲ့မှတာဝန်ရှိသူများကလည်း နိုဝင်ဘာလ ၂၈ ရက်နေ့က Parva ကျေးရွာသို့သွားရောက်ကာ စစ်ဘေးရှောင်များအား အခမဲ့ကျန်းမာရေးစစ်ဆေးမှုပြုလုပ်ကာ ဆေးဝါးနှင့် ရိက္ခာတချို့ကူညီထောက်ပံ့ပေးခဲ့ကြသည်ဟု သိရသည်။

ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်းတောင်တန်းဒေသ (Chittagong Hill Tracts) တွင် ချင်း (ဇိုး) မျိုးနွယ်စု ၆ စု (Bawm, Miria, Khumi, Lushai, Khiang, Pang) တို့နေထိုင်ကြပြီး ၎င်းတို့၏ ယဉ်ကျေးမှုအသွင်အပြင်များ ထိန်းသိမ်းစောင့်ရှောက်ရန်၊ မြေယာသိမ်းပိုက်မှုကို ကာကွယ်ရန်နှင့် ခေတ်နောက်ကျသောဒေသနှင့် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းတောင်တန်းဒေသရှိ လူ့အဖွဲ့အစည်းငယ်များ သဟဇာတဖြစ်မှုနှင့် ငြိမ်းချမ်းရေးကို ထူထောင်ရန် Kuki-Chin Development Organization (KNDO) ကို ၂၀၀၈ ခုနှစ်က ဖွဲ့စည်းခဲ့ကြသည်။

KNDO အနေဖြင့် ၂၀၁၅ ခုနှစ်တွင် စစ်တကောင်းတောင်တန်းဒေသမှ ချင်း (ဇိုး) မျိုးနွယ်စုများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် အစိုးရအနေဖြင့် ဘတ်ဂျက်သီးသန့်ချပေးရန် တောင်းဆိုခဲ့ကြပြီး ယင်းကိစ္စကို ဘင်္ဂလားဒေရှ့်အစိုးရက အရေးတယူမလုပ်ဘဲ ပယ်ချခဲ့သည်ဟု သိရသည်။

ထို့ကြောင့် KNDO ကို Kuki-Chin National Army အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ဘင်္ဂလားဒေရှ့်နိုင်ငံ စစ်တကောင်း တောင်တန်းဒေသက ၎င်းတို့၏ ဘိုးဘွားပိုင်နယ်မြေဖြစ်သော (Bhaichari၊ Juraichari၊ Borkol၊ Bilaichari၊ Rwangchari၊ Rwang chari၊ ၊ Ruma၊ Thanchi၊ Lama နှင့် Alikdam) ဒေသများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခု သို့မဟုတ် “ကူကီး-ချင်းနယ်မြေပြည်နယ်” အဖြစ် သတ်မှတ်ရန် တိုက်ပွဲဝင်တောင်းဆိုလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယင်းကိစ္စကြောင့် ဘင်္ဂလားဒေရှ့်အစိုးရက Kuki-Chin National Army အား ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လာသည့်အတွက် စစ်တကောင်းတောင်တန်းဒေသတွင် ဒေသတွင်း မတည်မငြိမ်မှု ဖြစ်လာရခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ချင်းပြည်ကို ဖြတ်ကျော်နေပြီး ချင်း၊ ရခိုင်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးကြီးမည်

ထန်တလန်မြို့နယ်တွင် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ငါးဖမ်းခြင်း ပိတ်ပင်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
October 2, 2026

ရခိုင်ပြည်သူ အစုအပြုံလိုက်သေဆုံးရသော ကျောက်တော်ဗုံးကြဲခံရမှု CNF က အပြင်းအထန် ရှုတ်ချ

October 2, 2026

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တီးတိန်-ရိဒ်ကြား လမ်းပိုင်းဆိုးရွားစွာပျက်စီး

October 2, 2026

ချင်းပြည်မှာ သဘာဝဘေးဒဏ်နှင့် ရင်ဆိုင်နေရပြီဟု ချင်းလူမှုဖွံ့ဖြိုးရေးဝန်ကြီးပြော

September 30, 2026

မံဆောင်းတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တီးတိန်သို့ ပြန်လည်ဆုတ်ခွာ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.