Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး
ပုံစာ - ဒေါ်စန်အဲ

စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး ဆိုင်ကယ်တိုက်ခံရ၍ သေဆုံး

0
By Editor on September 8, 2025 Khonumthung

(005MK)

မီဇိုရမ်ပြည်နယ် အိုင်ဇောလ်ခရိုင် Sihhmui ကျေးရွာတွင် စစ်ဘေးရှောင်ချင်းအမျိုးသမီးတစ်ဦး တနင်္ဂနွေနေ့က ဆိုင်ကယ်တိုက်ခံရ၍ သေဆုံးခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ် မတူပီမြို့နယ် တင်လောင်းကျေးရွာမှ Sihhmui ကျေးရွာသို့ စစ်ဘေးရှောင်လာသော အသက် ၅၅ နှစ် အရွယ် ဒေါ်စန်အဲသည် စက်တင်ဘာ ၇ ရက် ည ၉ နာရီခွဲဝန်းကျင်တွင် ဘုရားကျောင်းမှအပြန် ဆိုင်ကယ်တိုက်ခံရခြင်းဖြစ်သည်ဟု The Matupi Times သတင်းဌာနကဖော်ပြသည်။

ဒေါ်စန်အဲသည် ဘုရားကျောင်းဆင်းပြီးနောက် နေအိမ်ရှေ့တွင် ရပ်နေစဉ်မှာ ဒေသခံအမျိုးသား ၂ ဦးစီးလာသော ဆိုင်ကယ်ဖြင့် အတိုက်ခံရကာ ထိုနေရာမှာပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆိုင်ကယ်ဖြင့် တိုက်သွားသည့် အမျိုးသား ၂ ဦးကိုလည်း တာဝန်ရှိသူများက ဖမ်းဆီးထိမ်းသိန်းထားပြီဟု သိရသည်။

ဒေါ်စန်အဲသည် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ၂၀၂၁ ခုနှစ်ကတည်းက မီဇိုရမ်ပြည်နယ်ဘက်သို့ စစ်ဘေးရှောင်လာသူဖြစ်ပြီး Sihhmui ကျေးရွာမှာ သား ၃ ယောက်နှင့်အတူ နေထိုင်ကြသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ Carmel တောင်တက်သည့် လူငယ်များ ဓားခုတ်ခံရမှုဖြစ်ပွား၊ နှစ်ဖက်စလုံးဒဏ်ရာရရှိ

ဟားခါးလူထုသပိတ်ခေါင်းဆောင် ဆလိုင်းငွန်ဆန်းအောင် ကွယ်လွန်

ခွင့်လွန်၊ ခွင့်မဲ့ဖြစ်နေသာ ရဲဘော်များ ဖေဖော်ဝါရီလကုန်မှာ ပြန်တာဝန်ထမ်းဆောင်ရန် CDF – KKG ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.