Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဆောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်၊ လသားအရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၇ ဦးသေဆုံး

ဆောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်၊ လသားအရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၇ ဦးသေဆုံး

0
By Editor on May 14, 2024 Khonumthung

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောမကျေးရွာကို ယနေ့ မေလ ၁၄ ရက်မွန်းလွဲပိုင်း ၃ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦးသေဆုံးကာ ၉ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့မွန်းလွဲပိုင်း ၃ နာရီခန့်တွင် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောမကျေးရွာကို ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၁၀ လုံးခန့်ပျက်စီးသွားခဲ့သည်ဟု ယောအလင်းတန်းကဖော်ပြသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်နှင့် ၅ နှစ်သားအရွယ်ကလေးငယ် ၂ ဦးနှင့် အမျိုးသမီး ၄ ဦးအပါအဝင် စုစုပေါင်း ၇ ဦးသေဆုံးကာ ၉ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ယခုလေကြောင်းတိုက်ခိုက်မှုသည် ဆောမြို့နယ်ထဲ တပတ်အတွင်း ဒုတိယအကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခံ ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် မေလ ၉ရက်နေ့ မနက် ၁၁ နာရီခန့်က ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၁၆ ဦး သေဆုံးကာ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

ဓာတ်ပုံ – ယောအလင်းတန်း

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကနေဒီတောင် တကျော့ပြန်စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှူး ၁ ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ ဦး ဖမ်းမိ

တီးတိန်မြို့လူနေရပ်ကွက်ထဲ စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲ၊ နေအိမ် (၂) လုံးပျက်စီး

ချင်းမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် အနိုင်ရကိုယ်စားလှယ်စာရင်း ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.