Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»ဆောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်၊ လသားအရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၇ ဦးသေဆုံး

ဆောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် ထပ်မံတိုက်ခိုက်၊ လသားအရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၇ ဦးသေဆုံး

0
By Editor on May 14, 2024 Khonumthung

မကွေးတိုင်း၊ ဆောမြို့နယ်၊ တောမကျေးရွာကို ယနေ့ မေလ ၁၄ ရက်မွန်းလွဲပိုင်း ၃ နာရီခန့်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လသားအရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦးသေဆုံးကာ ၉ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် ယနေ့မွန်းလွဲပိုင်း ၃ နာရီခန့်တွင် မြေပြင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောမကျေးရွာကို ဗုံးကြဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၁၀ လုံးခန့်ပျက်စီးသွားခဲ့သည်ဟု ယောအလင်းတန်းကဖော်ပြသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လသားအရွယ်နှင့် ၅ နှစ်သားအရွယ်ကလေးငယ် ၂ ဦးနှင့် အမျိုးသမီး ၄ ဦးအပါအဝင် စုစုပေါင်း ၇ ဦးသေဆုံးကာ ၉ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ယခုလေကြောင်းတိုက်ခိုက်မှုသည် ဆောမြို့နယ်ထဲ တပတ်အတွင်း ဒုတိယအကြိမ်မြောက် လေကြောင်းတိုက်ခိုက်ခံ ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် မေလ ၉ရက်နေ့ မနက် ၁၁ နာရီခန့်က ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ပြည်သူ ၁၆ ဦး သေဆုံးကာ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

ဓာတ်ပုံ – ယောအလင်းတန်း

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

မြန်မာလိဂ်မှာ ကစားနေသော Chinland FC မှ ချင်းကစားသမား တစ်ပတ်နီးပါးကြာ ပျောက်ဆုံးနေ

ကလေး- တီးတိန်- ဖလမ်း ကားလမ်းပိုင်း ဂိတ်ကြေးပေးဆောင်မှုများသောကြောင့် ကားခမြင့်တက်နေဆဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

August 28, 2026

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.