Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ညီအကိုအချင်းချင်းကြားပြန်လည်သင့်မြတ်ရေးအတွက် ဖမ်းဆီးထားသော CNO/CNDF-UCR အတွင်းရေးမှူးကို CDF-Hualngoram က ပြန်လွှတ်ပေး

ညီအကိုအချင်းချင်းကြားပြန်လည်သင့်မြတ်ရေးအတွက် ဖမ်းဆီးထားသော CNO/CNDF-UCR အတွင်းရေးမှူးကို CDF-Hualngoram က ပြန်လွှတ်ပေး

0
By Editor on August 25, 2025 Headline

(004SS)

ညီအကိုအချင်းချင်းကြား ပြန်လည်သင့်မြတ်ရေးအတွက် CDF-Hualngoram တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသော ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF- UCR ၏ အတွင်းရေးမှူး (၁) ကို ဩဂုတ်လ ၂၄ ရက် နေ့လည် ၂ နာရီခန့်တွင် ပြန် လည်လွှတ်ပေးလိုက်သည်ဟု သိရသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဟွာလ်းငိုးရမ်ဒေသ ရိခေါဒါရ်မြို့တွင် ဇူလိုင်လဆန်းပိုင်းက CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားကာ CNDF တပ်ဖွဲ့များ တပ်ပြန်ဆုတ်သွားပြီးနောက် ၃ ပတ်ခန့်အကြာ ဩဂုတ်လဆန်ပိုင်း ၅ ရက်‌နေ့မှာ CNO/CNDF- UCR ၏ အတွင်းရေးမှူး(၁) Lal Rohlu သည် ဟွာလ်းငိုးရမ်ဒေသို့ အရပ်ဝတ်ဖြင့် ပြန်လည်ဝင်ရောက်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။

“CNDF က Hualngoram ကို ကျူးကျော်တိုက်ခိုက်တဲ့အချိန်မှာ သူက Khuathlir ကနေ စစ်ကြောင်း ဦးဆောင်တဲ့ လူပေါ့ နော်။ သူ့ကိုကျတော့ ဩဂုတ်လ ၅ ရက်နေ့မှာ အရပ်ဝတ်နဲ့ ကျွန်တော်တို့ ဒေသကို ဝင်ရောက်လာတဲ့အခါမှာ ဖမ်းမိတာဖြစ် တယ်။ သူ့ကို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်တယ်။ သူတို့ရဲ့ပူးပေါင်းစစ်ဆင်ရေး၊ ကျူးကျော်တဲ့အပိုင်းကအစ အကုန်ဝန်ခံ သွားတယ်။ ဆိုတော့ ကျွန်တော်တို့ ညီအကိုခြင်း သင့်သင့်မြတ်မြတ်နဲ့ ပြန်ပြီး နေထိုင်ချင်လို့ သူ့ကို ချွင်းချက်မရှိ သူ့ရဲ့မိဘ တွေရှေ့မှာ လက်မှတ်ထိုးပြီး ပြန်လွှတ်ပေးတယ်။” ဟု CDF- Hualngoram ကာကွယ်ရေးဌာန အတွင်းရေးမှူးက ပြောသည်။

သူနှင့်အတူ အမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ၎င်းအမျိုးသားမှာ ဆိုင်ကယ်ကယ်ရီသမားဖြစ်ကာ အပြစ်မရှိ ကြောင်း ထင်ရှားသည့်အတွက် ရက်ပိုင်းအတွင်းမှာပင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့က အိန္ဒိယ-မြန်မာနယ်စပ် ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့တွင် CDF-Hualngoram တပ်ဖွဲ့နှင့် CNO/CNDF တို့ကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုတိုက်ပွဲအတွင်း CDF-Hualngoram တပ်ဖွဲ့က CNO/CNDF ရဲဘော် ၅ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသလို CNO/CNDF ဘက်ကလည်း CDF- Hualngoram ရဲဘော် ၄ ဦးနှင့် အရပ်သား ၁ ဦး၊ စုစုပေါင်း ၅ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းထားသည်ဟု သိရသည်။

လက်ရှိတွင် နှစ်ဘက်တပ်ဖွဲ့အကြား စစ်သုံ့ပန်းများ ပြန်လွှတ်ပေးရန်ပါအဝင် အပစ်ခတ်ရပ်ဆဲရေး ဆွေးနွေးညှိနှိုင်နေဆဲဟုလည်း သိရသည်။

CDF- Hualngoram ၏ ကာကွယ်ရေးဌာန၊ အတွင်းရေးမှူးက “ ကျွန်တော်တို့ စစ်ဆင်ရေးအတွင်း ဖမ်းမိတာ ၅ ယောက်ရှိတယ်။ အဲဒါက ကျွန်တော်တို့ တစ်ဖွဲ့ထဲက ဖမ်းတဲ့ဟာမဟုတ်တော့ သူတို့ကိုတော့ CNA ဌာနချုပ်မှာ အကုန်စုပြီးထားတယ်။ ကျွန်တော်တို့ သီးသန့်ဖမ်းတဲ့ဟာကျတော့ သူတို့ရဲ့ reserve Forces ၂ ယောက်‌ပေါ့၊ လွန်ခဲ့တဲ့ ၂ ပါတ်လောက်တုန်းက လွှတ်ပေးပြီးပြီ။ အခုလက်ရှိမှာ ကျွန်တော်တို့အနေနဲ့ CNDF တပ်ဖွဲ့ဖြစ်ဖြစ် သူတို့နဲ့ပါတ်သက်တဲ့သူ‌ ထိန်း သိမ်းထားတာ မရှိတော့ဘူး။ ဒါပေမဲ့ CNO/CNDF ဖမ်းတဲ့ ကျွန်တော်တို့ ရဲဘော် ၄ ဦးနဲ့ အရပ်သား ပါစတာတစ်ဦးကတော့ ကျွန်တော်တို့ဆီ ပြန်မရောက်သေးဘူး။ ဆိုတော့ စစ်သုံ့ပန်းလွှတ်ပေးဖို့ကိစ္စနဲ့ပါတ်သက်ပြီး ကျွန်တော်တို့ နှစ်ဖွဲ့ကြား ညှိနှိုင်းနေဆဲအနေအထားပဲ ရှိသေးတယ်။ ဘယ်ချိန်အထမြောက်မလဲဆို‌တာတော့ မသိရသေးဘူးပေါ့နော်။ ကျွန်တော်တို့အဖွဲ့ကြား ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပြီး သဘောတူညီချက်ရရှိပြီးနောက်ပိုင်းမှာတော့ ဖမ်းဆီးထားတဲ့ နှစ်ဘက်တပ်သားတွေ အမြန်ဆုံး လွှတ်ဖို့တော့ မျှော်လင့်ပါတယ်။”ဟု ပြောသည်။

CDF-Hualngoram နှင့် CNO/CNDF တို့တပ်ဖွဲ့အကြား အပစ်ခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှု များရှိနေသော်လည်း လက်ရှိတွင် သဘောတူ စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိသေးကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.