Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»တမူးခရိုင်၊ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် သိမ်းပိုက်၊ ရဲ ၂၁ ဦးကို အရှင်ဖမ်းမိ

တမူးခရိုင်၊ မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် သိမ်းပိုက်၊ ရဲ ၂၁ ဦးကို အရှင်ဖမ်းမိ

0
By Editor on May 11, 2024 Headline

စစ်ကိုင်းတိုင်း တမူးခရိုင်၊ တမူးမြို့နယ်၊ မြို့သစ်မြို့ရှိ စစ်ကောင်စီတပ်ဖွဲ့၏ အခိုင်အမာတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ယနေ့မေလ ၁၁ ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီလက်အောက်ခံ ရဲ ၂၁ ဦးကိုလည်း အရှင်ဖမ်းဆီးရမိသည်ဟု သိရသည်။

မြို့သစ်မြို့တွင် အခိုင်အမာတပ်စွဲထားသော အမှတ်-၂၂၈ ခြေလျင်တပ်ရင်း (ခလရ-၂၂၈)၊ SNA တပ်မဟာ-၈၉၁ (တပ်ရင်း-၃)၊ ကသည်းတပ်ဖွဲ့၊ ရဲ နှင့် ပျူစောထီး ပူးပေါင်းအင်အား (၂၅၀) ခန့်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မေလ ၇ ရက် နံနက် ၅ နာရီမှစတင်တိုက်ခိုက်ခဲ့ပြီးနောက် မေလ ၁၁ ရက်နေ့ မှာ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာန အမှတ်-၁ စစ်ဒေသက ယနေ့ညနေပိုင်းတွင်ထုတ်ပြန်သည်။

တမူးခရိုင်ကွပ်ကဲရေးမှူးက ဦးစီးပြီး တမူးခရိုင် တပ်ရင်း-၂၊ အထူးလှုပ်ရှား တပ်ရင်း-၉၊ ကူကီး အမျိုးသားတပ်မတော် KNA(B)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

တမူးမြို့နယ် ပကဖမှ ထောက်ပို့အနေဖြင့် ပါဝင်ခဲ့သည်။

တိုက်ပွဲအတွင်း ရဲ (၂၁) ဦး အလံဖြူပြ လက်နက်ချခဲ့ပြီး သေဆုံးနှင့် ဒဏ်ရာရစာရင်း အတည်မပြုနိုင် သေးကြောင်း အမှတ် – ၁ စစ်ဒေသကထုတ်ပြန်သည်။ ဖမ်းဆီးရမိသူများထဲတွင် စခန်းမှူး ရဲအုပ် ကျော်ကျော်နိုင်၊ ဒု-ရဲအုပ် ကျော်ကျော်လွင်၊ ဒု-ရဲအုပ် မျိုးသန့်တို့ ပါဝင်သည်ဟု သိရသည်။

စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ငယ် (၂၉) လက်၊ ၆၀ မမ (၁၂) လုံး၊ အီနာဂါ (၅) လုံး၊ ရှေ့ထွက်မိုင်း (၁) လုံး၊ Station Jammer (၃) ခု၊ ကျည်အိမ် (၃၄) ခုနှင့် ကျည်အချို့သိမ်းဆည်းရမိသည်ဟု သိရသည်။

ဓာတ်ပုံ – အမှတ် (၁) စစ်ဒေသ

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အထွေထွေကျပ်တည်းမှုဖြစ်လာ

သိုင်းငင်းလမ်း ပြန်ဖွင့်သော်လည်း စစ်ကော်မရှင်တပ်က ငွေကြေးအဆမတန် တောင်းခံနေသောကြောင့် ကုန်တင်ကားကြီးများသာ အဓိကသွားလာနေရ

ဖလမ်း၊ Khuangli ရွာက စစ်ကော်မရှင်စစ်ကြောင်း ချင်းပူးပေါင်းတပ် ထိုးစစ်ဆင် တိုက်ခိုက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

November 28, 2025

“ပေးဆပ်မှု ကြီးမားကြသူများ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.